A Prayer to Put on the Full Armor of God | ဘုရားသခင်၏လက်နက်စုံဖြင့် တန်ဆာဆင်ပေးရန် ဆုတောင်းခြင်း
ကောင်းကင်ဘုံအဖ
ကျွန်ုပ်တိုက်ခိုက်နေရသော နေ့စဉ်တိုက်ပွဲများသည်ကျွန်ုပ်၏အတာမဟုတ်ဘဲ စစ်မှုသည် ကိုယ်တော့်အတာ ဖြစ်ကြောင်း ဝန်ခံပါ၏။ ကျွန်ုပ်သည် လူမျက်စိဖြင့်မြင်ရသော အသွေးအသားရှိသည့် ရန်သူများနှင့် ဆိုင်ပြိုင် တိုက်လှန်ခြင်းမဟုတ်ဘဲ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသော မင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်းကို ပြန်လည်သတိရစေသောကြောင့် ကျေးဇူးတင်ပါ၏။
Heavenly Father,
I acknowledge that the daily battles I face are not my own, but rather spiritual warfare that belongs to You. I am reminded that I am not fighting against flesh-and-blood enemies, but against principalities, powers, rulers of the darkness of this world, and spiritual forces of evil in the heavenly realms. Thank You for this reminder.
ထိုသမ္မာတရားကို ကျွန်ုပ်သည်သတိမမူမိဘဲ လောကီ၏လှည့်ဖျားခြင်း နှင့် ဆူညံသံများနောက် အာရုံများ၍ ရန်သူကို ကောင်းစွာတိုက်လှန်ခြင်းမပြုမိသည့်အရာများအတွက် ကိုယ်တော့်ထံ၌ ခွင့်လွှတ်ခြင်းကို တောင်းခံပါ၏။ ယခု ကိုယ်တော့်စကားပေါ်၌ ကျွန်ုပ်ရပ်တည်၍ ကောင်းစွာသော တိုက်လှန်ခြင်းကိုပြုနိုင်မည့်အကြောင်း ကိုယ်တော် ဆင်ယင်ပေးသော ဘုရားသခင်၏ လက်နက်စုံကို ဝတ်ဆင်၍ ပြင်ဆင်ဆုတောင်းခြင်းပြုပါ၏။
Forgive me for the times I have failed to recognize this truth and have been distracted by the deceptions and noise of the world, thereby failing to effectively fight against the enemy. Today, I stand on Your word and prepare myself by putting on the full armor of God, which You have provided.
▮ သစ္စာခါးပန်း | Belt of Truth
ကျွန်ုပ်သည် ယခုကိုယ်တော့်နာမတော်အပေါ်မြဲစွာရပ်တည်လျက် ခါး၌သစ္စာတည်းဟူသောခါးပန်းကို လုံခြုံစွာ ဝတ်စည်းပါ၏။ ကိုယ်တော် သမ္မာတရား၊ အသက် နှင့် လမ်းဖြစ်ပါ၏။ မှားယွင်းသော သွန်သင်ခြင်းများ နှင့် ကောင်းသည့်လက္ခဏာရှိသော်လည်း အဆုံး၌သေခြင်းကို ပို့ဆောင်တတ်သော နည်းလမ်းများနှင့် ဤလောကီ ဒဿနအမြင်များမှ ကျွန်ပ်သည် ဦးလှည့်ပြီး သစ္စာတရား၊ သမ္မာတရားတည်းဟူသော ယေရှုခရစ်တော်ကိုသာ ယူတင်ဝတ်ဆောင်ပါ၏။
I now gird myself securely with the belt of truth. You, O Lord, are the way, the truth, and the life. I turn away from false teachings and worldly philosophies that seem attractive but ultimately lead to destruction, and I embrace the truth, which is Jesus Christ.
▮ ဖြောင့်မတ်ခြင်း၊ ရင်အုပ်တန်ဆာ | Breastplate of Righteousness
ကျွန်ုပ်သည် ခမည်းတော်ရှေ့ရဲဝံ့စွာရပ်၍ ကိုးကွယ်ခွင့်ရအံ့သောငှာ ယေရှုခရစ်တော်အားဖြင့်ရသော ဖြေင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်ပါ၏။ ထိုယေရှုကြောင့်သာ ဖြောင့်မတ်သူဟူ၍ ခမည်းတော် ဘုရား၏သတ်မှတ်ခြင်းကို ခံရသည်ဖြစ်၍ ဆိုးညစ်ယိုယွင်း၍ မာသောကျောက်နှလုံးသားမှ အသားနှလုံးသား အသစ်ကို ပေးသောကြောင့် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်သည် ခည်းတော်ရှေ့ဩတ္တပစိတ်ကြည်လင်စွာဖြင့် ရပ်၍ကိုးကွယ်ခြင်းအလို့ငှာ ဖြောင့်မတ်ခြင်းတည်းဟူသော ယေရှုခရစ်တော်ကိုသာ ယူတင်ဝတ်ဆောင်ပါ၏။
Standing firmly before You, I wear the breastplate of righteousness which I have received through Jesus Christ. It is only through Him that I am declared righteous before You. Thank You for replacing my heart of stone with a new heart of flesh. I stand before You, Father, with a clear conscience, clothed in the righteousness of Christ.
