Pray for Myanmar
Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

Prayer for Godliness

Prayer for Godliness

 

The Psalms say that the one who is truly blessed (or happy) is the one who meditates on the law of the Lord day and night. In other words, it is said that those who do not just fulfill their duties but are deeply delighted and cannot help but be engaged in God’s law are those who live in godliness.

 

In this difficult time, even though we often seek satisfaction and well-being from various worldly things, we ultimately find ourselves  ruined without the fulfillment and contentment that come from the power of godliness. Therefore, let us pray for the people of God in Myanmar as follows:

 

Father God,

 

As Your Word says in Titus 2:11-12(NIV),

 “For the grace of God has appeared that offers salvation to all people. It teaches us to say ‘No’ to ungodliness and worldly passions, and to live self-controlled, upright and godly lives in this present age”,help us by Your Holy Spirit to live out godliness every day.

 

As stated in 2 Timothy 3:4, we are living in perilous times where some people pretend to be godly but deny its power. Dear father, direct us to avoid such people and to live a life of true godliness, following Christ daily, even amidst various storms and challenges.

 

For the believers in Myanmar, who are facing the perils of war, economic collapse, food scarcity, instability, injustice, and various other pressures, even feeling as if they have lost everything, as Your Word says in 1 Timothy 6:6,  “But godliness with contentment is great gain” (1 Timothy 6:6, NIV),

 

May your people who are “rich in good deeds,” who see Your presence in the midst of spiritual matters, and who seek “the things above,” become “content”  in Christ.

 

In Jesus’ name, Amen.

 

ဘုရားဝတ်၌မွေ့လျော်ရန်ဆုတောင်းခြင်း

 

ဆာလံသီချင်းများက စစ်မှန်သောကောင်းကြီးရသောသူ (သို့) မင်္ဂလာရှိသောသူသည် ဘုရားသခင်၏ တရားတော် ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသာဖြစ်သည်ဟုဆိုသည်။ တစ်နည်းမူ ဘုရားဝတ်ကို ပြုသင့်ပြုထိုက်၍ ၀တ္တရားကျေရုံသက်သက်၊ တာဝန်အရပြုကျင့်သည်မဟုတ်ဘဲ ထိုတရားတော်၌မွေ့လျော်အားကြီးပြီး မပြုဘဲ မနေနိုင်သောကြောင့် စိတ်လှုပ်ရှားစွာဖြင့် ပျော်မွေ့နေသောသူဖြစ်ကြောင်း ပြောဆိုထားသည်။

 

ဤကပ်ကာလတွင် ကျွန်တော်တို့၏အသက်တာ၌ ထိုမွေ့လျော်ခြင်းတန်ခိုးမှရရှိသော ကျေနပ်ခြင်းနှင့်သာယာမှုကို  အခြားလောကအရာအမျိုးမျိုးဖြင့်အစားထိုးရှာဖွေတတ်ကြသော်လည်း ကျေနပ်ရောင့်ရဲခြင်းမရှိနိုင်ဘဲ အဆုံးသတ် တွင် ပျက်စီးခြင်းသာတွေ့ကြုံရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိဘုရားသခင်၏လူများ၊ အောက်ပါအတိုင်း ဆုတောင်းကြပါစို့။

ကောင်းကင်အဖ

 

ကိုယ်တော်၏နှုတ်ကပါတ်တော် တိတု ၂:၁၁ -၁၂ တွင် ပြောထားသည့်အတိုင်း  ‘.. မင်္ဂ​လာ​ရှိ​သော မျှော်​လ​င့်​ရာ​ နှင့် အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘုန်း​အ​သ​ရေ​တော် ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို​လည်း​ကောင်း၊ မျှော်​လ​င့်​လျက်၊ ဘု​ရား​မဲ့ တ​ရား​မဲ့​နေ​ခြင်း၊ လော​ကီ​တပ်​မက်​ခြင်း​ကို ပယ်​ရှား​လျက်၊  ဣ​န္ဒြေ​စောင့်​ခြင်း၊ တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ ​မွေ့​လျော်​ခြင်း​တို့​ကို ပြု​နေ​ရ​မည်​အ​ကြောင်း..  နေ့ရက်စဉ်တိုင်း ဝိညာဉ်တော်ဘုရား ကူညီမစပေးတော်မူပါမည့် အကြောင်း ဆုတောင်းကြပါ၏။

 

ယခုကာလသည် ခဲယဉ်းဆိုးယုတ်သောကာလဖြစ်သည့်အတိုင်း တိမောသေဩဝါဒစာ ဒုတိယစာစောင် ၃:၄ တွင် ပြောထားသကဲ့သို့ “လူအချို့တို့၏ထုံးစံဖြစ်သော ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူများနှင့်ကြဉ်ရှောင်”၍ မိမိအသက်တာသည် ဘ၀မုန်တိုင်းအမျိုးမျိုး နှင့် အခက်အခဲအ မျိုးမျိုး ကြားထဲတွင် “ဘုရားဝတ်၌မွေ့လျော်ကာ  နေ့ရက်စဉ်တိုင်း ခရစ်တော်နောက်ကို လိုက်သောသူဖြစ်ဖို့” ဆုတောင်း ပါ၏။

 

လက်ရှိအချိန်မှာ မြန်မာနိုင်ငံတွင် စစ်မက်ဘေးဒဏ်၊ စီးပွားရေးချွတ်ခြုံကျမှု၊ စားဝတ်နေရေးခက်ခဲမှု၊ မတည်ငြိမ်မှု၊  မတရားမှုအမျိုးမျိုး နှင့် စိတ်ကျဉ်းကြပ်စရာအမျိုးမျိုးကြုံတွေ့နေ၍ အရာအားလုံး ဆုံးရှုံး သကဲ့သို့ ခံစားနေရစဉ်ပင် တိမောသေဩဝါဒစာ ပထမစာစောင် ၆:၆ တွင် နှုတ်ကပါတ်တော်က ပြောထားသည့်အတိုင်း ယုံကြည်သူများမှာမူ “တရားဝတ်၌မွေ့လျော်ပြီး ကြီးစွာသောအကျိုးစီးပွားရသောသူ” များ၊ ဝိညာဉ်ရေးရာ တွင် “ကိုယ်တော်၏ အဖြစ်တော်ကို သိမြင်၍ နိုင်ငံတော်နှင့်ဆိုင်သော အထက်အရာများသာကိုရှာဖွေ၍ “ကျေနပ်ရောင့်ရဲသောသူ” များ ဖြစ်ဖို့ ဆုတောင်းပါ၏။

 

ယေရှုနာမ၌ …

အာမင်

 

Recent posts

A Prayer for Protection and Strength Against False Accusations |မှားယွင်းသော စွပ်စွဲခြင်း ခံရချိန် အကွယ်အကာ နှင့် ခွန်အားရရှိရန် ဆုတောင်းချက်

A Prayer for Protection and Strength Against False Accusations |မှားယွင်းသော စွပ်စွဲခြင်း ခံရချိန် အကွယ်အကာ နှင့် ခွန်အားရရှိရန် ဆုတောင်းချက်   Dear Heavenly Father, ချစ်လှစွာသော ကောင်းကင်ဘုံရှင်အဘ၊   🙏 I

Read More »

Prayer for Domestic and International Migrants | ပြည်တွင်းပြည်ပ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဆုတောင်း

Prayer for Domestic and International Migrants | ပြည်တွင်းပြည်ပ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဆုတောင်း   Heavenly Father, ကောင်းကင်ဘုံအဖ   🙏 We come before You with hearts full of compassion,

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative