အလိုတော်ပြည့်စုံပါစေ | 𝐋𝐞𝐭 𝐘𝐨𝐮𝐫 𝐖𝐢𝐥𝐥 𝐛𝐞 𝐃𝐨𝐧𝐞
‘နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။- ‘ ရှင်မဿဲ 6:10
“May Your Kingdom come, and may Your will be done on earth as it is in heaven.” – Matthew 6:10
ကောင်းကင်နိုင်ငံတွင် ကောင်းကင်တမန်များသည် ဘုရားသခင်၏အလိုမှလွဲ၍အခြားအလိုဆန္ဒတစ်ခုမျှမရှိဘဲ တညီတညွတ်တည်းအစေခံကြ၍ ဘုရားအလိုတော်ကို အပြည့်အ၀သက်ရောက်စေသည်။ ကောင်းကင်ဘုံသည် အဘယ်မျှလောက်စုံလင်၍ ပျော်ရွှင်ဖွယ်၊ နှစ်သက်ဖွယ်ဖြစ်မည်နည်း။
In heaven, the angels have no desire other than God’s will, and they obey Him in perfect unity, fulfilling His will completely. How perfect, how joyful, and how delightful heaven must be!
သိုသော်ဘုရားသခင်သည် ထိုကောင်းမြတ်စုံလင်သည့်ကောင်းကင်ဘုံကို လူသားမျာအားချစ်၍ မျှဝေခံစားပေးအပ်လိုသောကြောင့် တစ်ပါးတည်းသောသားတော်ကို မြေကြီးသိုစေလွှတ်ခဲ့သည်။ ဘုရားသခင်၏ သားတော်သည်လည်း လူသားတစ်ယောက်၏အနေဖြင့် သူ၏အလိုထက် လူသားအားလုံးအတွက် ခမည်းတော်၏အလိုတော်အတိုင်း ဝန်ခံအပ်နှံပြီး ကားတိုင်ထက်တွင်အသေခံခြင်းက မြေကြီးပေါ်တွင် အလိုတော်တည်ခြင်းဖြစ်ပါသည်။
However, because God loves humanity and desires to share this perfect and glorious heaven with us, He sent His one and only Son to the earth. The Son of God, as a man, submitted to the will of the Father for the sake of all humanity, surrendering Himself and dying on the cross. This is the fulfillment of God’s will on earth.
ကမ္ဘာဦးတွင် အာဒံနှင့် ဧ၀တိုသည် ဧဒင်ဥယျာဉ်တော်ထဲ၌စကားနားမထောင်သောကြောင့် လူသားအားလုံး အပြစ်ထဲကျရောက်သော်လည်း သားတော်ယေရှုသည် ဂေသရှေမန်ဥယျာဉ်တော်ထဲ၌ ဘုရား၏အလိုကို နာခံခြင်းအားဖြင့် လူသားသမိုင်းအတွက် ထာ၀ရကာလတိုင်အောင် ပြောင်းလဲခြင်း၀တ္ထုအသစ်ရေးခဲ့သည်။ ထိုကဲ့သို မျက်မှောက်ခေတ်မြန်မာပြည်ယုံကြည်သူများ ဘုရားသခင်၏ အလိုတော်ကို ယနေ့နားထောင်နာခံခြင်းက မနက်ဖန်မြန်မာနိုင်ငံတော် နှင့် နောင်လာနောက်သားတိုအတွက် သမိုင်းအသစ်ရေးထိုးခြင်းဖြစ်သည်။ ထိုကြောင့် မိမိကိုယ်ကိုငြင်းပယ်လျက် နားထောင်နာခံခြင်းဖြင့် ဘုရားအလိုတော် မိမိအသက်တာ၊ မြန်မာနိုင်ငံသူနိုင်ငံသားတိုတွင် တည်ဖို ဆုတောင်းကြပါစို။
In the beginning, Adam and Eve’s disobedience in the Garden of Eden caused all of humanity to fall into sin. Yet, through the Son, Jesus Christ, who obeyed God’s will in the Garden of Gethsemane, the course of human history was transformed for eternity. In the same way, the obedience of believers in Myanmar today to God’s will is rewriting history for the future of the nation and its people. Therefore, let us deny ourselves, obey, and pray that God’s will be established in our lives and in the people of Myanmar.
‘မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို၊ ငါ၏အကျင့်သည် သင်တို၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။ ‘
ဟေရှာယ ၅၅း၉
“As the heavens are higher than the earth, so are My ways higher than your ways and My thoughts than your thoughts.” – Isaiah 55:9
ယနေ့မြန်မာနိုင်ငံအပေါ်တွင် ဘုရားသခင်၏အလိုတော် ပြည့်စုံပါစေ။ ကျွန်ုပ်တိုမြန်မာနိုင်ငံသားများ၏ ယခုအတွက် လိုချင်သောသောအလိုဆန္ဒ၊ နှလုံးသားအကြံအစည်အားလုံး လူ့ ဉာဏ်နှင့် ကြံစည်မမှီနိုင်သော ဘုရားသခင်၏အလိုတော်သာ ပြည့်စုံခြင်းရှိပါစေ။ ယနေ့ခတ်မြန်မာပြည်ရှိယုံကြည်သူများသည် မိမိတိုယုံကြည်ခြင်းပန်းတိုင်ကိုအရောက်လှမ်း၍ နာခံသောမျိုးဆက်များဖြစ်ပါစေ။
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို မြန်မာပြည်၌ ပြည့်စုံပါစေ။
May God’s will be fulfilled over Myanmar today. Let all of our personal desires and plans, all the thoughts and intentions of our hearts, be aligned with His will that surpasses all human wisdom. May the believers in Myanmar today be a generation of obedience, reaching the goal of their faith.
May Your will be done in Myanmar as it is in heaven.


