ချီးမွမ်းခြင်းနှိုးထမှုရှိလာရန် ဆုတောင်းချက် | Prayer for Revival of Praise
တစ်စုံတစ်ဦးက သင့်ကို “ရွှင်ရွှင်လန်းလန်း ကခုန်၊သီချင်းဆိုပြီး အားရပါးရ ချီးမွမ်းတာ ဘယ်တုန်းက နောက်ဆုံးလဲ”ဟု မထင်မှတ်ထားသည့်အချိန် မေးလာလျှင် သင်ဘယ်လိုဖြေမလဲ။ ရိုးသားစွာ ဝန်ခံမည်ဆိုပါက မိမိအဖြေပေါ် မိမိကိုယ်တိုင်ပင် အားမရဟုဝန်ခံရပါမည်။
အသင်းတော်များ နှင့် သာသနာအသီးသီး၏အဖြေသည် အနည်းငယ်ကွဲပြားနိုင်သော်လည်း မြန်မာပြည်တစ်၀န်း ယေဘုယျအားဖြင့် ယခုလက်ရှိအခြေအနေအမျိုးမျိုးကြောင့် လွတ်လပ်စွာကိုးကွယ်ခြင်း၊ မိဿဟာပြု အစီအစဉ်မ ရှိနိုင်တော့သော အသင်းတော်ကြီးငယ်ပေါင်းများစွာလည်း ရှိနေပါသည်။ လူငယ်မိဿဟာယ၊ ဝတ်ပြု အစီအစဉ် မရှိနိုင်တော့သော အသင်းတော်များစွာလည်း ရှိလေပြီ။
လူချင်းတွေ့လျက် ပရိသတ်များစွာဖြင့် မိဿဟာယစုံစုံညီညီ၊ မိသားစုစုံလင်စွာဖြင့် အသင်းတော်မိသားစုများ အရင်ကဲ့သို့ စုဝေးမရနိုင်သည့်အချိန်၊ အခြေအနေများ၏ ဖိစီးခံရခြင်းတို့ကြောင့် ကျွန်ုပ်တို့၏ ချီးမွမ်း သီချင်းဆိုခြင်းများသည်လည်း အရှိန်လျော့ကျခဲ့သည်။ ရန်သူတော်သည် ယုံကြည်သူများ နာမတော်၌ သဘော တူညီ၍စုဝေး၍ပြုသော ပဌနာ၊ နံဝိညာဉ်နှင့်အကြွင်းမဲ့ကိုးကွယ်ခြင်းကို အလွန်ကြောက်ရွံ့သောကြောင့် ကျွန်ုပ်တို့တိတ်ဆိတ်သွားစေရန်၊ နှုတ်ပိတ်ထားစေရန် စဉ်ဆက်မပြတ်ကြိုးစားနေကြောင်း သိသာသည်။
ယနေ့ ယုံကြည်သူ၏ချီးမွမ်းသံ၊ ယုံကြည်ခြင်းအောင်လံပြန်လည်လွှင့်ထူနိုင်ဖို့ ဆုတောင်းလျက် ဝန်ခံ ကြွေးကြော်ကြရအောင်။
“ကိုယ်တော်ဘုရား ယခုကာလတွင် တိုင်းပြည်သည် ငိုကြွေးမြည်တမ်းလျက် ပြင်ပပတ်ဝန်းကျင် အခြေအနေကို ကြည့်သော် ဝမ်းမြောက်စရာအခွင့်ဆုံးရှုံးလျက်နေရပါ၏။ အရွယ်ကောင်းသူများအချို့ မိဘနေအိမ်ကိုစွန့်ရလျက်၊ အချို့တို့ မိမိတိုင်းပြည်ကိုစွန့်သည်ကာလတွင် ကိုးကွယ်ရာမရဖြစ်နေသောသူများစွာပင်ရှိပါ၏။ ယနေ့ ဆုတောင်း ပါ၏။ တဖန် ရွှင်လန်းစွာသီချင်းဆိုရသော အခွင့်ပေးတော်မူပါ။ မြန်မာနိုင်ငံ၏ချီးမွမ်းသံကို ကျယ်လောင်စေပါ။ အောင်လံလွှင့်ထူရသောအခွင့်ပေးပါ။ အတားအဆီးတံတိုင်းများကိုပြိုကျစေသော၊ ရန်သူ၏ မြို့ရိုးများကို ဖြိုဖျက်သော ကိုယ့်တော်လူများ၏ ချီးမွမ်းခြင်း၊ နှုတ်ခမ်း၏ ချီးမွမ်းခြင်းအသီးသီးများ သီးစေပါ။
ဘုန်းကြီးသောရှင်ဘုရင်၀င်ဖို့ တံခါးမုခ်တို့ကြွစေ။ ဘုရားပြုမည့်အမှုအတွက် ဘုရားလူများ အသစ်သော သီချင်း ဆိုကြပါစေ။ ပရောဖက်ပြုလျက်ချီးမွမ်းကြပါစေ။ အသင်းတော်၏ ကိုးကွယ်ခြင်းများ လန်းဆန်းခြင်းသစ်လွင်ခြင်း ရရှိကြပါစေ။ အခြေအနေအထက်၌ ကိုယ်တော့်ကိုဗဟိုပြုသော ချီးမွမ်းခြင်းနှိုးထမှုအားဖြင့် အသစ်သော လေထု ဖြစ်ပါစေ။ ရန်သူမာရ်နတ်၏အကြံအစည် နှင့် အစီအရင်များအားလုံး ပျပ်သုဉ်းပါစေ။ ကောင်းကင်ဘုံ၌ ကဲ့သို့ မြန်မာပြည်မှာ အလိုတော်ပြည့်စုံပါစေ။
ယုံကြည်သူတိုင်းအထဲ၌ ကိုယ်တော်ထည့်ထားသည့် အစွမ်းထက်လက်နက်ဖြစ်သော နှုတ်၏အသီးတည်းဟူသော ချီးမွမ်းခြင်းအသီးသီးစေရန် ယေရှုနာမ၌ ယုံကြည်၀န်ခံလျက်ဆုတောင်းပါ၏။
အာမင်။
If someone were to ask you, “When was the last time you rejoiced, danced, and sang songs of praise wholeheartedly?”, without any assumptions, what would be your response? If I were to answer honestly, I must confess that my own response would disappoint me.
While the responses from various churches and denominations may vary slightly, generally across Myanmar, due to the current circumstances, there are many large and small churches that can no longer freely practice their faith or conduct their worship programs. There are also many churches that can no longer hold youth fellowship activities or worship services.
At a time when families and church communities can no longer gather in large numbers for worship and fellowship as they used to, and due to the pressures of various situations, our singing of praise songs has also diminished. It is evident that the enemy is continuously striving to silence us and keep us quiet because he greatly fears the united prayers, heartfelt worship, and unreserved devotion of believers.
Today, let us pray and declare that the voice of praise and the banner of faith of believers may rise again.
“Lord God, in this time when our nation is groaning in distress, we find ourselves losing opportunities to rejoice. Some of our young people are leaving their parental homes, while others are leaving the country, finding themselves unable to practice their faith and gather together to worship. Today, we pray. Grant us once again the opportunity to sing songs of joy. Let the sound of praise in Myanmar resound. Grant us the opportunity to raise the banner of victory. May the praises of Your people, the praises of their lips, break down all barriers and walls of the enemy.
Let the gates lift up for the King of Glory to enter. Let the people of God sing new songs for the works of the Lord. Let them sing prophetic praises. May the worship of the church be renewed and rejuvenated. Let there be a new atmosphere of revival through God-centered praise. May all the schemes and plans of the enemy be destroyed. May Your will be done in Myanmar as it is in heaven.
In the name of Jesus, we pray and declare that the fruits of praise, the powerful weapon placed within every believer, may bear fruit.”
Amen.


