Pray for Myanmar
Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

Is Pruning Grace?

Pruning doesn’t always sound like a great experience although we are fully aware that it is meant for good.

 

The bible states ‘‘He cuts off every branch in me that bears no fruit, while every branch that does bear fruit he prunes so that it will be even more fruitful. ’’ at John 15:2. On this account, we are clear God is working in our lives through pruning to help us bear more fruits.

 

As an aside, Kevin De Young, American Reformed Theologian, put it forwards for us to understand the word ‘‘ Pruning’’ and how can we be better prepared and managed the pruning process in his book of ‘‘Crazy Busy’’ as follow: ‘‘The seed of God’s Word won’t grow to fruitfulness without pruning for rest, quiet, and calm.’’ Dr Kevin’s writing helps us understand the holy bible is the key to everything we need to live a fruitful life and the holy spirit will reveal his guiding correction for us through meditating the word of God and listening to the still small voice.

 

Henceforth, we know the hands of God at work through the pruning process we are going through and we pray that you will also be reminded that God is providing a way out for every painful and difficult situation through his words under his abundant grace.

 

ကိုင်းဖြတ်ပုံစံသွင်းခံရတာ ကျေးဇူးတော်လား

 

”Pruning – အကိုင်းအခက်ဖြတ်၊ ပုံစံသွင်းခြင်း’’ ခံရသည်မှာ ကျွန်ပ်တို့ ပိုကောင်းလာဖို့ဖြစ်ကြောင်း အပြည့်အဝ သိထားသော်လည်း ယင်းအတွေ့အကြုံမှာ သိပ်လွယ်ကူ မချောမွေ့လှပေ။

 

သမ္မာကျမ်းစာက ”ငါ​၌​အသီး​မ​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို ခမည်းတော်​သည် ခုတ်​ပစ်​တော်မူ​၏။ အသီး ​သီး​သော​အကိုင်းအခက် ​ရှိသမျှ​ကို​မူ ပို၍​အသီး​သီး​စေရန် ကိုင်းဖြတ်​ပြုပြင်​တော်မူ​၏။ ‘’ ဟု ရှင်ယောဟန်ခရစ်ဝင် ၁၅း၂ တွင် ဖော်ပြထားသည်။ သို့ဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာတွင် ပိုမို အသီးအပွင့်များ ရှိစေရန် ကိုင်းဖြတ်ပုံစံသွင်းခြင်းဖြင့် အမှုပြုနေကြောင်း သိသာထင်ရှားလှပါသည်။

 

တစ်ဖက်မှာလည်း အမေရိကန် Reformed Theologian ဖြစ်သော Kevin De Young က ”Pruning” ဟူသော စကားလုံးကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရန်နှင့် ယင်းဖြစ်စဉ်အတွက် မည်သို့ ပိုမိုကောင်းမွန်စွာ ပြင်ဆင်ပြီး စီမံနိုင်ကြောင်းကို ”ဘုရားသခင့်နှုတ်ကပါတ်တော်မျိုးစေ့သည် အနားယူဆင်ခြင်ခြင်း၊ ဆိတ်ငြိမ်သက်စွာ နှလုံးသွင်းခြင်းနှင့် ငြိမ်သက်စွာ ခံယူခြင်း စသည့် ကိုင်းဖြတ်ပုံစံသွင်းခြင်းမရှိဘဲ အသီးအပွင့်များအဖြစ် ရှင်သန် ကြီးထွားလာမည် မဟုတ်ပါ” ဟု သူ၏ “Crazy Busy” စာအုပ်တွင် ဆိုထားသည်။ ဒေါက်တာ Kevin ၏ရေးသားချက်သည် ကျွန်ုပ်တို့အား သမ္မာကျမ်းစာတော်မြတ်သည် အသီးအပွင့်များ အသက်တာထဲ ရှိနိုင်ရန် လိုအပ်သောသော့ချက်ဖြစ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ပ်တို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်နှလုံးသွင်းပြီး အသံတော်ကို နားထောင်သောအခါ သူ၏ လမ်းပြသွန်သင်မှုကို တိုးညင်းသောအသံဖြင့် ဖော်ပြလာမည် ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

 

ယနေ့မှစ၍၊ ကျွန်ုပ်တို့ဖြတ်သန်းနေရသော ကိုင်းဖြတ်ပုံစံသွင်းခြင်းသည် ဘုရားသခင်၏လက်ရာတော်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိသည် ဖြစ်ရာ ဘုရားသခင်သည် သူ၏ကြွယ်ဝသောကျေးဇူးတော်အားဖြင့် နာကျင်ခက်ခဲသော အခြေအနေတိုင်း အတွက် ထွက်မြောက်ရာလမ်းကြောင်းကို ပြင်ဆင်ပေးထားကြောင်းလည်း မိတ်ဆွေသည် အမှတ်ရလာစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Recent posts

Prayer for Breakthroughs

ထိုးဖောက်မှုအတွက် ဆုတောင်းခြင်း   အစ္စရေးလူမျိုးများ၏သမိုင်းတွင် အကြီးကျယ်ဆုံး နှင့် အခမ်းနားဆုံး အဖြစ်အပျက်မှာ ကျွန်ခံရာ အဲဂုတ္တုပြည်မှ အလုံးအရင်းနှင့် နိမိတ်လက္ခဏာအမျိုးမျိုးဖြင့် လွတ်မြောက်သွားခြင်းဖြစ်ပြီး ထိုအရာကို အမြဲအမှတ်ရနေရန်လည်း ပသခါပွဲ ဆင်နွှဲ ကျင်းပကြသည်။ အစ္စရေးလူမျိုးတို့သည် ဒုက္ခရောက်သည်အချိန်တိုင်း ထိုအဖြစ်အပျက်များကို ပြန်လည်ဆင်ခြင်ရင်း ခွန်အားယူကြသည်။    အမှန်မှာ

Read More »

Prayer for Fathers

As it was Father’s Day last Sunday, various churches around the world organized programs to honor fathers, making it a very joyful and beautiful moment.

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative