2024 is a significant year for the substantial number of elections planned to be held throughout the world. Among them, 7 of the world’s 10 most populous nations (Bangladesh, India, United States, Indonesia, Pakistan, Russia, Mexico) are included; countries that are home to nearly half of the world’s population.
As we pray for the emergence of Christ-like leaders in Myanmar, join us to pray for God’s intervention to have just, peaceful and transparent elections respectively in these nations which are yet to hold elections. Most importantly, let’s pray for the rise of God-fearing leaders across the globe.
I urge, then, first of all, that petitions, prayers, intercession and thanksgiving be made for all people— for kings and all those in authority, that we may live peaceful and quiet lives in all godliness and holiness. This is good, and pleases God our Savior, who wants all people to be saved and to come to a knowledge of the truth. (1 Timothy 2;1-4)
အနာဂတ်တိုင်းနိုင်ငံခေါင်းဆောင်များအတွက် ဆုတောင်းချက်
၂၀၂၄ခုနှစ် သည် ကမ္ဘာတစ်ဝှမ်းတွင် ရွေးကောက်ပွဲများ ကျင်းပမည့် နိုင်ငံ များပြားလှသဖြင့် ထူးခြားသောနှစ် ဖြစ်ပါသည်။ ၎င်းတို့အနက် ကမ္ဘာ့လူဦးရေအများဆုံး (၁၀) နိုင်ငံမှ (၇) နိုင်ငံ (ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အမေရိက၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ရုရှား၊ မက္ကဆီကို) တို့ ပါဝင်ပါသည်။ ယင်းသည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါး နေထိုင်သည့် နိုင်ငံများ ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွက် ခရစ်တော် ကဲ့သို့ ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအတွက် ကျွန်ုပ်တို့ ဆုတောင်းနေသကဲ့သို့ ရွေးကောက်ပွဲ ကျင်းပရမည့် ဤနိုင်ငံများအတွက် တရားမျှတ၍ ငြိမ်းချမ်းပြီး ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ဘုရားသခင် ကြားဝင်ဆောင်ရွက်ပေးရန် အတူတကွ ဆုတောင်းကြရန် နှိုးဆော်အပ်ပါသည်။ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ဘုရားသခင်ကိုကြောက်ရွံ့သော ခေါင်းဆောင်များ ပေါ်ထွန်းကားလာစေရန် ဆုတောင်းကြပါစို့။
သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။ ငါတို့သည်ဘုရားဝတ်၌မွေ့လျော်ကာ ငြိမ်းချမ်းသာယာစွာနေနိုင်ကြမည်အကြောင်း ရှင်ဘုရင်များနှင့်အာဏာပိုင် အပေါင်းတို့အတွက် ဆုတောင်းပတ္ထနာ ပြုကြလော့။ ဤအမှုသည်ကောင်းမြတ်သောအမှု၊ ငါတို့၏ ကယ်တင်ရှင်ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။- လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။- တိမောသေဩဝါဒစာပဋ္ဌမစောင် ၂:၁-၄ ( BCL)


