ရန်သူကိုချစ်ခြင်း | Love for Enemies
လုကာ ၆:၂၇-၂၈ | Luke 6:27-28
ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့် ခရစ်တော်နောက်လိုက်အနည်းစု ရှိနေသေးသည်။ ဧဝံဂေလိဆရာတစ်ယောက်က “ယေရှုကို မသိရင် အခု ဘယ်လိုဆက်သွားရမလဲ မသိဘူး… ရန်သူတွေအတွက် ဆုတောင်းပေးတယ်လို့ ကျွန်တော်တို့ ပြောတတ်ကြပေမယ့် ခုချိန်က တကယ်ကို လက်တွေ့လုပ်ဖို့ခက်ခဲတဲ့အချိန်ပါ။ ဘုရားသခင်က ကျွန်တော့်နှလုံးသားကို ပြောင်းလဲပေးခဲ့ပြီး ဆက်လုပ်ဆောင်ဖို့ ရဲရင့်ခြင်းပေးခဲ့ပါတယ်” ဟု ရင်ဖွင့်ထားပါသည်။
After decades of abuse and injustice, many hearts in Myanmar are hardened with hatred against the Tatmadaw, including many Christians. Even in this coup, however, there is a small, determined minority of Christ-followers who are seeking to live out the radical teaching of Jesus. As one evangelist shared, “I wouldn’t know how to go on right now if I didn’t know Jesus… We say we pray for our enemies, but this is one of the times where it’s really hard! He has changed my heart and given me the boldness to do so!”
ဆုတောင်းချက်
၁။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ခရစ်တော်နောက်လိုက်များ၏ စိတ်နှလုံးကိုအားဖြည့်လျက် မိမိရန်သူများအား နက်နဲသောချစ်ခြင်းမေတ္တာရှိစေရန် ပြောင်းလဲပေးဖို့ ဆုတောင်းပါ။
၂။ ဘုရားသခင်သည် ခရစ်တော်နောက်လိုက်များ၏ အခြေအနေအပေါ်ယိမ်းယိုင်မသွားဘဲ အားကြီးသော စံနမူနာအားဖြင့် ယေရှုအားထင်ရှားစေရန် နှင့် မြန်မာ့ယဉ်ကျေးမှု တစ်ခုလုံးကို စစ်မှန်သော ပြန်လည်သင့်မြတ်ရေးဆီသို့ ကူးပြောင်းပေးရန် ဆုတောင်းပါ။
PRAY THAT:
(i) The Spirit of God would strengthen and transform the hearts of Christ-followers to have a deep love for their enemies.
(ii) God would use the radically counter-cultural example of Christ-followers to put Jesus on display and shift the whole culture of Myanmar towards true reconciliation.

See insights
Boost a post
All reactions:
11


