မြန်မာနိုင်ငံအတွက် စာတန်၏ အကြံများ အထမမြောက်စေရန် ၀န်ခံဆုတောင်းခြင်း |
Proclaiming ‘Not Today’ to the Enemy: A Prayer for Myanmar
မြန်မာနိုင်ငံတွင် နောက်ဆုံးရရှိသော သတင်းများအရ မြန်မာနိုင်ငံရဲ့ အထင်ကရမြို့ကြီး၊ ပြကြီးများမှ ပြည်သူများဟာ မိမိအိုးအိမ်ကိုစွန့်ပြီး အခြား မြို့ရွာများသို့ ရှောင်တိမ်းနေရပြီး အချို့မြို့မှာ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီ ဖြစ်ပါတယ်။ ထို့ပြင် တိုင်းဒေသကြီးရဲ့ မြို့များမှာလည်း မငြိမ်သက်မှုနှင့် လူများ၏ နှလုံးသည် တုန်လှုပ်လျက်ရှိနေပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၀း၁၀ တွင် “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းအဖို့အလို့ငှာ လာ၏” လို့ပြောတဲ့အတိုင်း ရန်သူတော်ဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ နှလုံးသားကို ဖျက်ဆီးချင်ရုံမက ခန္ဓာအသက်ကိုပါ နှုတ်ယူ ဖျက်ဆီးဖို့ နေ့ညမပြတ်လုပ်ဆောင် နေတုန်းပါ။ အခုလိုအချိန်မျိုးမှာ ယုံကြည်သူများ အနေဖြင့် ဆာလံ ၂၃ မှာ ရေးထားတဲ့အတိုင်း “သေမင်း၏အရိပ်
လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရ သော်လည်း ဘေးအန္တာရယ်ကိုမကြေက်ပါ” ဆိုတဲ့ နှုတ်ကပါတ်တော်ပေါ် ရပ်တည်ပြီး အသက်ပေါင်းများစွာအတွက် ကိုယ်စားပြု ဆုတောင်းဖို့ ဖြစ်ပါတယ် ။ယနေ့တဖန် အတူ ဆုတောင်းကြရအောင်။
“ကောင်းကင်ဘုံအဖ
ကမ္ဘာမတည်မရှိမှီကပင်လျှင် လူ့ဉာဏ်နှင့် မမှီနိုင်သော ကိုယ်တော်၏မြန်မာနိုင်ငံအတွက် အကြံအစည်တော်ကိုလည်း သားသမီးတို့ အနေဖြင့် မမြင်ရသေး သော်လည်း ယုံကြည်လျက် ကိုယ်တော်ပြုဦးမည့် အမှုများအတွက် ကြိုတင်ကျေးဇူးတော် ချီးမွမ်းပါ၏။
ယနေ့ မြန်မာနိုင်ငံအခြေအနေများအတွက် ညှိုးငယ်စွာဖြင့်ကျေးဇူးတော်ပလ္လင်တော်ရင်းသို့ ချည်းကပ်ဆုတောင်းကြပါ။ “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း” ဟူသော နှုတ်ကပါတ်တော်အပေါ် ရပ်တည်ဆုတောင်းကြပါ၏။
ယနေ့မြန်မာနိုင်ငံပြည်သူ၊ပြည်သားများအသက်ဘေးမှ လွတ်မြောက်ပြီး ဘေးအန္တာရယ်ပေါင်းမြောက်များစွာမှ ကယ်တင်ခြင်းခံရပါစေ။ အဆိုးဆုံးကာလတွင် ကျွန်ုပ်တို့အသက်ဘေးလွတ်ရုံမက ပြည့်၀သော အသက်ဖြစ်သည့် ဝိညာဉ်တွင် အစဉ်အလိုအပ်ဆုံးဖြစ်သော ဝိညာဉ်အသက် ထာ၀ရစီရင်ခြင်းမှ လွတ်မြောက်ဖို့လည်းဆု တောင်းပါ၏။ မြန်မာပြည်ရှိ ရန်သူ၏မုသာတွင် ဖမ်းချုပ်၊ ချည်နှောင်ခံ ရသောဝိညာဉ်များအားလုံးလွတ်စေ။ အသက်နှင့်ပြည့်၀စေ။ ထာ၀ရအသက်ရစေ။
“အကယ်၍ သေမင်း၏ အရိပ် လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရ သော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။” ဟု ဆာလံကျမ်းလာ နှုတ်ကပါတော်အပေါ်
ယနေ့ မိမိအသက်တာ အန္တာရယ်အလယ်၌ ကျရောက်သောသူများအတွက် ဆုတောင်းကြ ပါ၏။ သူတို့၏အသက်တာ၌ ကိုယ်တော်၏အ တူပါရှိခြင်းထင်ရှားပြတော်လျက် ကြောက်ခြင်းသည် ပျောက်ကွယ်သွားပါစေ။ သူတို့၏ ကျောကိုလုံစေ၍ ရှေ့ဆက်ရန် လမ်းကို ပွင့်စေပါ။
ယနေ့စာတန်မာရ်နတ်၏ အကြံများ အထ မမြောက် စေရန် ယေရှုနာမ၌ ကြေငြာကြပါ၏။
Recent news from Myanmar indicates that residents of key cities and major towns are fleeing their homes and seeking refuge in other areas. Communication lines have been cut off in some cities, and unrest continues to shake the region. This has caused significant distress and fear among the population.
Drawing inspiration from John 10:10, where it is stated, “The thief comes only to steal and kill and destroy,” the enemy is constantly working to steal, destroy, and take lives. In these challenging times, believers can find solace and strength in Psalm 23, which assures that even when walking through the darkest valleys, there is no need to fear danger, for God is with us. It encourages the faithful to stand firm in their faith and pray for protection and peace.
Let us join together in prayer:
“Heavenly Father,
Even before the foundation of the world, Your wisdom and plans for Myanmar are beyond human understanding. As Your children, we may not yet see Your plans for Myanmar, but we trust in Your works for the future and thank You in advance.
Today, we humbly come before Your throne of grace to pray for the current situation in Myanmar. Standing on Your word, ‘The thief comes only to steal and kill and destroy; I have come that they may have life, and have it to the full,’ we pray for Your intervention.
We pray for the safety and deliverance of the people of Myanmar from all dangers. Not only do we ask for physical safety, but also for the fullness of life, the eternal life that comes from You. Free the souls trapped in the enemy’s lies and grant them abundant life.
‘Even though I walk through the valley of the shadow of death, I will fear no evil, for You are with me; Your rod and Your staff, they comfort me.’ Today, we pray for those in the midst of danger, that Your presence be evident in their lives, dispelling all fear. Protect their backs and open a path before them.
We declare today that the works of Satan and his plans will not prevail. Not today.
In the name of Jesus.
Amen.”


