အကျဉ်းထောင် | Prison
ဆာလံကျမ်း ၇၉:၁၁ | Psalm 79:11
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ ရွေးကောက်ခံအစိုးရအဖွဲ့ဝင်အများအပြားကို ထောင်သွင်း အကျဉ်းချကာ စစ်တပ်သည် မိမိတို့၏အုပ်ချုပ်မှုကို ဆန့်ကျင်သော နိုင်ငံသားအများစုအား အကြောက်တရားနှင့် ချုပ်ကိုင်ကိုင်ရန် မတရားထောင်ချခြင်းနည်းကို အသုံးပြုခဲ့သည်။ လွန်ခဲ့သည့် ၃ နှစ်အတွင်း ထောင်ပေါင်းများစွာသော ဆရာဝန်များ၊ ပညာသင်ပေးသည့် ဆရာ/မများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မည်သည့် ပုံစံဖြင့်မဆို ဆန္ဒပြမှုတွင် ပါဝင်သူထောင်ပေါင်းများစွာကို ထောင်ထဲသို့ သွင်းခဲ့သည်။ စွပ်စွဲခံရသူကို ရှာမတွေ့သောအခါ၊ ၎င်းတို့၏ မိသားစုဝင်တစ်ယောက်ယောက်ကိုဖမ်းဆီးတတ်ပြီး တခါတရံတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုပင် ဖမ်းဆီးထိန်းသိမ်းထားကြသည်။ လက်နက်ကိုင် တော်လှန်ရေးနှင့် ဆက်နွှယ်သည်ဟု သံသယရှိသောလူငယ်များသည် သက်သေအထောက်အထားမရှိဘဲ မကြာခဏ အကျဉ်းချခံနေရသည်။
Since the coup in February 2021, when much of the elected government was put in prison, the military has used arbitrary imprisonment as a source of fear and control as the majority of the nation resists its rule. Over the past 3 years, thousands of doctors, educators, civil servants, and any person who participated in any form of protest have been put into jail. When the accused cannot be found, sometimes their family members, including even young children and the elderly are detained. Young men who are suspected of being connected to the armed resistance are spending time incarcerated, often without evidence.
ဆုတောင်းချက်
၁။ အမျိုးမျိုးသောရာဇ၀တ်မှုများအတွက် မှားယွင်းစွပ်စွဲခံထားရသောအကျဉ်းသားများ လွတ်မြောက်လာပြီး ၎င်းတို့၏ မိသားစုများနှင့်ပြန်လည်ဆုံစည်းကာ ကြုံတွေ့ခဲ့ရသောစိတ်ဒဏ်ရာများမှ ကုသခြင်းရရှိဖို့ ဆုတောင်းပါ။
၂။ မည်သည့်အကျဉ်းသားမဆို လူ့အခွင့်အရေးလေးစားပြီး စစ်မှန်သော ဂုဏ်သိက္ခာဖြင့် ဆက်ဆံခံရဖို့ ဆုတောင်းပါ။
၃။ မြန်မာတစ်ပြည်လုံးရှိထောင်များတွင် ထောင်သာသနာအသီးသီးမှ အစားအစာ၊ သမ္မာကျမ်းစာနှင့် ဧဝံဂေလိတရားများကိုဝေမျှခြင်းအားဖြင့်သော်လည်းကောင်း အကျဉ်းကျခံယုံကြည်သူများကလည်း မိမိတို့ခံယူရရှိသော မျှော်လင့်ခြင်းတရားကိုရဲရင့်စွာဝေမျှခြင်းအား ဖြင့်သော်လည်းကောင်း ကယ်တင်ခြင်းနှင့် တပည့်တော်ဖြစ်ခြင်းတို့သည် အကျဉ်းထောင်များအတွင်း ပျံ့နှံ့ရန်ဆုတောင်းပါ။
PRAY THAT:
(i) Prisoners who have been falsely accused of various crimes would be set free, reunited with their families and experience healing from the trauma they have experienced.
(ii) Prisoners of all kinds will be treated with human rights and true dignity.
(iii) Salvation and discipleship would spread through the prisons as both Christian prisoners boldly share the hope they have as well as a few select ministries share food, Bibles and the gospel in prisons around Myanmar.



