Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

အရှိန်ကြီးသော ပဌနာပြုရန် ဖိတ်ခေါ်ခြင်း | 𝐀 𝐂𝐚𝐥𝐥 𝐭𝐨 𝐅𝐞𝐫𝐯𝐞𝐧𝐭 𝐏𝐫𝐚𝐲𝐞𝐫

🙏 အရှိန်ကြီးသော ပဌနာပြုရန် ဖိတ်ခေါ်ခြင်း | 𝐀 𝐂𝐚𝐥𝐥 𝐭𝐨 𝐅𝐞𝐫𝐯𝐞𝐧𝐭 𝐏𝐫𝐚𝐲𝐞𝐫 🙏

 

ကျမ်းစာထဲတွင် သခင်ယေရှုကပင် အံ့ဩရသော ကြီးမားသည့်ယုံကြည်ခြင်းရှိသူဟု အချီးမွမ်းခံရသူနှစ်ဦးရှိပါသည်။ မည်သူမည်ဝါဖြစ်မည်ဟု သင်စဉ်းစားဖူးပါသလား။ ယေရှု၏နောက်တော်သို့ ထပ်ကြပ်မကွာလိုက်သော တမန်တော်ကြီးများလား။ သို့မဟုတ်   အစ္စရေးလူမျိုးကျမ်းတတ်ပုဂ္ဂိုလ်များ၊ ယဇ်ပရောဟိတ်ကြီးများ၊ နာမည်ကျော် ကျမ်းစာဇာတ်ကောင် တစ်ယောက်ယောက်ဟု သင်ထင်ပါလိမ့်မည်။

 

In the Scriptures, there are two individuals whom even the Lord Jesus himself marveled at for their great faith. Have you ever thought about who they might be? Perhaps you would guess that they were among the devoted disciples who followed closely behind Jesus, or maybe well-known Israelites, learned scholars, high priests, or some other respected biblical figures.

 

သို့သော် “ကြီးမားသည့်ယုံကြည်ခြင်းရှိသူ”ဟု သခင်ယေရှု၏ချီးမွမ်းခံရသူနှစ်ဦးမှာ သင်ထင်မှတ်ထားသည့်သူထဲက မဟုတ်သည့်အပြင် အစ္စရေးလူမျိုးထဲမှလည်းမဟုတ်ပေ။ တစ်ဦးမှာ ရောမတပ်မှူးဖြစ်၍ နောက်တစ်ယောက်မှာ ခါနာန်အမျိုးသမီးဖြစ်ပြီး နှစ်ဦးလုံးသည် တပါးအမျိုးသားများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ပဋိညာဉ် နှင့်ဆိုင်သောအမျိုးများမဟုတ်ပေ။ ပညတ္တိကျမ်းတို့ကို ဘိုးစဉ်ဘောင်ဆက် စောင့်ထိန်းနိုင်ခဲ့ကြသည်လည်း  မဟုတ်ပေ။  သို့သော်လည်း သူတို့ကိုထူးခြားစေသည်မှာ “ယုံကြည်ခြင်း” ဖြစ်သည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ ဖြစ်ခြင်းအပေါ် ယုံကြည်၍ တိုးဝင်ချဉ်းကပ်ခဲ့ကြသည်။ 

 

However, the two individuals whom the Lord Jesus commended for having “great faith” were neither someone  you  would  expect nor  the Israelites. One was a Roman centurion, and the other was a Canaanite woman, both of whom were Gentiles. They were not from the people associated with God’s covenant. They had not inherited the Scriptures through generations. Yet, what made them stand out was their faith. They approached God, believing in His goodness and His being.

 

တစ်ခါတစ်ရံ ကျွန်တော်တို့သည် ယခုအခြေအနေအတွက်ထိုးဖောက်ခြင်း၊ ကောင်းကြီးမင်္ဂလာ နှင့် ဆုတောင်းချက် အဖြေသည် ငါတို့နှင့်မထိုက်တန်ဟု မိမိကိုယ်ကိုနှစ်သိမ့်တတ်လျက် ဆုတောင်းခြင်းလမ်းတစ်ဝက်တွင် ရပ်တန့် မိတတ်ကြသည်။ ယနေ့ ထိုခါနန်အမျိုးသမီးထံမှ သင်ယူကြပါစို့။ သူမသည်တောင်းသည့်ဆုနှင့် မထိုက်တန်ဟု ငြင်းပယ်ခံရသော်လည်း စိတ်မပျက်ဘဲ ယုံကြည်ခြင်းနှင့် ဆက်လက်တိုးဝင်ခဲ့သည်။  ယုံကြည်ခြင်းနှင့်ယေရှု ဘုရားထံတိုးဝင်သောသူတို့ကို အချည်းနှီးအကျိုးမဲ့ဖြစ်စေမည်မဟုတ်ဟု စိတ်ချခြင်းမျိုးနှင့် ဘုရားသခင်ထံ ဆက်လက်တိုးဝင်သောအခါ ဘုရားသခင်၏ကျေးဇူးပြုခြင်းခံစားခဲ့ရသည်။ ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသည် ကောင်းမြတ်သောဘုရားသခင်ဖြစ်ပါသည်။

 

Sometimes, we tend to stop halfway, comforting ourselves with the thought that breakthroughs, blessings, and answered prayers are not meant for us. Today, let’s learn from the Canaanite woman. Even though her request was initially rejected as undeserving, she did not lose heart but persisted in faith. Those who persist in faith and approach Jesus will not be left empty-handed; they will experience God’s grace. Our God, whom we worship, is a good God.

 

ထို့အတူ ဘုရားသခင်၏နှုတ်ထွက်စကားတော်တစ်ခွန်းမိန့်တော်မူလျှင် ထိုနှုတ်ကပါတ်စကားသည် နယ်နိမိတ် အဆီးအတားမရှိ၊ အချိန်၏ကန့်သတ်ခြင်းမရှိ ချက်ခြင်းဖြစ်နိုင်သည်ဟု ဘဘုရား၏တတ်နိုင်ခြင်း၊ အလုံးစုံ ပိုင်သအုပ်စိုးခြင်းကို ရောမတပ်မှူးကလည်း ယုံကြည်ခဲ့သည်။ မှန်ပါသည်။ ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသည် အရာအားလုံးပိုင်သအုပ်စိုးသောဘုရားဖြစ်ပါသည်။

Similarly, like the Roman centurion, believe in the authority of God’s word—that a single command from God transcends all boundaries and can accomplish anything immediately. Yes, the God we worship is the Sovereign Lord over all things.

 

ထိုသူတို့သူကဲ့သို့သူများ၏ ယုံကြည်ခြင်းပါသောဆုတောင်းခြင်းသည်ဘုရားသခင်၏တန်ခိုးတော်သက်သေကို မြင်တွေ့ရလျှင် ခရစ်တော်ယေရှု၏ အသွေးတော်အားဖြင့်ရွေးနှုတ်ကယ်တင်ခြင်းခံရသောသူများသည်  ဝိညာဉ်တော်၏ စောင်မခြင်းနှင့် တောင်းသော အရှိန်ကြီးသောပဌာနာတော်ကား အဘယ်မျှလောက် တန်ခိုးကြီး မည်နည်း။  ထို့ကြောင့် ရန်သူမာရ်နတ်သည် ယုံကြည်သူတို့တစ်လုံးတစ်၀တည်း အရှိန်ကြီးစွာဆုမတောင်းနိုင်ရန် နည်းပရိယာယ်အမျိုးမျိုးကြံစည်နေပေလိမ့်မည်။ ယနေ့ ယုံကြည်သူတို့.. ဘုရားသခင်၏ ကတိတော် အမှန် ပြည့်စုံမည်ဖြစ်သောကြောင့် အရှိန်ကြီးသောပဌာပြုခြင်းဖြင့် ပြင်ဆင်ကြပါစို့။

 

When believers like these offer prayers filled with faith, witnessing God’s power at work, how much more powerful will the fervent prayers of those chosen and redeemed by the blood of Christ, under the anointing of the Holy Spirit, be? That is why the enemy, Satan, will likely devise various schemes to prevent believers from praying fervently in unity. Today, believers… since the promises of God are true and sure, let us prepare by praying fervently.

 

ကျေးဇူးတော်ကြောင့် ၂၀၂၄ ခုနှစ် ၈ လတာလုံးလုံး အခြေအနေအမျိုးမျိုးကြားထဲမှ ကျော်ဖြတ်လာခဲ့ပြီးဖြစ် ပါသည်။ ဤအထိ၊ ဤမျှလောက်အထိပို့ဆောင်သောထိုဘုရားသခင်သည် ယခု စက်တင်ဘာလထဲတွင် ကြီးသောအမှုပြုတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် ယုံကြည်သူညီအစ်ကိုတို့ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ  ကြီးသောယုံကြည်ခြင်းနှင့် အထံတော်သို့ ဘုရားသခင်၏ဖြစ်တည်ခြင်းအပေါ် တိုးဝင်ချဉ်းကပ်လျက် ကျွန်ုပ်တို့တိုင်းပြည်ကြီးမြန်မာနိုင်ငံအတွက်၊ အရာရာအတွက်စိုးရိမ်ရမည့်အစား သာ၍ချီးမွမ်းလျက် ဆုတောင်းခြင်းအရှိန်တိုးမြှင့်ခြင်းဖြင့်ကတိတော်ပြည့်စုံမည့်အချိန်ကို ကြိုဆိုကြပါစို့။  ဟာလေလုယ။

 

By the grace of God, we have already made it through the first eight months of 2024, despite various challenges. The God who has brought us this far will do great things this September. Therefore, brothers and sisters in faith, without losing heart, let us approach the throne with great faith in God’s being and intercede for our great nation, Myanmar. Instead of worrying about everything, let us welcome the time when God’s promises will be fulfilled by intensifying our prayers with praise. Hallelujah.

 

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative