Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

အစာခေါင်းပါးသည့်ကာလအတွက်ဆုတောင်း | 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐝𝐮𝐫𝐢𝐧𝐠 𝐅𝐚𝐦𝐢𝐧𝐞

အစာခေါင်းပါးသည့်ကာလအတွက်ဆုတောင်း | 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐝𝐮𝐫𝐢𝐧𝐠 𝐅𝐚𝐦𝐢𝐧𝐞

 

ကျမ်းစာထဲရှိ ဘုရား၏လူများအသက်တာတွင် စစ်မက်ဘေးဒဏ်၊ ကပ်ရောဂါနှင့် အစာဘေးခေါင်းပါးသည့်အချိန်ကာလများ ကျော်ဖြတ်ခဲ့ရသည်။ သို့သော်လည်း ထိုအချိန်အခါမျိုးတွင်ပင် ဘုရားသခင်၏ ထောက်ပံ့ခြင်း နှင့် ကပ်ကကာလတွင်ပင် ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ သဘာ၀လွန်ထောက်ပံ့ခြင်းနှင့် သူ၏ နိယာမအားဖြင့် မသေ၊ အမှန်ပင်သူတစ်ပါးကို ဝေမျှထောက်ပံ့နိုင်ဖို့ ဘုရားအလိုတော်ရှိ ပါသည်။ 

 

In the Bible, God’s people have faced times of war, plague, and famine. Yet, even in those times, God’s provision, supernatural support, and His will were manifested to sustain His people, allowing them to share and support others. 

 

🙏 ကောင်းကင်ဘုံအဖ

 

ယခုထိတိုင် အခက်အခဲဆုံးကာလတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကိုယ်တော်၏ သားသမီးများကိုမစထောက်ပံ့ခြင်းအတွက် ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ကိုယ်တော်သည် သမိုင်းအပေါ်စိုးစံလျက် အဆိုးမှအကောင်းကိုပြောင်းလဲစေနိုင်သောသူဖြစ်ကြောင်း ဝန်ခံချီးမွမ်းပါ၏။ ယခုမြန်မာနိုင်ငံ၏စီးပွားရေးများ ရပ်တန့်သည် သာမက ဆုတ်ယုတ်နေစဉ်ကာလ၊ အရာရာခဲယဉ်းဆိုးယုတ်၍ အစာခေါင်းပါးနေစဉ်ကာလအတွက် ကိုယ်တော်သည် အဖြေဖြစ်သည်ဟု ယုံကြည်လျက် မျက်မှောက်တော်တိုးဝင်ဆုတောင်း ပါ၏။ 

 

🙏 Heavenly Father,

 

We give thanks and praise to You for Your provision in the most difficult of times, for Myanmar and for Your children there. We acknowledge that You, who reign over history, can turn evil into good. As Myanmar faces economic collapse, stagnation, and great difficulty, with people suffering from famine and hardship, we trust in You as the solution and pray with faith for Your intervention.

 

ဤကဲ့သို့အချိန်ကာလမျိုးတွင် ယောသပ်ကဲ့သို့သောသူပေါ်ထွက်စေပါ။ ရှင်ဘုရင်၏အိပ်မက်ကို  ဝိညာဉ်တော်အားဖြင့် အနက်ပြန်နားလည်လျက်၊ ကာလအချိန်ကို သိမှတ်လျက် ဘေးဒဏ်များအတွက် ကြိုတင်ပြင်နိုင်သောသူ၊ ဖြေရှင်းနိုင်သောသူ၊ ဦးဆောင်စီမံခန့်ခွဲနိုင်သောသူ၊များပေါ်ထွက်စေပါ။ ကျွန်ုပ်တို့ယုံကြည်သူများကိုယ်တိုင်လည်း ယောသပ်ကဲ့သို့ဖြစ်စေပါ။ ကြိုတင်သိုးမှီးထားရုံမက လိုအပ်သောသူများကို  ကူညီနိုင်လျက် ဝေမျှနိုင်သောသူများဖြစ်မည့်အကြောင်း ဆုတောင်းပါ၏။ 

 

Just as You raised up Joseph in a time of famine, may You raise up leaders today in Myanmar who, through the wisdom of the Holy Spirit, can interpret the signs of the times and prepare solutions for the hardships faced. May they lead and manage resources wisely in this time of crisis. May we, as believers, also be like Joseph—not only storing up what we need but also sharing and helping those in need around us.

 

ယနေ့ဖြစ်ပွားနေသောမငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံရှိမိသားစုများသည်လည်း ယခုအခြေအနေကြောင့် များစွာခွဲခွာရပါ၏။ အစာခေါင်းပေါင်းရာကာလတွင် ယောရှုတို့မိသားစုပြန်ဆုံနိုင်ဖိုအကြောင်းဖြစ်စေ၍ `မိသားစုနှင့်ဆိုင်သောကိုယ်တော်၏ အလိုတော် ပြည့်စုံခြင်းရှိသည်အတိုင်း မြန်မာနိုင်ငံပေါ်မှာလည်း မိသားစုနှင့်ဆိုင်သော အလိုတော်ပြည့်စုံပါစေ။ ကွဲလွင့်နေသောမိ သားစုများပြန်ဆုံနိုင်ပါစေ။ ပျောက်သကဲ့သို့ဖြစ်၍ အဆက်အသွယ်ပင်မ ရတော့သော ညီအစ်ကိုမောင်နှများ၊ မိဘနှင့်သားသမီးများ ပြန်လည်ဆုံဆည်းနိုင်၍ ကျမ်းမာပျော်ရွှင်သော မိသားစုများဖြစ်စေပါ။ အခက်အခဲမျိုးစုံကြားမှာ မိသားစုတိုင်း အပေါ်တွင် ဝမ်းမြောက်ခြင်းစီးဆင်းရာကာ လ ဖြစ်စေပါ။

 

Due to the current unrest, many families in Myanmar are separated and displaced. Just as Joseph’s family was reunited, we pray that Your will for families to be restored will be done in Myanmar. Let the broken families be reunited; may siblings, parents, and children who have lost contact or been separated come together again and experience healing and joy. May each family experience the joy of reunion and restoration in the midst of these hardships.

 

ယောသပ်အားဖြင့် အီဂျစ်နိုင်ငံသူ၊ နိုင်ငံသားများ အစာခေါင်းပါးရာကာလ ကျော်လွန်နိုင်သည့်အပြင်  အိမ်နီးချင်း တိုင်းနိုင်ငံများအတွက်ပင် ကောင်းကြီးဖြစ်စေသကဲ့သို့ ယုံကြည်သူတို့သည်လည်း ယခုအမှောင်ဆုံး ကာလတွင်အလင်းကဲ့သို့၊ ဆားကဲ့သို့ဖြစ်သည့် အပြင် မယုံကြည်သောသူ၊ လောက လူသားများ၊ မိမိ၏အသိုင်းအဝိုင်း၊ ဝန်းကျင်ရှိလူများအတွက်လည်း ကယ်တင်ခြင်း ဖြစ်စေပါ။ ယနေ့ယောသပ်၏ ဘိသိက်ခြင်း၊ ယုံကြည်သောမြန်မာနိုင်ငံသူ၊ နိုင်ငံသားများအပေါ် စီးဆင်းစေလျက် ကိုယ်တော်၏ကယ်တင်ခြင်း မြန်မာနိုင်ငံအပေါ် သက်ရောက်ပါစေ။

 

Just as Joseph, through Your wisdom, saved not only Egypt but neighboring nations as well during the famine, may believers in Myanmar also be lights in this dark time. Let them be the salt of the earth, bringing salvation to those who do not yet know You, to their communities, and to their neighbors. May Your grace and salvation reach Myanmar through the faithfulness of Your people.

 

အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြန်မာနိုင်ငံ၌ ပြည့်စုံစေကြောင်း ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

 

Just as it is in heaven, may Your will be done in Myanmar. We ask all of this in the name of Jesus. Amen.

 

 

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative