Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

အသက်မွေးလောက်သောအစာ | 𝐎𝐮𝐫 𝐃𝐚𝐢𝐥𝐲 𝐁𝐫𝐞𝐚𝐝

အသက်မွေးလောက်သောအစာ | 𝐎𝐮𝐫 𝐃𝐚𝐢𝐥𝐲 𝐁𝐫𝐞𝐚𝐝

ပြီးခဲ့သည်အပါတ်များတွင် ပဌနာတော်ထဲရှိ ဘုရားသခင်နှင့်ဆိုင်သော ဆုတောင်းချက် (၃) ချက်ကို အခြေပြုပြီး မြန်မာနိုင်ငံအတွက် ဆုတောင်းခဲ့ပြီးဖြစ်သည်။ ယနေ့တွင် ဤလူ့လောကတွင်အသက်ရှင်စဉ် လိုအပ်သောအရာမျာကို ပဌနာတော်ပေါ်အခြေခံပြီး မြန်မာနိုင်ငံအတွက် ဆက်လက်ဆုတောင်းကြဖို့ ပြင်ဆင်ကြပါစို့။

‘အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား ယ​နေ့ ပေး​သ​နား​တော်​မူ​ပါ။- ‘ — ရှင်မဿဲ ၆:၁၁

In previous weeks, we have prayed for Myanmar based on the first three petitions of the Lord’s Prayer concerning God. Today, let’s prepare to continue praying for Myanmar based on the next petition in the Lord’s Prayer, which focuses on what we need to live in this world.

“Give us this day our daily bread.” — Matthew 6:11

ဓမ္မဟောင်းတွင် အစ္စရေးလူမျိုးများတောလည်ရာကာလတွင် အဲဂုတ္တုအတွေးအခေါ်ဟောင်းကို ချွတ်ပါယ်ရပြီး အသစ်သင်ယူရသောသင်ခန်းစာတစ်ခုမှာ ဘုရားသခင်သည် နေ့စဉ်လိုအပ်ချက်များကို “ထောက်ပံ့သောဘုရား” ဖြစ်ကြောင်း ကောင်းကင်မှမာနမုန့်၊ ကျောက်ထဲကရေထွက်စေခြင်းအားဖြင့် ဘုရားသခင်သည် သူ့ကိုယ်သူဖွင့်ပြခဲ့သည်။ ထိုဘုရားကို ကိုးစားတတ်ရန် ယုံကြည်ခြင်းသင်ခန်းစာကို နေ့တိုင်းသင်ယူခဲ့ကြရသည်။

In the Old Testament, during the Israelites’ time in the wilderness, they had to unlearn their old mindset from Egypt and learn a new lesson: that God is “the God who provides for daily needs.” God revealed Himself by giving manna from heaven and water from the rock, teaching them that they had to trust Him daily to meet their needs.

ဓမ္မသစ်တွင်လည်း ယေရှုခရစ်တော်သည် ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကြေငြာဟောပြောသည့် တောင်ပေါ်ဒေသနာတွင်လည်း သူ၏နောက်တော်လိုက်မည့်သူများ စားဝတ်နေရေးကိစ္စနှင့်သာ အသက်တာကိုတန်ဖိုးမဲ့စွာ ကုန်ဆုံးစေရလောက်အောင် စိုးရိမ်ပူပန်နေခြင်းထက် ဘုရားသခင်၏ နိုင်ငံတော် နှင့် သူ၏ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာဖွေပြီး ထာ၀ရဘုန်းတော်အတွက် ပြင်ဆင်ဖို့ ပြန်လည်ဟောကြားခြင်းဖြင့် ယနေ့ယုံကြည်သူများကို ကတိတော်နှင့်တကွ စိန်ခေါ်နေခြင်းဖြစ်ပါသည်။

In the New Testament, Jesus Christ, in His Sermon on the Mount, proclaimed the Kingdom of God. He called His followers to seek first the Kingdom of God and His righteousness instead of wasting their lives worrying about daily necessities like food and clothing. This message challenges believers today as well, along with His promise that those who do this will have their needs met.

ထို့ကြောင့် “အသက်မွေးလောက်သောအစာ” ဆိုသည်မှာ ယခုကာလ၊ ယနေ့အတွက် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာများကို ဆိုလိုသည်သာမက ဘုရား၏အသံတော်ကိုကြားဖို့၊ နိုင်ငံတော်ကို ဦးစားပေးရှာဖို့ရန်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများသည် ကျွန်ုပ်တို့မြန်မာနိုင်ငံသမိုင်းသစ်အတွက် ယနေ့၌ လတ်ဆတ်သော “ယခုဖွင့်ပြချက်” ရရှိဖို့လည်း ကောင်းကင်ဘုံအဖထံ လိုချင်မျှော်လင့်လျက်၊ ဆုတောင်းတတ်ရမည်။ ဆင်ခြင်၍ ဝန်ခံဆုတောင်းကြပါစို့။

Therefore, “our daily bread” refers not only to the material needs for today but also to the need to hear God’s voice and prioritize seeking His Kingdom. Believers must pray with a longing for a fresh revelation from heaven today, as we look forward to a new chapter in Myanmar’s history. Let us pray and confess with humility.

“ကောင်းကင်ဘုံအဖ၊ ကိုယ်တော်သည် ကျွန်ုပ်တို့လိုအပ်သမျှကို ထောက်ပံ့တော်မူသောဘုရားဖြစ်သောကြောင့် ဂုဏ်တော်ကို ချီးမွမ်းပါ၏။ ဤမျှလောက်ကောင်းမြတ်သောဘုရားကို ကျွန်ုပ်တို့လုံး လုံးလျားလျားမယုံကြည်နိုင်၍ ဦးစားပေး၊ ဦးထိပ်ထားမှားသောအပြစ်များအတွက်လည်း ဝန်ချတောင်းပန်ပါ၏။

“O Heavenly Father, we praise You because You are the God who provides all that we need. Forgive us for not fully trusting in such a great and gracious God, and for putting other things ahead of You.

ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည် “ထောက်ပံ့သောဘုရား” ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အခြေခံလိုအပ်ချက်များဖြစ်သော အာဟာဖြစ်စေမည့်အစားအစာ၊ သန့်ရှင်းသောရေ၊ ဆေးဝါး နှင့် နေအိမ်များ၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံ့ရေး စိတ်ပိုင်းဆိုင်ရာ စသဖြင့်သော လိုအပ်ချက်မျာအားလုံးအတွက် ကျွန်ုပ်တို့ယုံကြည်သူများ ကိုယ်တော်၏နာမ၌ကိုယ်စားပြုဆုတောင်းပါ၏။

Lord, as You are our ‘God who provides,’ we, as the people of Myanmar, pray in Your name for all the basic needs of our nation—food to sustain us, clean water, medicine, homes, education, and jobs. For all of these needs, we trust in Your provision.

အရေးကြီးဆုံး ယနေ့အတွက်ကိုယ်တော်၏စကားတော်၊ ယနေ့ဖွင့်ပြခြင်းကို နေ့တိုင်းသိမြင်နားလည်နိုင်ရန် ဉာဏ်မျက်စိအလင်းဖွင့်ပေးပါ။ နိုင်ငံတော်ကိုဦးစွာရှာဖွေလျက် ကိုယ်တော်၏ဖြောင့်မတ်ခြင်း၌ ရှင်သန်သော မြန်မာပြည်သူ၊ ပြည်သားများဖြစ်ဖို့ ယေရှုနာမ၌ ဆုတောင်းပါ၏။

အ​သက်​မွေး​လောက်​သော​အ​စာ​ကို မြန်မာပြည်သူ၊ ပြည်သားတို့အား ယ​နေ့ ပေး​သ​နား​တော်​မူ​ပါ။

Above all, open the eyes of our hearts to understand and receive Your Word for today, the fresh revelation that will sustain us spiritually. May the people of Myanmar first seek Your Kingdom and live in Your righteousness, through Jesus’ name we pray.

Give the people of Myanmar their daily bread today, O Lord.”

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative