Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He gave His one and only Son, that whoever believes in Him shall not perish but have eternal life.” – John 3:16

ယေရှုခရစ်တော်သည် အပြစ်သားများ၊ နာသောသူများ၊ မျှော်လင့်စရာအခွင့်မရှိသောသူများ နှင့် ဘုရားကိုမသိသောသူများအတွက် လူ့ဇာတိခံကြွလာခြင်းဖြစ်သည်။ ခရစ္စမတ်ဆိုသည်မှာ ဘုရားသခင် နှင့် လူသားတိုပြန်လည်ပေါင်းစပ်သော၊ ရင်းနှီးကျွမ်းခွင့် ပြန်လည်ရရှိသော အထိမ်းအမှတ်ပွဲကြီးဖြစ်သည်။
Jesus Christ came into the world for sinners, the suffering, those without hope, and those who do not know God. Christmas is the grand celebration of the reconciliation between God and mankind, the restoration of intimacy and fellowship.

တစ်ခါတစ်ရံ ကျွန်ုပ်တိုခရစ်ယာန်များသည် ခရစ္စမတ်ပွဲတော်ကိုဆင်နွှရင်း၊ ပျော်ပွဲရွှင်ပွဲများစွာ ကျင်းပဖြတ်သန်းလျက် ခရစ်တော်ကြွာလာခြင်းအကြောင်းရင်းကို မေ့နေတတ်ကြသည်။ ကျွန်ုပ်တိုရရှိသော အလွန်ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း နှင့် ထိုကယ်တင်ခြင်းကို မိမိတိုတစ်ကိုယ်ရည်စာ သိမ်းဆည်းထားတတ်ကြပြီး ခရစ္စမတ်ကို ခရစ်ယာန်များနှင့်သာ သက်ဆိုင်နေတတ်ကြ၏။
At times, we Christians celebrate Christmas with festivities and joyous events, yet we tend to forget the reason for Christ’s coming. Often, we keep the great and joyful Good News and the salvation we have received to ourselves, treating Christmas as though it only concerns Christians.

သိုသော် ခရစ်တော်သည် လောကလူသားများအတွက် ဤလောကကိုကြွလာခြင်းဖြစ်သည်။ မယုံကြည်သောသူများကို အပြစ်ငရဲထဲမှကယ်လွှတ်ရန် နှင့် ပြည့်၀သောအသက်တာပေးရန်သည် ခရစ္စမတ်၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ခရစ္စမတ်သည် ခရစ်ယာန်များသာ ကျင်းပသည့် ပွဲမဟုတ်ဘဲ လောကလူသားအားလုံးအတွက် ဖြစ်သည်။
However, Christ came into this world for all humanity. The true purpose of Christmas is to rescue unbelievers from the punishment of sin and to give them abundant life. Christmas is not a celebration solely for Christians but for the whole world.

ထိုကြောင့် ထိုအလွန်ဝမ်းမြောက်ဖွယ်ရာ သတင်းစကားကို ယုံကြည်ခံယူရရှိပြီးသော ကျွန်ုပ်တိုခရစ်ယာန်များသည် ကျွန်ုပ်တိုနေ့စဉ်ကြုံတွေ့ရသော ဤလောကဓံ၏ ခက်ခဲပင်ပန်းမှုများမှ ရုန်းထ၍ အားယူ၍ မတ်တတ်ရပ်လျက် လိုအပ်နေသောသူများနှင့် လောကကြီးဆီသို ထို သတင်းကောင်းကို ကြားပြောလျက်၊ မေတ္တာလက်ဆောင်များကို ဝေငှလျက် ချစ်ခြင်းမေတ္တကိုမျှဝေရင်း ခရစ္စမတ်၏မူလရည်ရွယ်ချက်ကို ဖြည့်ဆည်းကြပါစို။
Therefore, as Christians who have received this great and joyful message, let us rise above the challenges of this worldly life, stand firm, and take this Good News to those who need it and to the world around us. Let us share gifts of love, extend kindness, and reflect the true purpose of Christmas through our love and actions.

တစ်လောကလုံးအတွက် အလွန်ဝမ်းမြောက်ဖွယ်ကောင်းသော ခရစ္စမတ်အချိန်အခါသမယလေး ဖြစ်ပါစေ။
May this Christmas be a truly joyful time for the whole world!

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative