When time goes by, we often find ourselves simply saying, “time flies.” As today marks the last week of June, have you noticed that we have already passed half of the year 2024? It is only solely by the grace of God that we have been able to navigate through the highs and lows of our lives thus far.
Today, we would like to invite you to take a few minutes to reflect on God’s guidance for every single step of your life and to give thanks to Him for His grace for the time that has passed.
In effect, reflecting on the passage of time and expressing gratitudes for God’s grace in every situation is the highest form of worship and commitment to follow ‘‘Him’’. The following scriptures address the passage of time and the importance of acknowledging God’s presence and blessings throughout:
ကျေးဇူးတော်ချီးမွမ်းရန် ခေါ်ဖိတ်ခြင်း
နေ့ရက်ကာလများကုန်လွန်လာသည့်အခါ “အချိန်ကုန်မြန်လိုက်တာ” ဟု ကျွန်တော်တို့ရေရွတ်မိတတ် ကြသည်။ ယနေ့သည် ဇွန်လ၏နောက်ဆုံးပါတ်ဖြစ်သည်အတိုင်း ၂၀၂၄ ခုနှစ်၏ ထက်ဝက်ခန့်မျှကျော် ဖြတ်ပြီးဖြစ်ကြောင်း သင်သတိထားမိပါသလား။ စင်စစ်ဘုရားသခင်၏ကျေးဇူးတော် သက်သက်ကြောင့် သာ ကျွန်ုပ်တို့ ဘ၀အသက်တာ အနိမ့်အမြင့်များကို ယခုအချိန်ထိ ကောင်းမွန်စွာဖြတ်သန်းနိုင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ကုန်လွန်ခဲ့ပြီးသောအချိန်များတွင် အသက်တာခြေလှမ်းတိုင်းတွင် ဘုရားသခင်၏ ပို့ဆောင်ခြင်းများကို မိနစ်ပိုင်းခန့် ပြန်လည် ဆင်ခြင်လျက် ဘုရားသခင်ထံတွင် ကျေးဇူးတော်ချီးမွမ်းရန် ယနေ့ ခေါ်ဖိတ်လိုပါသည်။
စင်စစ် အချိန်ကာလဖြတ်သန်းမှုကို ဆင်ခြင်သုံးသပ်ပြီး အခြေအနေတိုင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းခြင်းခြင်းသည် အဆင့် အမြင့်မားဆုံး ကိုးကွယ်ခြင်းပုံစံနှင့် ‘ကိုယ်တော်’ နောက်သို့ လိုက်ရန် ဆက်ကပ်ခြင်းဖြစ်သည်။ အောက်ဖော်ပြပါ ကျမ်းချက်များသည် အချိန်ကာလ ဖြတ်သန်းမှု နှင့် လမ်းခရီး တစ်လျှောက်လုံး ဘုရား မျက်မှောက်တော်အတူပါရှိမှုနှင့် ကောင်းချီး မင်္ဂလာများကို အသိအမှတ်ပြုခြင်း၏ အရေးကြီးပုံကို သွန်သင်ပေးသည်-


