အမိမြေကို ကုသပေးပါ | 𝐇𝐞𝐚𝐥 𝐨𝐮𝐫 𝐋𝐚𝐧𝐝
ယနေ့ အမိမြန်မာမြေကြီးပေါ်တွင် ဘုရားသခင်၏ကုသခြင်းလက်တော်အားဖြင့် ကျန်းမာခြင်းရရှိဖို့ ဆုတောင်းကြပါစို့။
Let us take a moment today to pray for healing in our motherland, Myanmar, through the healing hands of God.
🙏 ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ
ယနေ့ ကျွန်တော်တို့မြန်မာပြည်သူပြည်သားများသည် နိုင်ငံ၏အခက်ခဲဆုံးသောခေတ်ကာလထဲတွင် အသက်ရှင် ဖြတ်သန်းရစဉ် လတ်တလောနိုင်ငံတစ်ဝန်းတွင် ဖြစ်နေသည့် သဘာ၀ဘေးဒဏ်နှင့် ရေကြီးခြင်းတို့ကြောင့် အသက်အိုးအိမ်ပေါင်းများစွာ သေကြေပျက်စီးလျက်၊ နေရာများစွာတွင် အရေးပေါ်ကယ်ဆယ်ခြင်း လိုအပ်သည့်အခြေအနေတွင်ရှိနေချိန် ကျွန်ုပ်တို့တိုင်းသူပြည်သားတို့ နာကျင်စွာငိုကြွေးနေရပါ၏ အဖ။
🙏 Our Father in Heaven,
Today, as the people of Myanmar endure the most challenging times in the history of our nation, we cry out in pain as many lives, homes, and belongings are lost to the natural disasters and flooding sweeping across the country. In many places, people are in desperate need of urgent rescue, O Father.
✨ ကိုယ်တော်မှတပါး အခြားမျှော်လင့်၍ အားကိုးရာ ခေါ်စရာနာမ တစ်စုံတစ်ခုမျှမရှိပါ။ ယေရှုဘုရား … မြန်မာနိုင်ငံကို ကယ်တင်တော်မူပါ။ “ဝန်လေး၍ ပင်ပန်းသောသောသူတို့ ငါ့ထံသို့လာကြလော့” ဟု ဖိတ်ခေါ်သောဘုရား၊ ယနေ့ ကျွန်ုပ်တို့ ကြွေမွသောနှလုံးသားဖြင့် ယေရှုနာမတော်မြတ်ကိုစွဲကိုင်လျက် အထံတော်သို့ ဆုတောင်းခြင်းငှာ တိုးဝင်လာပါပြီ။ အမိမြန်မာပြည်ကို ကုသပေးတော်မူပါ။
✨ There is no other name to call upon for hope and refuge but Yours. Jesus, save Myanmar. You, who have invited us by saying, “Come to Me, all you who are weary and burdened,” today we come before You with broken hearts, calling upon the holy name of Jesus, seeking Your mercy. Heal our motherland, Myanmar.
🙌 ကျွန်ုပ်တို့နိုင်ငံအကျိုးအတွက် ကိုယ်တော်ပေးသော ရေမြေတောတောင်သဘာ၀တရားများအတွက် တဖန် ကျေးဇူးတော်ကိုသိမှတ်လျက် ပြန်လည်ကျေးဇူးတော်ချီးမွမ်းကြပါ၏။ ကိုယ်တော်ပေးထားသော ရေမြေတောတောင်များကို ကောင်းသောဘဏ္ဍာစိုးခြင်း မပြုနိုင်သောကြောင့်လည်း အပြစ်ဝန်ချတောင်းပန်ပါ၏။ ယနေ့ ကျွန်ုပ်တို့၏အပြစ်ကြောင့် ကျွန်ုပ်တို့မြေကြီးသည် ကျိန်စာသင့်လျက်ရှိနေလျှင် ကျွန်ုပ်တို့အပြစ်များကို ခွင့်လွှတ်ပြီးရေမြေတောတောင်ကိုလည်း မင်္ဂလာဖြစ်စေပါမည့်အကြောင်း ဝန်ချတောင်းပန် ဆုတောင်းကြပါ၏။
🙌 We also give thanks and praise for the land, the natural resources, and the blessings You have given for the good of our nation. At the same time, we repent for our inability to be good stewards of the land, forests, mountains, and natural resources You entrusted to us. Today, if our land is cursed because of our sins, we humbly ask for Your forgiveness. Cleanse us of our wrongdoings, and restore the land, the mountains, and the forests to their full blessing.
🌈 မြန်မာပြည်မြေကြီးကိုကောင်းကြီးပေးပါ၏။ သစ်ပင်ပန်းမံများကို ကောင်းကြီးပေးပါ၏။ တောတောင်များကို ကောင်းကြီးပေးပါ၏။ မြစ်၊ ချောင်း၊ အင်း ၊ အိုင် နှင့် ပင်လယ်သမုဒ္ဒရာများကို ကောင်းကြီးပေးပါ၏။ လေကိုလည်း ကောင်းကြီးပေးပါ၏။ မြေကြီးမှ ထွက်သော သီးနှံများမှ ထွက်သော စားစရာအမျိုးမျိုးကို ကောင်းကြီးပေးပါ၏။ ရေထု၊ မြေထု၊ လေထု၊ သဘာ၀ပါတ်ဝန်းကျင်တစ်ခုလုံး မင်္ဂလာဖြစ်ပါစေကြောင်း သခင်ယေရှုနာမ၌ ကြေငြာပါ၏။
🌈 Bless the land of Myanmar. Bless its trees and forests. Bless the mountains. Bless the rivers, streams, lakes, ponds, and seas. Bless the air and bless the crops that come from the ground. We ask for the rain, the land, the air, and the entire natural environment to flourish with Your goodness. In the name of Jesus, we declare this.
🙏 ကိုယ်တော်ပေးထားပြီးသော ထိုသဘာ၀ကောင်းကြီးမင်္ဂလာများကို ကျွန်ုပ်တို့သည် ကျေးဇူးသိသောစိတ်ဖြင့် မြတ်နိုးတန်ဖိုးထားလျက် ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်နိုင်ရန်လည်း ပြန်လည်ဆက်ကပ်အပ်နှံပါပြီ။ ကျွန်ုပ်တို့နိုင်ငံ၏ သယံဇာတများကို ပြည်သူပြည်သားတို့အကျိုးအတွက် ကောင်းမွန်စွာစီမံခန့်ခွဲခြင်းပြုနိုင်မည့် ကိုယ်တော်အလိုရှိသော ကောင်းသောအစိုးရပေါ်ပေါက်လာရေးအတွက်လည်း ကျွန်ုပ်တို့မျှော်လင့်လျက် ဆုတောင်းနေကြပါ၏။
🙏 We also return and dedicate ourselves to being good caretakers of the natural blessings You have given us, with gratitude and reverence. We pray for a good and just government, according to Your will, that will wisely manage the natural resources of our nation for the benefit of all the people.
🙏 ယနေ့ ရေကြီးခြင်းဘေးကြောင့် လိုအပ်သောကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး၊ ဆေးဝါးနှင့် အထောက်အပံ့၊ အခြေခံလိုအပ်သည့်ပစ္စည်းများရရှိရန် နှင့် ကူညီနိုင်သော ပြည်တွင်း၊ ပြည်ပအဖွဲ့များသည် ထိရောက်စွာ ဆက်လက်အစေခံလုပ်ဆောင်နိုင်ဖို့ဆုတောင်းပါ၏။ ဆုံးရှံးသောသူများအပေါ်မှာ အထက် အရပ်မှလာသော နှစ်သိမ့်ခြင်း၊ ငြိမ်သက်ခြင်း နှင့် ထောက်ပံ့ခြင်းအစုံအလင် သက်ရောက်မည့်အကြောင်းနှင့် အသင်းတော်၊ ယုံကြည်သူများကိုလည်း လုပ်ဆောင်အစခံဖို့ စေလွှတ်ပါမည့်အကြောင်း ဆုတောင်းပါ၏။
🙏 Today, we pray for the necessary rescue, recovery, medical assistance, and essential supplies to be made available for those affected by the flooding. May the domestic and international organizations work to help be effective in their efforts. We also pray for comfort, peace, and abundant support to be poured out on those who have lost everything, and that You send out the church and believers to act swiftly and compassionately.
အမိမြန်မာပြည်ကြီးအပေါ် ဘုရားသခင်၏ ကုသခြင်းလက်တော်သက်ရောက်ပါစေ။ မြန်မာပြည်ကြီး ကျန်းမာပါစေ။ လူတို့တွင် ငြိမ်သက်ခြင်းရှိပါစေ။ ဘုရား၏ ကယ်တင်ခြင်း မြန်မာမြေကြီးပေါ်တွင် သက်ရောက်ပါစေ။ လူတိုင်းကယ်တင်ခြင်းရစေ။
ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
May Your healing hand touch our motherland, Myanmar. May Myanmar be restored to health. May peace reign among the people. Let Your salvation be known in Myanmar, and may all be saved.
In Jesus’ name,
Amen.


