ရေဘးသင့်နေရာဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဆုတောင်း | 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐭𝐡𝐞 𝐑𝐞𝐬𝐭𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐅𝐥𝐨𝐨𝐝-𝐀𝐟𝐟𝐞𝐜𝐭𝐞𝐝 𝐑𝐞𝐠𝐢𝐨𝐧𝐬
တိုင်ဖွန်းယာဂီမုန်တိုင်းကို အရှေ့တောင်အာရှနိုင်ငံများရှိ ဗီယက်နမ်၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့အဓိကကြုံတွေ့ရသည်။ ထိုမုန်တိုင်း၏ဒဏ်ကို မြန်မာနိုင်ငံသည် ဒုတိယအပြင်းထန်ဆုံးခံစားရသည့်နိုင်ငံဖြစ်သည်။ သတင်းများအရ မြန်မာနိုင်ငံတွင် ရေကြီးခြင်းကြောင်း အသက်သေဆုံးသူ ၂၀၀ ကျော် နှင့် အယောက် ၇၇ ဝန်းကျင်ပျောက်ဆုံးနေပြီး ထိုမုန်တိုင်းဒဏ်ကို တိုင်းနှင့်ပြည်နေယ်ပေါင်း ၇ ရှိ မြို့နယ်ပေါင်း ၅၆ မြို့နယ်နှင့် လူပေါင်း ၆ သိန်းကျော်ကြီးစွာခံစားနေရသည်။ လက်ရှိမြန်မာနိုင်ငံအခြေအနေအရ သတင်းအချက်အလက်များကိုတိကျစွာကောက်ခံနိုင်ခြင်းမရှိသောကြောင့် ယခုရရှိထားသောသတင်းထက်ပင် အပျက်အစီး၊ အသေအပျောက်ပိုများနိုင်သည်။
The devastating Typhoon Yagi primarily impacted Southeast Asian countries like Vietnam, Thailand, Laos, and Myanmar. Myanmar was the second most severely affected nation by the storm, with over 200 reported deaths and around 77 people missing due to flooding. The storm’s impact affected over 600,000 people across 56 townships in 7 states and regions. Given the current situation in Myanmar and the lack of precise data, it is likely that the damage and casualties could be even greater than reported.
မုန်တိုင်း၏ဒဏ်ဖြစ်သောရေကြီးခြင်း နှင့် မြေပြိုခြင်းကြောင့် အသက်အိုးအိမ်များစွာဆုံးရှုံးရသည့် ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်ကြုံတွေ့ရစဉ်တွင် ကျွန်ုပ်တို့သတိရရမည့်အရာ ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည် နဂိုမူလအတိုင်းပြန်လည်ပြုပြင်ပေးနိုင်သောဘုရားဖြစ်သည့်အပြင် အသစ်ပင်ဖြစ်စေနိုင်သောဘုရားသခင်ဖြစ်ပါတယ်။ ထို့ကြောင့် ကျေးဇူးတော်ပလ္လင်ရင်းသို့ ချဉ်းကပ်တိုးဝင် ဆုတောင်းကြပါစို့။
As we face the heartbreaking loss of lives, homes, and livelihoods due to flooding and landslides caused by the storm, we are reminded that the God we worship is a God who can restore things to their original state and even make them new again. Let us, therefore, approach His throne of grace and offer our prayers.
ကောင်းကင်ဘုံအဖယနေ့ မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသော ရေကြီးခြင်းကြောင့်ကြီးစွာသောဆုံးရှုံးခြင်း နှင့် အသက်ပေါင်းများစွာ ဘေးအန္တာရယ် ကြုံလျက်ရှိနေပါသည်။ အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရသည် ကျွန်ုပ်တို့ အလုံးစုံ နားမလည်နိုင်သော်လည်း ကိုယ်တော်သည် သာ၍ကြီးသောအကြံအစည်ရှိကြောင်းယုံကြည်ဝန်ခံပါ၏။ ထို့ပြင် သာ၍ဆုံးရှုံးခြင်း အန္တာရာယ်မှ ကယ်နှုတ်ခြင်းအတွက်နှင့် အသက်ဘေးအန္တာရယ်မှလွတ်မြောက်သွားသောသူများအတွက်လည်းကျေးဇူးတော်
ချီးမွမ်းပါသည်။
Heavenly Father,
Today, Myanmar faces great loss and danger due to severe flooding. While we do not fully understand why such things happen, we confess our belief that You have a greater plan. We also thank You for the lives that have been spared from greater loss and destruction.
ယနေ့ကျွန်ုပ်တို့ဆုတောင်းလိုသည်မှာ ယခု ကြုံရသော ဆုံးရှုံးမှူသည် အဆုံးသတ် မဟုတ်ဘဲ ကိုယ်တော်သည်ဘ၀များကို ပြန်လည်အသက်သွင်းပေးပြီး လူများသည် တဖန်ပြန်လည်ထလျက် နဂိုမူလအတိုင်း ပြန်လည် ထူထောင်ခြင်းရဖို့ဆုတောင်းပါ၏။ စိတ်ပိုင်းဆိုင်ရာတွင်ကြံ့ခိုင်ခြင်းကိုယ်တော်ပေးမူပါ။ ဆုံးရှုံးမှုများကြောင့် ဝမ်းနည်းသောသူများအပေါ် နှစ်သိမ့်ခြင်း အရှင် ဘုရားသခင်ကိုယ်တိုင် ငြိမ်သက်ခြင်း ပေးလျက်နှစ်ဆသောခွန်အားနှင့် ပြန်လည်ခွန်အားပြည့်၀စေပါ။
We pray today that the current losses are not the end but that You, Lord, will breathe life back into the affected lives and bring about restoration. Grant strength and resilience to those who are grieving. May You, the God of comfort, bring peace to those who mourn, and may they find renewed strength and courage to rebuild.
ယခုလက်ရှိအရေးပေါ်လိုအပ်နေသော နေရာထိုင်ခင်း၊ စားနပ်ရိက္ခာများ နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို လုံလောက်စွာ ရရှိသည့်အပြင် ထိုနေရာဒေသများတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စီးပွားရေးများကိုလည်းမူလအတိုင်းပြန်လည်ပတ်နိုင်ရန် ကိုယ်တော်ကောင်းကြီးပေးပါ။ မိမိကြုံတွေ့ခဲ့သည့်အဖြစ်အပျက်ကြောင့် ကြေကွဲဝမ်းနည်းလျက် မျှော်လင့်ချက်မဲ့ နေသူများ အပေါ် ကိုယ်တော်သည် ထင်ရှားလျက် တဖန်မျှော်လင့်ခြင်းပေးတော်မူပါ။
We ask for Your provision, that all urgent needs like shelter, food, and essential supplies will be sufficiently met. We pray for the restoration of livelihoods and businesses in these regions, that they may return to normal operations. For those who feel hopeless after witnessing such tragedy, we pray that You, Lord, will make Yourself known to them, restoring their hope and giving them a reason to believe in a better tomorrow.
ယနေ့တွင် အရေးပေါ်ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး အသင်းအဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းအမျိုးမျိုးနှင့် ပြည်သူများသည် တတ်အားသရွေ့ပါဝင်ဆောင်ရွက်ကြသည်အတိုင်း လိုအပ်သည့်အရာများကို ထိရောက်စွာဆက်လက်ကူညီပံ့ပိုးနိုင်စေပါ။ အအထူး ဖြင့်နွမ်းလျသော စိတ်ဝိညာဉ်များအပေါ် ကိုယ်တော်သည် တို့ထိလျက် ရွင်လန်းခြင်းသက်ရောက်စေပါအဖ။ ယနေ့မြည်တမ်းငိုကြွေးခြင်းအရာသည် မနက်ဖန်ဝမ်းမြောက်လျက် ကခုန်စရာအကြောင်းဖြစ်ပါစေ။
Today, as rescue and recovery teams, civil organizations, and volunteers work tirelessly to help, may they be effective in meeting the needs of those affected. Especially to those with broken spirits, may Your presence bring them revitalizing life. Let today’s tears of sorrow turn into tomorrow’s joy and celebration.
ဆုံးရှုံးသမျှအရာအားလုံးနှင့် ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးပါးစလုံး ပြန်လည်ထူထောင်ဖို့ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
We pray in the name of Jesus, asking for full restoration of all that has been lost—spirit, soul, and body. Amen.


