အခက်ခဲဆုံးအချိန်အတွက် ဝန်ခံဆုတောင်းခြင်း
ကျွန်ုပ်တို့လူသားအားလုံးနှင့် အထူးသဖြင့် ယုံကြည်သူခရစ်ယာန်များအတွက် အရေးကြီးဆုံးကြေငြာချက် တစ်ခုမှာ သခင်ယေရှုကြွေးကြော်ခဲ့သည့် “အမှုပြီးပြီ” ဟူသော စကားစုဖြစ်သည်။ ဤစကားစုသည် ပညတ္တိကျမ်းတို့၏ ပြည့်စုံခြင်း၊ ပဋိညာဉ်သစ်အစပြုခြင်း၊ လူသားအားလုံးအတွက် အပြစ်ဖြေခြင်း၊ ဘုရားသခင်၏ ကတိတော်ပြည့်စုံခြင်း နှင့် လူသားနှင့်ဘုရားကြားဆက်နွယ်မှုပြန်လည်အစပြုခြင်း စသဖြင့်လေးနက်သော အဓိပ္ပါယ်များစွာရှိသည်။
သခင်ယေရှုသည် ထိုစကားတော်ကို သေခြင်းမှအောင်ခြင်းနှင့်ထမြောက်ပြီး လူပရိတ်သတ်များစွာနှင့် ခမ်းနားစွာ ရှိနေသောအချိန်တွင် ကြေငြာလျှင်ပိုကောင်းမည်ဟု ကျွန်ုပ်တို့ထင်ကောင်းထင်နိုင်သည်။ သို့သော် ခရစ်တော်သည် ကားတိုင်ကို ထမ်းပြီးကရာနီလမ်းအဆုံးထိလျှောက်၊ ဒဏ်ရာအနာများအလူးလူးအလိမ့်လိမ့်ခံစားပြီး၊ ကားတိုင်တော်ထက် သံမှိုနှင့် ရိုက်နှက်ထားခံရ၍ အသက်တော်ကိုခမည်းတော်ထံမအပ်နှံမီအချိန်၊ ဝေဒနာ အပြင်းထန်ဆုံးချိန် တွင် “အမှုပြီးပြီ” ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။
တမန်တော်ကြီးများကလည်း ကနဦးအသင်းတော်ရှိယုံကြည်သူများကို တိုက်တွန်းရာတွင် ကျွန်ုပ်တို့၏ အောင်မြင်ခြင်း၊ ပျော်ရွှင်ဝမ်းမြောက်ခြင်းသည် အဖြစ်အပျက်နှင့် အခြေအနေကောင်းမှ အောင်မြင်သည်မဟုတ်ဘဲ ဒုက္ခဆင်းရဲခံနေစဉ်တွင်ပင် ခရစ်တော်နှင့်အတူ အထူးသဖြင့်အောင်မြင်သောသူများ ဖြစ်ကြောင်း ထပ်ခါထပ်ခါ သတိပေးရင်း ခွန်အားပေးတိုက်တွန်းခဲ့သည်။ ရှင်ပေါလုကြီးက ဘုရားသခင်ပေးမည့် ထာ၀ရဘုန်းအသရေနှင့် ယှဉ်လျှင် ယခုခံရသောဆင်းရဲဒုက္ခများသည် “ပေါ့ပါးသောဆင်းရဲဒုက္ခ” ဟု ဆိုပြီး အသင်းတော်ကို ခွန်အားပေး ခဲ့သည်။
ယနေ့ ကျွန်ုပ်တို့ထိန်းချုပ်မနိုင်သော အခြေအနေများ၊ မိသားစုပြသနာများ၊ စီးပွားရေးကြပ်တည်းမှု နှင့် မျက်မှောက်ခေတ်၏ စိန်ခေါ်မှုအမျိုးမျိုး မည်ကဲ့သို့ပင်ရှိစေပါစေ ဤကဲ့သို့အခြေအနေမျိုးတွင် ခရစ်တော်၏ ပြီးစီးသောအလုပ်များအပေါ် ယုံကြည်လျက် ကျွန်ုပ်တို့သည် ခရစ်တော်နည်းတူ အောင်မြင်သောသူဖြစ်ကြောင်း အတူတကွ ဝန်ခံဆုတောင်းကြပါစို့။
“ကောင်းကင်ဘုံအဘ.ကျွန်တော်တို့အသက်တာ၌ ဖြစ်ပျက်နေသောအရာများသည် အဘယ်ကြောင့်ဖြစ်သည်ဟု ကျွန်ုပ်တို့ နားမလည်နိုင်သော်လည်း ကိုယ်တော်သည် .သာ၍ကောင်းသောအကြံအစည်နှင့် လုပ်ဆောင် နေကြောင်း ကတိတော်ကို အမှီပြု၍ “အကောင်းဆုံး ဖြစ်လာဦးမည်” ဟု ယုံကြည်ခြင်းနှင့် ကြေငြာပါ၏။ ယေရှုခရစ်တော် လုပ်ဆောင်ပြီးစီးသောအရာများအပေါ် ကျွန်ုပ်တို့ရပ်တည်လျက် လာမဲ့နေရက်တိုင်းအတွက် ဝမ်းမြောက်စွာ ကြိုတင်ချီးမွမ်းပါ၏။
အနန္တကာလကိုစွဲလန်းစေ၍ ထာ၀ရနှင့်ဆိုင်သောဘုန်းအသရေတော်ကို ရရှိမည့်သူများများဖြစ်ကြောင်း ကျွန်ုပ်တို့ကို သတိရစေပါ။ ဒုက္ခဆင်းရဲများခံနေရစဉ်တွင်ပင် ခရစ်တော်နည်းတူ၊ တမန်တော်များနည်းတူ၊ ကနဦးခရစ်ယာန်များနှင့် ရှေးသန့်ရှင်းများကဲ့သို့ ယုံကြည်ခြင်းနှင့် မျှော်လင့်၍ ချစ်ခြင်းမေတ္တာဖြင့် အသက်ရှင်နေထိုင်၍ ခရစ်တော်ထဲ၌ အစဉ်ဝမ်းမြောက်တ်သောသူများဖြစ်ဖို့ အလိုတော်ကိုဝန်ခံ၍ နာမတော်မြတ်ကို ချီးမွမ်းကြပါ၏။” ယေရှုနာမ၌။ အာမင်။
Confession and Prayer for Difficult Times
For all humanity, and especially for Christians, one of the most important declarations is the phrase “It is finished” uttered by the Lord Jesus. This statement holds profound significance, including the completion of the Old Testament prophecies, the initiation of the New Covenant, the atonement for all human sins, the fulfillment of God’s promises, and the restoration of the relationship between humanity and God.
We might think it would have been appropriate for Jesus to declare “It is finished” at the moment of triumph after His resurrection, surrounded by many witnesses. However, Jesus declared “It is finished” at the most intense moment of His suffering, before He surrendered His life, after enduring the agonies of crucifixion and the brutality of the soldiers.
Even the great saints have encouraged early believers by reminding them that our success and joy are not determined by the absence of suffering and challenging conditions, but rather by being victorious with Christ even in times of tribulation. The Apostle Paul, comparing the eternal glory to be revealed with the present sufferings, referred to these sufferings as “light and momentary troubles” to encourage and strengthen the church.
Today, no matter the uncontrollable circumstances, family issues, economic hardships, or various challenges of our times, let us together confess and pray, believing that we are victorious with Christ, just as He finished His work.
“Even though we may not understand why certain things happen in our lives, we believe that God is working with good intentions, as promised, and that ‘it will turn out for the best.’ Standing firm on what Christ has completed, let us joyfully anticipate every coming day.
May we be reminded that those who receive eternal and glorious rewards are those who remain steadfast through the trials and tribulations, just like Christ and the early Christians. Let us live with faith, hope, and love, in Christ, being thankful and praising Him in every circumstance. In Jesus’ name. Amen.”


