ယုံကြည်ခြင်းအတွက် ဆုတောင်း |
Prayer for Faith
ဟေဗြဲဩဝါဒစာ အခန်း ၁၁ တစ်ခုလုံးကို ဖတ်ရှုပါက ယုံကြည်ခြင်းအကြောင်းနှင့် အထူးသဖြင့် ယုံကြည်ခြင်းသူရဲကောင်း ကြီးများ၏ အမည်ကိုကျမ်းရေးသူက တသီတတန်းကြီး ဖော်ပြထားသည်။ ထိုသူတို့သည်ကျွန်ုပ်တို့ကဲ့သို့ လူသားဖြစ်ပြီး အားနည်းချက်များရှိသော်လည်း သူတို့၏ပ ပြေးလမ်းပန်းတိုင်အသီးသီး ရောက်သည်အထိ
ယုံကြည်ခြင်းနှင့်ပန်းဝင်ခဲ့ကြသည်။
သူတို့သည် ဘ၀နောက်ခံအခြေအနေအမျိုးနှင့် မတူညီသောစိန်ခေါ်မှုအမျိုးမျိုးကြုံခဲ့သည်။ တချို့သောသူများသည် လူမျိုးတစ်ခုလုံး၏ ဖခင်၊ တချို့မှာလူမျိုးတစ်မျိုးလုံး၏ လွတ်လပ်ရေးခေါင်းဆောင်၊ မွေးမြူရေး လုပ်ငန်းရှင်၊ တရားသူကြီး၊ ဝန်ကြီးချုပ်၊ ပရောဖက်၊ စစ်သူရဲ၊ အချို့ပြည့်တန်ဆာပင် လျှင်ပင် ဖြစ်ခဲ့သော်လည်း သူတို့ခေတ်၊ သူတို့အသက်တာတွင်လည်း အလွန်ခက်ခဲ သော ရွေးချယ်မှုများတွင် ဘုရားသခင်၏ ကတိတော်ကိုငံ့လင့်ပြီး ယုံကြည်ခြင်းနှင့် တုံ့ပြန်ခဲ့သောကြောင့် ဤရှေးလူဟောင်းများ ၏ ယုံကြည်ခြင်းကို ဘုရားသခင် နှစ်သက် သဘောကျပြီး ချီးမွမ်းတော်မူခြင်းခံရသည်။ ယနေ့ ကျွန်ုပ်တို့ခေတ်တွင် ကျွန်ုပ်တို့၏ပြ ပြေးလမ်းပန်းတိုင်ရောက်သည်အထိ ယုံကြည်ခြင်းစိတ်မပျက်ဘဲ ဆက်ပြေးနိုင်ရန် ဆုတောင်းကြပါစို့။
“ကောင်းကင်ဘုံ၌ရှိသော ကျွန်ုပ်တို့၏အဖ၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ခိုင်ခံ့စေရန် ကျမ်းစာထဲ၌ ရေးထားသော များစွာသော ာ သက်သေ နှင့် ကိုယ်တာ်၏လူများအတွက် ကျေးဇူးတော်ချီးမွမ်းပါ၏။ “ယုံကြည်ခြင်း မပါလျှင် ကိုယ်တော်၏စိတ်တော်နှင့် မတွေ့နိုင်ကြောင်း အကျွန်ုပ်တို့သိပါ၏။” သို့သော်လည်း သားသမီးတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်ရှုခြင်းထက် တစ်ခါတစ်ရံ လောကီအမှုအရာများကိုသာ အာရုံစိုက်မိတတ်ပါ၏။ ယုံကြည်ခြင်းသည် နှုတ်ကပါတ်တော်ကို ကြားနာခြင်းအားဖြင့် ဖြစ်သည်ဟု ကျွန်ုပ်တို့မှတ်မိသော်လည်း ကိုယ်တော့်အသံထက် အခြားအခြားသော အသံများကို နားစွင့်မိတတ်ပါ၏။ ယနေ့ နောင်တရလျက် ကျေးဇူးတော် ပလ္လင်ရင်းသို့ ချဉ်းကပ်တိုးဝင်ပါ၏။
ရှင်မာကုခရစ်ဝင်ကျမ်းထဲ၌ “ယုံကြည်ပါ၏ သခင် မယုံကြည်နိုင်သည်ကို မစတော်မူပါ” ဟု သူငယ်၏ဖခင်ဆိုသည်အတိုင်း ယနေ့ ကျွန်ုပ်တို့၏မယုံကြည်အားနည်းခြင်းထက် ကိုယ်တော်ကိုယုံကြည်ခြင်းရှိစေဖို့မစပါ။ လှိုင်းတံပိုးကဲ့သို့ ပုံ့ပုံ့ကြွလျက်နေသော ပတ်ဝန်းကျင်၏အခြေအနေအဖြစ်အပျက်ထက် ကိုယ်တော်၏အသံတော်၊ ကိုယ်တော့်စ ကားကို ယနေ့၊ ယခုပင်ကြားစေပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းတိုးပွားစေရန် ကိုယ်တော်၏နှုတ်ကပါတ်တော်ကို စေလွှတ်တော်မူပါ။ ဗျာဒိတ်တော်စကားသံ ယနေ့ကျွန်ုပ်ကြားချင်ပါ၏။ ကိုယ်တော်၏ အသံကို နားစွင့်တတ်သောသူဖြစ်မည် အကြောင်း ဝိညာဉ်တော်ဘုရား သွန်သင်တော်မူပါ။ နှုတ်ကပါတ်တော်သည် ကျွန်ုပ်တို့ဖွင့်ပြလျက် အသက်ဖြစ်စေပါ။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းပါရမီကို ညှင်းဆဲမည့် လောကီအမှုများမှလည်း ကယ်နှုတ်တော်မူပါ။ ယုံကြည်သူဖြစ်သော ဘုရားသခင်၏လူအစုအဝေး၌ ကျွန်ုပ်တို့ကို ရှင်သန်အမြစ်တည်စေလျက် ယုံကြည်ခြင်း ခိုင်ခံ့စေပါ။ ယနေ့ ကျွန်ုပ်ရင်ဆိုင်ရသော ဘ၀တိုက်ပွဲများ၊ စိန်ခေါ်မှုများအပေါ် ဘုရားသခင်၏ကတိတော်ကို စိတ်မပျက်ဘဲ ငံ့လင့်လျက် ပညာရှိစွာဖြင့် အခြေအနေ
အားလုံး ယုံကြည်ခြင်းနှင့် တုံ့ပြန်မိပါမည် အကြောင်းဆုတောင်းပါ၏။ ကိုယ်တော် ပြန်လာသည်အချိန်ထိ ထိုယုံကြည်ခြင်း
တရား၌ဆက်လက်လျှောက်လှမ်း၍ အစဉ်
ယုံကြည်ခြင်းတိုးပွားသူဖြစ်ပါမည့်အကြောင်း ယေရှုနာမ၌ ဆုတောင်းပါ၏။
Reading the entire chapter of Hebrews 11, we see that the author beautifully details the names of the great heroes of faith. These individuals, though human like us with their weaknesses, reached the finish line through faith.
They faced various challenges and came from different backgrounds. Some were the fathers of entire nations, some were leaders of their nations’ liberation, some were judges, ministers, prophets, warriors, and even prostitutes. Despite their difficult choices, they responded with faith to God’s promises, and thus, their faith pleased God, and they were honored by Him. Today, in our time, let us pray to continue running our race with unwavering faith until we reach the finish line.
“Dear Heavenly Father, we thank You for the many witnesses and people of faith written about in the Scriptures. We know that “without faith it is impossible to please You.” Yet, we often focus more on worldly matters than on seeking You. While we remember that faith comes from hearing Your Word, we sometimes listen to other voices more than Yours. Today, we come before Your throne of grace in repentance.
Just as the father of the child in the Gospel of Mark said, “ I do believe; help me overcome my unbelief,” may we not be in doubt but believe in You. Let us hear Your voice and Your words above the tumult of our circumstances today. Send forth Your Word to increase our faith. We desire to hear Your prophetic voice today. Holy Spirit, teach us to listen to Your voice and let Your Word be life to us.
Deliver us from the worldly matters that undermine our faith. Let us be rooted and flourish in the assembly of God’s faithful people. Help us respond with wisdom and faith to all the life’s battles and challenges we face today, holding steadfastly to Your promises. May we continue to walk in faith and grow in it until the day You return. We pray in Jesus’ name. Amen.”


