Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

ယုံကြည်သူတို ထ၍လင်းရန် ဆုတောင်းချက် | Prayer for Believers to Arise and Shine

ယုံကြည်သူတို ထ၍လင်းရန် ဆုတောင်းချက် | Prayer for Believers to Arise and Shine

ကျမ်းစာထဲရှိ ဘုရား၏လူများ၏ဘ၀၊ သူတိုမွေးဖွားလာသည့်နောက်ခံအခြေအနေ နှင့် ရင်ဆိုင်ကြုံတွေ့သည့်အခက်အခဲများကို ဆင်ခြင်သောအခါ အလွန်ဆိုးရွားကြမ်းတမ်းသည့်အချိန်များတွင် မွေးဖွားလာကြသည်။ ဘ၀ဘေးနာကျင်ခြင်းများကို ဘုရားပေးသည့်ဝန်တာဖြစ်စေလျက် ဘုရားသခင်၏နာမတော်အ နှင့် အလိုတော်အတွက်၊ အများအတွက် မိမိအသက်တာကိုဆက်ကပ်ပြင်ဆင်ရင်း ယုံကြည်ခြင်းနှင့် နာခံ လုပ်ဆောင်အောင်မြင်သောသူများဖြစ်ခဲ့ကြသည်။
As we reflect on the lives of God’s people in the Scriptures—their backgrounds, and the hardships they faced—we see that they were born in challenging times. Despite the pain and suffering in their lives, they became people who, through faith and obedience, prepared themselves for the service of God’s name and will, enduring all for the sake of others.

ယနေ့ ကျွန်ုပ်တိုမြန်မာနိုင်ငံသူနိုင်ငံသားများသည် ကြီးမားသည့်အပြောင်းအလဲကာလ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အဘက်ဘက်တွင် ပြုပြင်ပြောင်းလဲခြင်းကို ဦးတည်နေခိုက် များစွာသောသူတိုက မိမိတိုမူလအစီအစဉ်၊ ရူပါရုံအိပ်မက်များဖြစ်မလာသောအခါ ညည်းတွားလျက် အရာရာကိုအပြစ်တင်ရင်း ဘုရားကိုမေးခွန်းထုတ်ကောင်း ထုတ်နေနိုင်သည်။ ကျွန်ုပ်တိုသည်လူသားများဖြစ်သည့်အခါ ထိုကဲ့သိုတုံပြန်ခြင်းမှာလည်း သဘာ၀ကျပေသည်။ သိုသော် ယုံကြည်ခြင်းသူရဲကောင်းများ၏ အသက်တာကို ပြန်လည်ဆင်ခြင်ကြကုန်အံ့။
Today, as citizens of Myanmar, we are navigating a time of great change, reforming our thoughts and many aspects of our lives. In this period, some may find themselves lamenting and questioning God when their original plans and visible dreams do not materialize. As human beings, it is natural to react this way. However, let us reconsider the lives of the heroes of faith.

တစ်ကမ္ဘာလုံးလုံးဘုရားအများဝါဒ နှင့် ရုပ်တုဆင်းတုကိုးကွယ်ချိန်တွင် အသက်ရှင်သောဘုရားကိုကိုးကွယ်ရန် အာဗြဟံ၊ ကျမ်းစာထဲတွင် ပထမဆုံးလူကုန်ကူးမှု မိသားစုမှရောင်းစားခြင်းခံရသော်လည်း နောက်ဆုံးရောင်းစားခံရသောတိုင်းပြည်ရှိ အီဂျစ်ပြည်သူများအားလုံးနှင့် မိမိအားရောင်းစားခဲ့သော မိသားစုတစ်စုလုံးကို အစာငတ်ခြင်းဘေးဒဏ်မှ ကယ်နှုတ်ခဲ့သော ယောသပ်၊ အစ္စရေးတစ်မျိုးသားလုံး လူမျိုးသုဉ်းသတ်ဖြတ်ခံရမည့် ဘေးဒဏ်မှ မိမိအသက်ကိုရင်းရင်း ဘုရင်ထံ သက်စွန့်ဆံဖျား ချဉ်းကပ်ခဲ့သော ဧသတာနှင့် နောက်ဆုံးအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် ဘာသာရေးအဘက်ဘက် အဆုတ်ယုတ်ဆုံးအချိန်တွင် လူ့ဇာတိကိုခံယူလျက်တစ်လောကလုံး၏ အပြစ်ကိုယူဆောင်သွားသော ယေရှုခရစ်တော်တိုဖြစ်သည်။
When the entire world was steeped in idolatry, Abraham worshiped the living God. Joseph, though sold into slavery by his own family, ultimately saved the entire nation of Egypt and the very family that betrayed him from the famine. Esther risked her life to approach the king and save the entire Jewish nation from annihilation. And finally, Jesus Christ took on human flesh and bore the sins of the world, during a time of great political, economic, social, and religious turmoil.

ယနေ့ အမှောင်ဆုံးအချိန်တွင် ကျွန်ုပ်တို၏အလင်းများလင်းချိန်ဖြစ်သည်။ လူများတိုမျက်စိကန်းလျက် လမ်းပျောက်ချိန်တွင် အလင်း၏သားဖြစ်သော ယုံကြည်သူတို အထက်မှရသောရူပါရုံနှင့်မြင်လျက် ဦးဆောင်လျှောက်လှမ်းရမည့်အချိန်ဖြစ်သည်။ ကျွန်ုပ်တို၏ပါတ်ဝန်းကျင်ရှိလူတိုအဘက်ဘက်မှာ ပျက်စီးနေသောအချိန်တွင် ဆားကဲ့သိုငန်သောကျွန်ုပ်တို၏စာရိတ္တ၊ ဖြောင့်မှန်သော ကျွန်ုပ်တို၏ ခေါက်ရိုးကျိုးနေသော အာရုံများ၊ ရှုခြင်းမြင်ခြင်းများ၊ ခံစားချက်ဝေဒနာများအပေါ် ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်လျက် နှလုံးသားပြောင်းလဲပြေးပြီး အတွေးအခေါ်ပြုပြင်လျှင် ယနေ့အချိန်သည် ယုံကြည်သူများအတွက် မဟာအခွင့်ထူးကာလဖြစ်စေနိုင်သည်။ ဆုတောင်းကြေငြာကြပါစို။
Today, in our darkest hour, it is our time to shine. When people are blind and lost, it is time for believers, as children of the Light, to lead with the vision and insight given from above. As our surroundings crumble, may our character be like salt, preserving what is good; may God’s Spirit touch our broken perceptions, emotions, and hearts, transforming us. If this happens, today could be a great season of opportunity for believers. Let us pray.

ကိုယ်တော်ဘုရား ကောင်းမြတ်ခြင်းအားလုံး၏အဖ ဘုရားသခင်၏ ကျေးဇူးတော်ကို ရှေးဦးစွာ ချီးမွမ်းကြပါ၏။ ဤလောကသည် ဘုရားသားတို့၏ပေါ်ထွန်းခြင်းကို အလိုအပ်ဆုံးအချိန်တွင် ကျွန်ုပ်တို့သည် ယုံကြည်အားနည်းလျက် အနှစ်လေးဆယ်လုံး တော၌ညည်းတွားသော သေကြေသော အစ္စရေးလူများကဲ့သို့မဖြစ်ပါမည့်အကြောင်းလည်း ပြန်လည်ဆင်ခြင်၍ ဆုတောင်းပါ၏။ ယနေ့ အသွေးတော်နှင့်ရွေးနှုတ်ခံသူတို့ ယုံကြည်ခြင်းနှင့်ထကြစေ။ အသက်ကိုရသူတို့ လင်းကြစေ။ လူမျိုးအပေါင်းတို့အပေါ်သို့ ဝိညာဉ်တော်သွန်းလောင်းစေ။ အသက်ကြီးသူတို့ အနာဂါတ်နှင့်ဆိုင်သော အိပ်မက်ကို ယုံကြည်ခြင်းနှင့်ပုံဖော်လျက်မြင်စေ။ အသက်ငယ်သောသူတို့ ဟေရှာယကဲ့သို့နှုတ်သန့်ရှင်းခြင်းရှိ၍ ပရောက်ပြုကြစေ။ ယောင်္ကျားမိန်းမတို့အားလုံး ဝိညာဉ်တော်နှင့်ပြည့်၀ပြီး မှောင်သောကာလတွင် အလင်းလင်းကြစေ။ ယုံကြည်ခြင်းသတင်း လေကထံသယ်ဆောင်စေ။ ဘုရားကိုသိကျွမ်းခြင်းပင်လယ်ရေလှိုင်း မြန်မာတစ်ပြည်လုံးကို လွှမ်းမိုးစေ။ နိုင်ငံတော်တည်ထောင်ပါစေ။ အလိုတော်မြန်မာပြည်ပေါ်မှာ ပြည့်စုံပါစေ။

ယေရှုနာမ၌
အာမင်
Dear Lord,

First, we praise the Father of all goodness, our God, for His grace. As we recognize that this world is in dire need of the manifestation of God’s children, we remember the faithless Israelites who grumbled for forty years in the wilderness. Let us not be like them, but rather, rise in faith today. May those who are alive be illuminated. May the Holy Spirit be poured out upon all nations. May the elderly see visions of the future with faith. May the young, like Isaiah, be purified and serve. May all men and women be filled with the Holy Spirit and shine brightly in this dark time. Let the Good News be carried on the wind. May the knowledge of God cover the entire nation of Myanmar as the waters cover the sea. May a godly nation be established. May Your will be done in Myanmar.

In Jesus’ name,
Amen.

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative