This will continue until we all come to such unity in our faith and knowledge of God’s Son that we will be mature in the Lord, measuring up to the full and complete standard of Christ. Eph 4:13 (NLT)
*Heavenly Father, thank You for the glorious hope You promised through Your perfect plan of redemption and for sending Jesus to fill the entire universe with your supremacy
*Dear Lord, thank you for bringing us into Our heavenly family, our church and granting us different gifts to attain the unity You intend for your people.
*Lord, please help us to grow in our faith in You, to live in unity with our brothers and sisters in Christ and to increase knowledge of our Lord and Savior, Jesus Christ.
*Father, help us build character in your likeness and live a life looking upon the measure of the stature of the fullness of Christ.
In Jesus’ name, AMEN.
ဧဖက် ဩဝါဒစာ ၄:၁၃ အားဖြင့် ဆုတောင်းခြင်း
ငါတို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏သားတော်ကိုသိခြင်းတို့၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်၏ပြည့်စုံခြင်းအတိုင်းအတာပမာဏသို့ရောက်သည့်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကိုတည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ရှင်းသူတို့ကို ပြင်ဆင်ထားရန်ဖြစ်၏။ ဧဖက် ၄:၁၃ (MSBU)
*ကောင်းကင်ဘုံရှင်အဘ၊ ကိုယ်တော်၏စုံလင်သော ရွေးနှုတ်ခြင်းအားဖြင့် ဘုန်းကြီးမြတ်လှသော မျှော်လင့်ခြင်း ကတိတော် ပြုခဲ့သောကြောင့်သော်လည်းကောင်း၊ စကြဝဠာတစ်ဝှမ်းလုံး ကိုယ်တော်၏ မြင့်မြတ်မှုဖြင့် လွှမ်းခြုံရန် ယေရှုကို စေလွှတ်ခြင်းကြောင့်လည်းကောင်း ကျေးဇူးအထူးတင်ကြပါတယ်။
*ချစ်လှစွာသော ဘုရားသခင်၊ ကျွန်ုပ်တို့၏ ကောင်းကင်မိသားစုဖြစ်သော အသင်းတော်သို့ ကျွန်ပ်တို့ကို ခေါ်ဆောင်လာပြီး ကိုယ်တော်၏လူမျိုးအတွက် ကိုယ်တော့်အကြံအစည်အတိုင်း စည်းလုံးညီညွတ်မှု အတွက် ကြိုးပမ်းရန် အမျိုးမျိုးသော ဆုကျေးဇူးများကို ပေးအပ်ထားတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
*သခင်ဘုရား၊ ကိုယ်တော်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေရန်၊ ခရစ်တော်၌ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများနှင့် စည်းလုံးညီညွတ်စွာနေထိုင်ရန်နှင့် ကျွန်ုပ်တို့၏သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌ အသိပညာတိုးပွားစေရန် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ ကူညီပေးပါ။
*ခမည်းတော်ဘုရား၊ ကိုယ်တော်၏သဏ္ဍာန်တော်နှင့် အညီ ကျွန်ပ်တို့ကို တည်ဆောက်ကာ ခရစ်တော်၏ ပြီးပြည့်စုံသည့် အကျင့်စရိုက်လက္ခဏာကို မျှော်ကြည့်အသက်ရှင်သူများဖြစ်ဖို့ မစတော်မူပါ။
ယေရှုနာမတော်မြတ်ကို အမှီပြုလျက် ဆုတောင်းကြပါ၏၊ အာမင်။


