Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

ရှောလမုန်မင်းကြီး၏ ဆုတောင်းဆာလံ | 𝐊𝐢𝐧𝐠 𝐒𝐨𝐥𝐨𝐦𝐨𝐧’𝐬 𝐏𝐫𝐚𝐲𝐞𝐫 𝐏𝐬𝐚𝐥𝐦

ရှောလမုန်မင်းကြီး၏ ဆုတောင်းဆာလံ | 𝐊𝐢𝐧𝐠 𝐒𝐨𝐥𝐨𝐦𝐨𝐧’𝐬 𝐏𝐫𝐚𝐲𝐞𝐫 𝐏𝐬𝐚𝐥𝐦

 

✍️ ၇၂ ခုမြောက်သောဆာလံသည် ရှင်ဘုရင်ကြီးရှောလမုန်၏ ဆုတောင်းဆာလံဖြစ်သည်။  အချို့ကျမ်းတတ်ပညာရှင်များကလည်း ဘုရင်ဖြစ်လာမည့် ရှောလမုန်မင်းကြီးအတွက် သူ၏ဖခင်ဒါဝိတ်စပ်ဆိုထားသော ဆုတောင်းဆာလံဖြစ်သည်ဟုလည်း ခံယူထားကြသည်။ 

 

✍️ Psalm 72 is a prayer psalm attributed to King Solomon. Some biblical scholars believe that this psalm was written by King David as a prayer for his son Solomon, who would become king.

 

🎯 ဤဆာလံတွင်  ရှင်ဘုရင်ဖြစ်သည့် ရှောလမုန်အတွက် “အုပ်စိုးခြင်းအာဏာစက်ကြီးထွားလာရန် နှင့် အုပ်ချုပ်မှုပညာ၊ တရားစီရင်ခြင်းအာဏာ၊ ဉာဏ်၊ အောင်နိုင်ခြင်း နှင့် ကြွယ်၀ချမ်းသာခြင်း” ရရန် ဆုတောင်းပေးခြင်းကိုတွေ့ရသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ  ထိုဆုတောင်းချက်ကြီးကို မောင်းနှင်သည့် နောက်ကွယ်ကအဓိကရည်ရွယ်ချက်ကိုလည်း ရှင်းလင်းစွာရေးသားထားလေသည်။ 

 

🎯 In this psalm, we see a prayer for King Solomon to receive “expanding dominion and authority, wisdom in governance, the power to judge justly, knowledge, success, and prosperity.” Interestingly, the underlying purpose of this great prayer is also clearly articulated.

 

✨ ရှောလမုန်သည် ထို “လွှမ်းမိုးနိုင်စွမ်း၊ ကျော်ကြားမှု၊ ပညာ၊ အာဏာ နှင့် စည်းစိမ်များ ”ကို ဆုတောင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆင်းရဲသောသူတို့အတွက် တရားစီရင်ပေးရန်၊ အဖိနှိပ်ခံရသောသူများ နှင့် ကိုးကွယ်ရာမရှိသောသူများကို ချမ်းသာပေးရန်၊ ငတ်မွတ်သောသူတို့ကို ကယ်တင်ရန်ဖြစ်သည်။ ရှောလမုန်၏ အသက်တာတွင်လည်း ထိုဆုတောင်းချက်အတိုင်း ဘုရားသခင်သည် အလုံးစုံကောင်းကြီးပေးတော်မူပြီး ဆင်းရဲသောသူများအတွက် မှန်ကန်စွာတရားစီရင်၍ နိုင်ငံတော်သည်၀ပြောသာယာကြောင်း သမိုင်းမှတ်တမ်းတင်ခြင်း ခံရလေသည်။

 

✨ The primary reason Solomon prayed for such “influence, fame, wisdom, authority, and wealth” was to judge the poor justly, to bless those who are oppressed and marginalized, and to save those who are in need. During Solomon’s life, God blessed him abundantly in accordance with this prayer, and history records that he judged the poor justly, leading to prosperity in the nation.

 

⚪ ကျွန်ုပ်တို့လက်ရှိကမ္ဘာကြီး နှင့် အထူးသဖြင့်မြန်မာနိုင်ငံတွင်လည်း “အသံမရှိသောသူ၊ အမေ့လျော့ခံရသည့်လူများ နှင့် လူတန်းစားခွဲခြားခံရသောသူ၊ ဖိနှိပ်ခံရသောသူများ၊ ဆင်းရဲသားများ”အတွက် ရပ်တည်မည့်သူများ၊ ထိုအရေးကိစ္စများကို လူအများကြားအောင်   ကိုယ်စားပြုပြောထွက်ပေးမည့် ထင်ပေါ်ကျော်ကြားသူများ၊ အာဏာပါဝါရှိသောသူ၊  အထင်ကရပုဂိုလ်များ နှင့် လွှမ်းမိုးနိုင်စွမ်းရှိသောသူများစွာကို လူမှုဝန်းကျင်ကတောင်းဆိုနေပေသည်။  မိမိ၏လှုမှုအသိုင်းအဝိုင်းတွင် များစွာသောသူများကို လွှမ်းမိုးနိုင်စွမ်းဘုရားသခင်က ပေးထားပါကလည်း ဘုရားနာမ၌ရပ်တည်၍ အသံပြုပေးရန် ဘုရားသခင်ခေါ်ဖိတ်နေပါသည်။

 

⚪ In our current world, especially in Myanmar, there is a call for those who can stand up for the “voiceless, forgotten, marginalized, oppressed, and poor.” There is a need for prominent individuals, people with power and influence, to speak out on behalf of these causes. If God has given you influence within your community, He is calling you to stand firm in His name and to raise your voice for those in need.

 

🙏 ဆာလံ ၇၂ ပါ ဤ “ရှောလမုန်၏ ဆုတောင်းဆာလံ” ကို ဆင်ခြင်ပြီး ဘုရားသခင်နှင့် ခေတ္တအချိန်ယူကာ ဘုရားကိုရိုသေလျက် သူတစ်ပါးကိုအစေခံသသည့် လွှမ်းမိုးနိုင်စွမ်းရှိသောသူ များစွာပေါ်ထွက်လာဖို့ နှင့် မိမိကိုယ်တိုင်သည်လည်း ထိုသို့သောအရာအတွက် ဆက်ကပ်ရပြင်ဆင်ရင်း ဆုတောင်းကြပါစို့။

 

🙏 As we reflect on Psalm 72, King Solomon’s Prayer Psalm, let us take time to seek God, worship Him, and pray for the emergence of many influential individuals who will serve others. Let us also prepare ourselves to be ready for such a calling and pray accordingly.

 

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative