Prayer for Domestic and International Migrants | ပြည်တွင်းပြည်ပ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဆုတောင်း
Heavenly Father,
ကောင်းကင်ဘုံအဖ
🙏 We come before You with hearts full of compassion, lifting up our prayer for the immigrants who have been displaced from their homelands due to various circumstances. Lord, You know their struggles, their fears, and their hopes. We ask for Your divine protection, provision, and guidance as they navigate this challenging journey.
ကျွန်ုပ်တို့သည် မိမိတို့၏တိုင်းပြည်မှ
အခြေအနေအ မျိုးမျိုးအားဖြင့်
ထွက်ခွာရသောသူများအတွက် သခင့်ရှေ့တော်၌ တိုးဝင်၍ ကရုဏာစိတ်အပြည့်ဖြင့် ဆုတောင်းပဌနာပြုပါ၏။ သခင်ဘုရား၊ သူတို့၏ဒုက္ခ၊ ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်များကိုကိုယ်တော် သိပါ၏။ ဤကဲ့သို့အခက်အခဲကာလအတွင်း၌ ကိုယ်တော်၏ကာကွယ်မှု၊ ထောက်ပံ့မှုနှင့် လမ်းညွှန်မှုကို ဆုတောင်းပေးပါသည်။
🙏 Father, You are the refuge and strength of Your people, as Psalm 46:1 reminds us: “God is our refuge and strength, an ever-present help in trouble.” Be their refuge and strength, providing comfort and safety in the midst of uncertainty.
သခင်ဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ ခိုလှုံရာနှင့် ခွန်အားဖြစ်သည်ဟု ဆာလံ ၄၆:၁ တွင် ဤကဲ့သို့ပြောဆိထားပါသည်။ “‘ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏”။ ကိုယ်တော်၏စကားလာသည်အတိုင်း တိုင်းခြားပြည်ခြားတွင်ရွှေ့ပြောင်းနေထိုင်ရသော ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများ အတွက် ကိုယ်တော်သည် ခိုလှုံရာ နှင့်ခွန်အား ဖြစ်လျက် မသေချာမရေရာမှုအလယ်တွင် နှစ်သိမ့်မှု နှင့် လုံခြုံမှုပေးတော်မူပါ။
🙏 Lord, we pray for their physical needs to be met. As You have said in Philippians 4:19, “And my God will meet all your needs according to the riches of his glory in Christ Jesus.” Provide them with food, shelter, and medical care. Open doors of opportunity for work and education so they can build a stable future for themselves and their families.
ဘုရားသခင်၊ ကျွန်ုပ်တို့သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပြည့်စုံစွာ ဖြည့်ဆည်းပေးပါရန်ဆုတောင်းပါသည်။ ဖိလိပ္ပိ ၄:၁၉ တွင် “‘ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်” ဟု ဆိုထား ပါသည်။ အစားအစာ၊ အိမ်ရာထိုင်ခင်းနှင့် လိုအပ်သော ဆေးကုသမှုရရှိရန် ကောင်းကြီး ပေးပါ။ အလုပ်အကိုင်နှင့် ပညာရေး အခွင့်အလမ်းများကို ဖွင့်၍ သူတို့၏မိသားစု အနာဂတ်များကို တည်ဆောက်နိုင်ရန် ကူညီပါမစပေးတော်မူပါ။
🙏 Guide them with Your wisdom, as James 1:5 promises: “If any of you lacks wisdom, you should ask God, who gives generously to all without finding fault, and it will be given to you.” Grant them clarity and direction as they make important decisions about their lives in a new land.
သခင်ဘုရား၊ သူတို့ကို ကိုယ်တော်၏ဉာဏ်ပညာနှင့် လမ်းညွှန် ပေးပါ။ ယာကုပ် ၁:၅ တွင် “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကို လိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်” ဟုဆိုသည့်ကိုယ်တော့်စကားတော် အတိုင်း သူတို့ နိုင်ငံသစ်၊ နယ်မြေသစ်များ ရောက်ရှိချိန်တွင် အရေးကြီးသော ဆုံးဖြတ်ချက်များချချိန်တိုင်း ရှင်းရှင်း လင်းလင်းဖြင့် ကိုယ်တော်၏လမ်းညွှန်မှုကို ရရှိဖို့လည်း ဆုတောင်းပေးပါ၏။
🙏 We ask for emotional and spiritual healing. Many have left behind loved ones and familiar surroundings, facing the pain of separation and loss. Comfort them with Your presence and give them peace, as John 14:27 says: “Peace I leave with you; my peace I give you. I do not give to you as the world gives. Do not let your hearts be troubled and do not be afraid.”
ထို့ပြင် စိတ်ပိုင်းဆိုင်ရာ နှင့် ဝိညာဉ်ရေးရာတွင်လည်း ကျန်းမာကြံ့ခိုင်စေရန်ဆုတောင်းပါ၏။ ယခုအချိန်တွင် များစွာသည် မိမိတို့ချစ်ခင်ရသောသူများ နှင့် မိသားစုအသိုင်းအဝိုင်းကိုစွန့်ခွာရလျက် နာကျင်မှုနှင့် ဆုံးရှုံးမှုများကို ခံစားကြုံတွေ့ နေရပါ၏။ ယောဟန် ၁၄:၂၇ တွင် “‘ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်” ဟုဆိုထားသည့် အတိုင်း ကိုယ်တော်၏အတူပါရှိခြင်းက ငြိမ်သက်ခြင်းချမ်းသာကိုပေးမည့်အကြောင်းဆုတောင်းပါ၏။
🙏 Lord, we pray for the communities that receive immigrants. Stir hearts to welcome and support them, showing kindness and hospitality as You instructed in Leviticus 19:33-34: “When a foreigner resides among you in your land, do not mistreat them. The foreigner residing among you must be treated as your native-born. Love them as yourself, for you were foreigners in Egypt. I am the Lord your God.”
သခင်ဘုရား၊ နိုင်ငံခြားသားများဖြစ်သော ကျွန်ုပ်တို့ကို လက်ခံသော လူများအတွက် ဆုတောင်းပါသည်။ ဝတ်ပြုရာကျမ်း ၁၉:၃၃-၃၄) တွင် “သင်၏ပြည်၌ တည်းနေသောဧည့်သည်ကို မညှဉ်းဆဲရ။ သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ ” ဟု နှုတ်ကပါတ်တော်လာသည့်အတိုင်း ဧည့်သည်ဖြစ်ရသောကျွန်ုပ်တို့၏ညီအစ်အစ်မောင်နှမများရောက်လေရာတွင် အိမ်ရှင် တိုင်းသူပြည်သားများအနေဖြင့် သနားကြင်နာမှု နှင့် ဧည့်ဝတ်ပြုခြင်းဖြင့် ကြိုဆို၍ လိုအပ်သမျှပံ့ပိုးကူညီတတ်ရန် သူတို့၏နှလုံးသားကိုတို့ထိပေးပါ။
🙏 Bless the efforts of organizations and individuals working to assist immigrants. Give them the resources and endurance to continue their good work. May Your love and grace be evident in every act of service and compassion.
ရွှေ့ပြောင်းသွားလာနေထိုင်ရသောသူများကို ကူညီသော အဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီ တတ်အားသရွေ့အကူညီအပေးသောသူများကိုလည်း ကောင်းကြီးပေးပါ၏။ ထိုကောင်းသေ ာအမှုကိုဆက်ပြုနိုင်ရန်လိုအပ်သောအရင်းအမြစ် နှင့် ခံနိုင်ရည်ပေးတော်မူပါ။ ကိုယ်တော့် ချစ်ခြင်းနှင့် ကရုဏာသည်အစေခံခြင်း နှင့် မေတ္တာပြရာတွင် ထင်ရှားစေပါ။
🙏 Father, we place these immigrants in Your loving hands. Strengthen their faith and hope in You. Let them feel Your presence and know that You are with them every step of the way.
သခင်ဘုရား၊ ကိုယ်တော်၏မေတ္တာ လက်တော်တွင် အတိုင်းတိုင်းအပြည်ပြည်သို့ ရွှေ့ပြောင်းသွားလာနေထိုင်ရသော ကျွန်ုပ်တို့၏ညီအစ်ကိုများကို အပ်နှံပါ၏။ သူတို့၏ ယုံကြည်ခြင်းနှင့် မျှော်လင့်ချက်ကို ခိုင်ခံ့စေပါ။ သူတို့၏ ခြေလှမ်းတိုင်းတွင် ကိုယ်တော်သည် အနားရှိကြောင်းသိစေပါ။
In Jesus’ name, we pray. Amen.
ယေရှေုခရစ်၏ နာမတော်မြတ်ဖြင့် ဆုတောင်းအပ်ပါသည်။ အာမင်။


