Mother’s love is an example of selfless devotion demonstrating God’s love for his children. Undeniably, the gift of motherhood is not for everyone. We deeply appreciated their loving sacrifice as mothers, both biologically and spiritually, and of all the mother figures who nurture us in God’s ways.
Join us in praying for all the mothers out there with the following bible verses that God will bless them with joy, strength, and love to continue the great work they have been doing.
1. The Lord bless you and keep you; the Lord make his face to shine upon you and be gracious to you; the Lord turn his face toward you and give you peace. Numbers 6:24-26 (NIV)
2. “May God give you the desire of your heart, and make all your plans succeed. Psalm 20:4 (NIV)
3. “May God our Father and the Lord Jesus Christ give you grace and peace.” Ephesians 1:2 (GNT)
4. “And this is my prayer: that your love may abound more and more in knowledge and depth of insight, so that you may be able to discern what is best and may be pure and blameless for the day of Christ, filled with the fruit of righteousness that comes through Jesus Christ—to the glory and praise of God.” Philippians 1:9-11 (NIV)
မိခင်များအတွက် ဆုတောင်းချက်
မိခင်၏ချစ်ခြင်းမေတ္တာသည် မိမိသားသမီးများအပေါ် ဘုရားသခင်၏မေတ္တာကို ပြသသည့် ကိုယ်ကျိုးမဖက်သော ဆက်ကပ်မှု၏ ဥပမာတစ်ခုဖြစ်သည်။ မိခင်ဖြစ်ခြင်းဆုကျေးဇူးဟူသည် လူတိုင်း ရရှိနိုင်ခြင်းမရှိသည်မှာ ငြင်းဆို ဖွယ်ရာ မရှိပေ။ မွေးမိခင်နှင့် ဝိညာဉ်ရေးမိခင် နှစ်ရပ်စလုံးအဖြစ် ကျွန်ုပ်တို့ကို ဘုရားသခင် နည်းလမ်းအတိုင်း ပြုစုပျိုးထောင်ပေးသော မိခင်များနှင့် မိခင်တစ်ဉီးအလား ပြုစုပျိုးထောင်ပေးသောသူတို့၏ မေတ္တာဖြင့် စွန့်လွှတ် အနစ်နာခံမှုကို ကျွန်ုပ်တို့ အလေးအနက် ကျေးဇူးတင်ကြပါသည်။
သူတို့လုပ်ဆောင်နေသည့် ကြီးမြတ်သော အမှုကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဘုရားသခင်သည် သူတို့ကို ရွှင်လန်းခြင်း၊ ခွန်အားနှင့် မေတ္တာဖြင့် ပတ်ရစ် ကောင်းချီးပေးရန် ကျွန်ပ်တို့နှင့်အတူ အောက်ပါကျမ်းပိုဒ်များ အခြေပြုပြီး မိခင်အားလုံးအတွက် ဆုတောင်းပေးရန် ဖိတ်ခေါ်အပ်ပါသည်။
၁။ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေး၍ စောင့်ထိန်းတော်မူပါစေသော။ ထာဝရဘုရားသည် သင့်အပေါ် မျက်နှာတော်အလင်းကို ထွန်းလင်းစေ၍ ကရုဏာသက်တော်မူပါစေသော။ ထာဝရဘုရားသည် သင့်ဘက်သို့ မျက်နှာတော်ကို လှည့်၍ သင့်အား ငြိမ်းချမ်းမှုကိုပေးတော်မူပါစေသော’ဟု ကောင်းချီးပေးရမည်။ တောလည်ရာကျမ်း ၆း၂၄-၂၆(MSBU)
၂။ ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပ ါစေသော။ ဆာလံ ၂၀း၄(MSBU)
၃။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိ ပါစေသော။ ဧဖက် ၁း၂(MSBU)
၄။ သင်တို့၏ချစ်ခြင်းမေတ္တာသည် စစ်မှန်သောအသိပညာနှင့် ထိုးထွင်းဉာဏ်အမျိုးမျိုးတို့၌ ပို၍ပို၍ ပြည့်စုံလာ သဖြင့် မြင့်မြတ်သည့်အရာများကို သင်တို့ပိုင်းခြားသိရှိနိုင်မည့်အကြောင်းနှင့် သင်တို့သည် ခရစ်တော်၏ နေ့ရက် ကာလ၌ ဖြူစင်လျက် အပြစ်တင်စရာကင်းသောသူဖြစ်ကာ ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်း အသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ ရောက်မည့် အကြောင်း ငါဆုတောင်း၏။
ဖိလိပ်ပိသွဝါဒစာ ၁း၉-၁၁(MSBU)