▮ ငြိမ်သက်ခြင်းဧဝံဂေလိခြေစွပ် | Shoes of the Gospel of Peace
ယနေ့ ကျွန်ုပ်သည် ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောပြောအံ့သောငှာပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကို ဝတ်ပါ၏။ ယေရှုဘုရား ကိုယ်တော်သည်သာ လူ နှင့် ဘုရားကြားရှိသော အဆီးအတားများအားလုံးကို ချိုးဖောက်ဖျက်ဆီး၍ ပြန်လည်သင့်မြတ်ခြင်း နှင့် ပြန်လည်ရင်းနှီးခြင်းကို ပေးသည့်အပြင် ကျွန်ုပ်တို့လူမျိုးအချင်းချင်း၊ နိုင်ငံအချင်းချင်းကြား နှင့် တစ်ကမ္ဘာလုံးလိုအပ်နေသော စစ်မှန်သောငြိမ်ဝပ်ခြင်းချမ်းသာဖြစ်ပါ၏။ ကျွန်ုပ်အား ထိုစစ်မှန်သောငြိမ်သက်ခြင်းနှင့်ယှဉ်သော သတင်းကောင်းကို ဝေမျှဖို့ အဆင်သင့်ဖြစ်စေပါ။ အဘယ့်ကြောင့်ဆိုသော် ယေရှုဘုရား ကိုယ်တော်သည်သာ စစ်မှန်သော ငြိမ်သက်ခြင်း ဖြစ်တော်မူပါ၏။
Today, I put on the shoes of the gospel of peace, prepared to proclaim the good news. Jesus, You are the true peace that breaks down all barriers between God and humanity, and between peoples. May I be ready to share this gospel of peace wherever I go, as Jesus is our true peace.
▮ ယုံကြည်ခြင်းဒိုင်းလွှား | Shield of Faith
ရန်သူတော်စာတန်မာရ်နတ်၏ ကျွန်ုပ်အပေါ် ပစ်ခတ်တိုက်ခိုက်သောမီးစက်လက်နက်များတည်းဟူသော နှောင့်ယှက်ခြင်း၊ ပြစ်တင်စွပ်စွဲခြင်းများနှင့် ထိုးနှက်မှုများကို ဆီးကာ၊ အဆုံးသတ်ချုပ်ငြိမ်းနိုင်ရန် ယုံကြည်ခြင်းတည်း ဟူသော ဒိုင်းလွှားကိုလည်း ထပ်ဆင့်၍ ယူဆောင်ကိုင်စွဲပါ၏။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ကျမ်းစာလာသည်အတိုင်း အသက်ပေးသည်အထိ ကျွန်ုပ်ကို ချစ်သော ဘုရားသခင်၏ သားတော် ယေရှုခရစ်တော်ကိုသော ကျွန်ုပ်ယုံကြည်ပါ၏။ ယုံကြည်ခြင်းကို အစပြု ဖြစ်တည်စေ၍ စုံလင်စေသည့် အရှင်ဖြစ်တော်မူသော ယေရှု၌ ကျွန်ုပ်၏ယုံကြည်ခြင်း နေ့စဉ်တိုးပွားရန်အလို့ငှာ နှုတ်ကပါတ်တော်ကိုနေ့တိုင်း ကြားနာ၍ လက်တွေ့ကျင့်သုံးပြီး သက်သေဖြစ်စေပါမည့်အကြောင်း ဆုတောင်း ပါ၏။
I take up the shield of faith to extinguish all the fiery darts of the evil one—doubts, accusations, and temptations. As the Scripture says, “The just shall live by faith,” I trust in Jesus Christ, who loved me and gave Himself for me. My faith is grounded in Him, the author and finisher of my faith, and I pray that it grows daily through hearing and practicing Your word.
▮ ကယ်တင်ခြင်းသံခမောက် | Helmet of Salvation
ကောင်းကင်အောက်မြေကြီးပေါ်တွင် ယေရှုခရစ်တော်နာမတော်မှတပါး အခြားကယ်တင်သော နာမတော် မရှိကြောင်း ကျွန်ုပ်သိရှိပါ၏။ ထို့ကြောင့် ကျွန်ုပ်၏အပြစ် နှင့် ထာ၀ရစီရင်ခြင်းမှ ယေရှုခရစ်တော်သာလျှင် ကယ်တင်နိုင်သည်ဟုစိတ်ချယုံကြည်လျက် ခရစ်တော်အားဖြင့်ရရှိသော ကယ်တင်ခြင်းသံခမောက်လည်း ဆောင်းပါ၏။ သခင်ယေရှုဘုရား ကိုယ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ခရစ်တော်ဖြစ်ပြီး ကျွန်ုပ်၏ ကယ်တင်ခြင်းလည်းဖြစ်ပါ၏။
I acknowledge that there is no other name under heaven given among men by which we must be saved, except the name of Jesus Christ. I confidently wear the helmet of salvation, knowing that Jesus is the Christ, the Son of God, and my Savior who rescues me from sin and eternal separation from God.
▮ ဝိညာဉ်တော်၏ဓါး | Sword of the Spirit
ယနေ့ ဘုရားသခင်၏နှုတ်ကပါတ်တော်တည်းဟူသော ဝိညာဉ်တော်၏ဓါးကို ယူဆောင်ကိုင်စွဲပါ၏။ ယေရှုဘုရား ကိုယ်တော်သည် လူဇာတိအဖြစ်ကိုခံယူတော်မူသော နှုတ်ကပါတ်တော်ဖြစ်၍ အလုံးစုံတို့ကို ပြီးစီးအောင်မြင်သော အရှင်ဖြစ်ပါ၏။ ကျွန်ုပ်သည် ရန်သူ၏ စုံစမ်းနှောင့်ယှက်ခြင်းနှင့်ကြုံတွေ့ရသည့်အခါ ယေရှုကဲ့သို့ နှုတ်ကပါတ်တော်အားဖြင့်တုံ့ပြန်အောင်မြင်နိုင်ရန် နှင့် နှုတ်ကပါတ်တော်အလင်းဖွင့်ပြပေးပါမည့်အကြောင်း ဝိညာဉ်တော်ဘုရား မစတော်မူပါ။
Today, I take up the sword of the Spirit, which is the word of God. Jesus, You are the Word made flesh, who has triumphed overall. Help me to respond to the enemy’s attacks with Your word, just as You did, and to illuminate my path with Your word.
▮ ဝိညာဉ်၌ ဆုတောင်းခြင်း | Prayer in the Spirit
အဖ ယနေ့ကျွန်ုပ်သည်ခရစ်တော်ကိုယူတင်ဝတ်ဆောင်လျက် မည်ကဲ့သို့သောအခြေအမျိုးတွင်မဆို ဆုတောင်းခြင်း အမျိုးမျိုး နှင့် အသနားခံခြင်းဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် ဝိညာဉ်ထဲ၌အစဉ် ကိုယ်စားပြုဆုတောင်းတတ်သောသူဖြစ်မည့်အကြောင်း ဆက်ကပ်ပါ၏။ စိတ်မပျက်အားမလျော့ဘဲ မြဲမြံစွာ ဆုတောင်းတတ်သောသူ၊ သစ္စာရှိစွာဖြင့် ဆုတောင်းသောသူဖြစ်ရန် ကျွန်ုပ်အား ကိုယ်တော်ပြုပြင်တော်မူပါ။
Father, today I put on Christ, ready to pray in the Spirit with all kinds of prayers and requests. Help me to be alert and always keep on praying for all the Lord’s people. May I be persistent and faithful in my prayers, always seeking Your guidance.
▮ အဖ ယနေ့ ကျွန်ုပ်အတွက် ပြင်ဆင်တော်မူသော ကိုယ်တော်၏လက်နက်စုံအတွက် ကျေးဇူးတင်ပါ၏။ နေ့တိုင်းဘုရားသခင်၏လက်နက်စုံကို ဝတ်ဆင်၍ ကိုယ်တော့်ခွန်အားအပေါ်တွအားကိုးသောသူဖြစ်စေလျက် နေ့စဉ်တိုက်ပွဲတိုင်းအနိုင်ရမည့်အကြောင်း ယေရှုခရစ်တော်နာမကို အမှီပြု၍ဆုတောင်းပါ၏။
Father, I thank You for the full armor You have provided for me today. Help me to put it on daily, relying on Your strength to win every battle. I pray this in the mighty name of Jesus Christ.
အာမင် – Amen


