အမေ့လျော့ခံသောသူတို့အတွက် ဆုတောင်းခြင်း | 𝗣𝗿𝗮𝘆𝗲𝗿 𝗳𝗼𝗿 𝘁𝗵𝗲 𝗙𝗼𝗿𝗴𝗼𝘁𝘁𝗲𝗻
တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်က ကျွန်တော်တို့ကို မေ့လျော့သွားပြီလားဟု ခံစားရသောအချိန်ရှိတတ်သည်။ ကျွန်ုပ်တို့နိုင်ငံခံစားရသည့်အရာများကြားတွင် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများ အချည်းနှီးဖြစ်သွားသကဲ့သို့ပင် ခံစာရတတ်သည်။ သို့သော်လည်း ဘုရားသခင်သည် မေ့လျော့တတ်တတ်သောဘုရားမဟုတ်။ စင်စစ်အမေ့လျော့ခံသူတို့၏ဘုရား၊ ပယ်ထားခြင်းခံရသော လူမျိုးတို့ကို ရွေးနှုတ်ကယ်တင်သောဘုရားဖြစ်ပါသည်။
There are times in our lives when we feel as though the God we worship has forgotten us. Amid the trials we face in our nation, we may feel this way. But God is not a God who forgets. He is the God of the truly forgotten, the God who chooses and saves the abandoned.
အစ္စရေးလူမျိုးတို့ အဲဂုတ္တုနိုင်ငံဖာရောဘုရင် အောက်၌ ကျွန်ဖြစ်၍အလွန်ခက်ခဲချိန်တွင် ဘုရားသခင်သည်သတိရအောက်မေ့၍ မောရှေအားဖြင့်လွတ်မြောက်ရာလမ်း ပြင်ဆင်ပေးခဲ့သည်။ မကောင်းသောအမျိုး၊ ကျိန်ခြင်းခံအပ်သောအမျိုးဟု သတ်မှတ်ခံရသော မောဘအမျိုးမှ ဆင်းသက်သော ရုသဟူသောအမျိုးသမီးအားဖြင့် ဘုရားသခင်၏မဟာရွေးနှုတ်ကယ်တင်ခြင်း မောဘလူမျိုးများအပေါ် ပြန်လည်သက်ရောက်စေခဲ့သည်။ ထို့ပြင် လူသားတစ်မျိုးလုံးကိုကယ်တင်မည့် ယေရှုမွေးဖွားရာ ဆွေစဉ်မျိုးဆက်စာရင်းတွင် ထိုမောဘအမျိုးသမီးဖြစ်သော ဗောဇ၏မယားရုသလည်း ပါဝင်ခဲ့သည်။ မိမိကိုဖန်ဆင်းသောအဖဘုရားမေ့လျော့ပြီး အခြားသောအရာများကိုကိုးကွယ်သော လောကလူသားများအားလုံးကို ဘုရားသခင်သည်မေ့လျော့ခြင်းမရှိဘဲ သူ့သားတော်ကိုပေး၍ အပ္ပါယ်ငရဲလားမည့်စီရင်ခြင်းမှ လွတ်မြောက်စေခဲ့သည်။ ဘုရားသခင်သည် ကတိတည်သောဘုရား၊ သတိရအောက်မေ့သောဘုရားဖြစ်ပါသည်။ ဟာလေလုယ။
When the Israelites were slaves under Pharaoh in Egypt, during their most difficult times, God remembered them and prepared a way for their deliverance through Moses. Through Ruth, a woman from Moab—a nation considered cursed and despised—God’s great plan of salvation extended to the Moabites. Moreover, Ruth, the Moabite woman who became Boaz’s wife, was included in the genealogy of Jesus, who would bring salvation to all of humanity. God did not forget humanity, which had forgotten its Creator and turned to other things. Instead, He gave His Son so that all who believe in Him might be saved from the judgment of hell. God is a faithful God, a God who remembers. Hallelujah!
ကျွန်ုပ်တို့၏ဘုရားသခင်သည် မေ့လျော့တတ်သောဘုရားမဟုတ်။ အမေ့လျော့ခံ၍ ပယ်ခြင်းခံရသောသူများကို သတိရအောက်မေ့တော်မူသောဘုရားဖြစ်ပါသည်။ ယနေ့ ထိုဘုရား၏ဖြစ်ခြင်း ဂုဏ်အင်္ဂါတော်ကိုအမှီပြု၍ အတူတကွဆုတောင်းပဌနာပြုကြပါစို့။
Our God is not a God who forgets. He is a God who remembers those who are forgotten and abandoned. Today, let us rely on this attribute of God as we pray together.
ကောင်းကင်ဘုံအဖ
ကိုယ်တော်သည် နာမည်မရှိသောသူတို့၏ဘုရား၊ အသံမဲ့သောသူတို့၏ဘုရား၊ လူများ၏ပယ်ထားခြင်းခံရသောသူတို့ကို ချစ်လျက်၊ ဂရုစိုက်လျက်၊ ကယ်တင်လျက် ပြာအရာမှပေါင်းသရဖူသို့ ချီးမြှောက်သောဘုရားဖြစ်သောကြောင့် နာမတော်ကိုချီးမွမ်းပါ၏။ ယနေ့မိမိအသက်တာတွင် မေ့လျော့ခြင်းခံရပြီး လိုအပ်သည့် ဂရုစိုက်မှုမခံစားရသူများအတွက် ဆုတောင်းပေးပါ၏။ ကိုယ်တော်သည် အမေ့လျော့ခံရသောသူများ၏ ဆင်းရဲဒုက္ခ၊ ငိုကြွေးခြင်းအသံကို ကြားလျက် အဘယ်သူမျှထင်မှတ်မထားသောအချိန်တွင် ကယ်တင်ခြင်းကိုပေးသောဘုရားဖြစ်ပါ၏။
Heavenly Father,
We praise Your name because You are the God of the nameless, the God of the voiceless, the God who loves and cares for those who are rejected by society, who rescues and raises them from the ashes to wear crowns. Today, we pray for those who feel forgotten and neglected in their lives. You are the God who hears the cries and sees the suffering of the forgotten and who brings deliverance in ways no one expects.
ယနေ့ကျွန်ုပ်တို့တိုင်းပြည်အခြေအနေကြောင့် မိမိတိုင်းပြည်မှ စွန့်ခွာရလျက်အခြားသောတိုင်းပြည်များတွင် နိုင်ငံရေးခိုလှုံရသောသူများ၊ မိသားစုအတွက်နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူများ၏အသက်တာကို ကောင်းကြီးပေးပါ။ ထို့ပြင် နယ်စပ်ဒေသများတွင် လူကုန်ကူးခံရသောသူများ၊ အသက်အသွယ်မဲ့လျက် တိုင်ပင်စရာမရှိဘဲ ဒုက္ခရောက်နေသောသူများအတွက်လည်း ဆုတောင်းပေးပါ၏။ ကယ်တင်ခြင်းတံခါးပွင့်စေ။ ထိုကဲ့သို့သောသူများအပေါ်၌ကိုယ်တော်၏ မစခြင်းလက်တော် သက်ရောက်လျက် ချမ်းသာခြင်း၊ ငြိမ်ဝပ်ခြင်း၊ ကယ်တင်ခြင်းလက်တော်သက်ရောက်မည့်အကြောင်းဆုတောင်းပါ၏။ ကိုယ်တော်သည် လူသားများကိုမေ့လျော့ခြင်းမရှိသည့်အပြင် အမေ့လျော့ခံရသောသူများ၏ ဘုရားသခင်ဖြစ်ကြောင်း ယနေ့သက်သထူပါမည့်အကြောင်း ယေရှုနာမအားဖြင့်ဆုတောင်းပါ၏။
အာမင်။
We pray for those in our nation who have had to leave their homeland and seek refuge in other countries due to the state of our country. We ask for Your blessing on the lives of those working abroad for their families. We also pray for those who are trafficked at the borders, who are suffering in silence without anyone to turn to. May the doors of deliverance open for them. We ask that Your hand of grace, which never abandons, be upon them, bringing peace, prosperity, and salvation. We pray in the name of Jesus, affirming today that You are the God who never forgets but is the God of the forgotten.
Amen.


