A Prayer Bucket List
A lot has happened during these few days which suffocates the lives of the people of Myanmar. Let’s not be weary in praying fervently as the words promise ‘‘The Lord is close to the broken hearted, he saves those who are crushed in spirit. (Psalms 34:18)” and please join us in praying for the following points:
- It is learned that a suspected Cholera case was found last week at a public health service – Father God, we pray for the power of God’s blood to cover the people of Myanmar from the outbreak of Cholera which can be fatal and rapidly transmittable.
- Flood alerts are issued for 18 townships from Kachin State, Sagaing, Magwe and Mandalay regions today – God of sun and rain, storm and breeze, please stretch your mighty hands upon all these townships and shower them with your unending mercy amidst the situation ahead.
- Rumor has it that the financial woes have made private banks shaky in addition to the skyrocketing inflation situation – God of sovereignty, we declare your authority over the financial situation in Myanmar. Please reign over the circumstances, and restore the financial institutions and grant us stability.
- Fighting is ongoing across the nation and the number of internally displaced people is increasing daily. Many have sacrificed their lives and fortune for peace. God of reconciliation, we admit only you can resolve the whole issues we are facing now and we pray ‘‘ Your Will’’ be done in Myanmar as it is in heaven.
ဆုတောင်းစာရင်းရှည်
မြန်မာပြည်သူပြည်သားများ အသက်ရှူ မွန်းကြပ်စေသည့် ဖြစ်ရပ်များ ယခုရက်ပိုင်းအတွင်း များစွာ ဖြစ်ပျက်ခဲ့ ပါသည်။ ‘‘ထာဝရဘုရားသည် ကျိုးပဲ့သော စိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တ ရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။ (ဆာလံ ၃၄:၁၈)” ဟု ကတိတော်လာသည့် အတိုင်း ဆုတောင်းခြင်းအမှုတွင် အားလျော့ခြင်း မရှိဘဲ ကြိုးစားလျက် အောက်ဖော်ပါအချက်များအတွက် ကျွန်ုပ်တို့နှင့် ပူးပေါင်းဆုတောင်းရန် ဖိတ်ခေါ်ပါသည်။
- လွန်ခဲ့သည့်အပတ်အတွင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတစ်ခုတွင် ပြင်းထန်ကာလဝမ်းရောဂါ သံသယရှိ လူနာ တွေ့ရှိထားကြောင်း သိရှိခဲ့ရပါသည် – ပြင်းထန်ကာလဝမ်းရောဂါ (Cholera )သည် အသက် အန္တရာယ်ရှိစေနိုင်ပြီး လျင်မြန်စွာ ကူးစက်နိုင်သည် ဖြစ်ရာ ခမည်းတော်ဘုရား ကိုယ်တော်၏ သွေးတော်တန်ခိုးတော်ဖြင့် မြန်မာနိုင်ငံသားအားလုံးကို ကွယ်ကာမစရန် ကျွန်ုပ်တို့ဆုတောင်းပါသည်။
- ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း ဒေသကြီး (၁၈) မြို့နယ်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ကြောင်း ယနေ့ပင် သတိပေးချက် ထုတ်ပြန်ထားပါသည် – နေမင်းနှင့် မိုးတို့၏ အရှင်၊ မုန်တိုင်း နှင့် လေညင်းတို့ကို အုပ်စိုးသော ဘုရားရှင်၊ ဖော်ပြပါ မြို့နယ်များအားလုံးအပေါ် ကိုယ်တော့် တန်ခိုးကြီး လက်ရုံးတော်ကို ဆန့်တန်းကာ လာမည့် အခြေအနေအားလုံးအပေါ် ကိုယ်တော့် အဆုံးမရှိသော ကရုဏာတော် သွန်းလောင်းတော်မူပါ။
- ငွေကြေးဖောင်းပွမှု အခြေအနေ အရှိန်အဟုန်ဖြင့် တက်နေသည့်အပြင် ဘဏ္ဍာရေး အကြပ်အတည်းများ ကြောင့် ပုဂ္ဂလိကဘဏ်များ တုန်လှုပ်နေသည်ဟု ကောလဟာလများ ထွက်ပေါ်နေပါသည် – အချုပ် အခြာ အာဏာအားလုံးတို့၏ ဘုရားသခင်၊ မြန်မာနိုင်ငံရှိ ဘဏ္ဍာရေး အခြေအနေအပေါ် ကိုယ်တော်၏ တန်ခိုး အခွင့်အာဏာကို ကျွန်ုပ်တို့ ကြေညာပါသည်။ ကျေးဇူးပြု၍ အခြေအနေများကို အုပ်စိုးပြီး ဘဏ္ဍာရေး စီမံနေသည့် အဖွဲ့အစည်းများကို ပြန်လည်ထူထောင်ကာ တည်ငြိမ်မှုကိုပေးပါ။
- တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက်သည် နေ့စဉ်နှင့်အမျှ တိုးနေပါတယ်။ ငြိမ်းချမ်းရေးအတွက် လူများစွာက မိမိတို့၏ အသက် နှင့် ကံကြမ္မာကို စတေးခဲ့ကြပြီး ဖြစ်ပါသည်။ ပြန်လည်သင့်မြတ်ရေး၏ အရှင် ဘုရားသခင်၊ ကျွန်ုပ်တို့ ယခုကြုံတွေ့နေရသော ပြဿနာအားလုံးကို ကိုယ်တော်သာဖြေရှင်းနိုင်ပြီး ‘‘အလိုတော်’’သည် ကောင်းကင်ဘုံ၌ ပြည့်စုံ သကဲ့သို့ မြန်မာနိုင်ငံအပေါ်လည်း ပြည့်စုံပါစေကြောင်း ကျွန်ုပ်တို့ ဆုတောင်းကြ ပါသည်။


