မြန်မာလူမျိုးများ နေရာထိုင်ရာ တိုင်းပြည်များကို ဆုတောင်းကောင်းကြီးပေးခြင်း | 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐛𝐥𝐞𝐬𝐬𝐢𝐧𝐠𝐬 𝐮𝐩𝐨𝐧 𝐭𝐡𝐞 𝐧𝐚𝐭𝐢𝐨𝐧𝐬 𝐰𝐡𝐞𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐩𝐞𝐨𝐩𝐥𝐞 𝐫𝐞𝐬𝐢𝐝𝐞
မြန်မာနိုင်ငံသားများသည် ခေတ်အဆက်ဆက် အုပ်ချုပ်ရေး နှင့် နိုင်ငံရေးစနစ်အားနည်းမှုကြောင့် ဖြစ်ပေါ်လာသော အလုပ်အကိုင်အခွင့်အရေးရှားပါးမှု၊ စီးပွားရေးဆုတ်ယုတ်မှု၊ ပညာရေးစနစ်အားနည်းမှု၊ စားဝတ်နေရေးခက်ခဲမှု နှင့် အကြောင်းအမျိုးမျိုးတို့ကြောင့် နိုင်ငံသူ/သားများ အခြားနိုင်ငံများသို့ ခိုလှုံ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ အထူးသဖြင့် ၂၀၂၁ခုနှစ် စစ်တပ်၏အာဏာသိမ်းခြင်းနောက်ပိုင်းတွင် ထုတ်ပြန်ကြေငြာသော ဥပဒေအမျိုးမျိုးကြောင့် လူငယ်လူရွယ်များအသက်အန္တာရယ်စိုးရိမ်ရသောကြောင့် ဇာတိတိုင်းပြည်ကိုစွန့်ခွာ၍ အနီးဆုံးအိမ်နီးချင်းနိုင်ငံများမှအစ အခြားတိုင်းပြည်များသို့ ရွှေ့ပြောင်းဖို့ ဖြစ်လာခဲ့သည်။
Throughout generations, the citizens of Myanmar have been forced to migrate and seek refuge in other countries due to the lack of opportunities caused by weak governance and political systems, economic decline, inadequate education systems, and the struggle for basic needs. Particularly after the military coup in 2021, the various laws announced, and the associated risks have compelled many youths to leave their homeland and migrate to nearby neighboring countries and beyond.
“……. သင်တို့ရောက်သောမြို့၌ အေးအေးချမ်းချမ်းနေထိုင်လျက် ထိုမြို့အတွက် ထာဝရဘုရားထံ ဆုတောင်းပေး ကြလော့။ အကြောင်းမူကား ထိုမြို့အေးချမ်းလျှင် သင်တို့လည်း အေးအေးချမ်းချမ်းနေရမည်ဟူ၍ မိန့်တော်မူ၏” ဟု ယေရမိအနာဂတ္တိကျမ်း ၂၉:၇(MSBU) တွင် ရေးထားသည့်အတိုင်း ယနေ့မိမိတို့တိုင်းပြည်တွင် လုံခြုံမှုမရှိ၍ အခြားနိုင်ငံများသို့ဝင်ရောက်နေထိုင်ရစဉ် သူစိမ်းဖြစ်သောကျွန်ပ်တို့ကို ဧည့်ဝတ်ပြုလျက် လက်ခံသော တိုင်းနိုင်ငံများ၊ ကျွန်ုတို့ရောက်ရှိနေသောတိုင်းပြည်များ အေးချမ်းတည်ငြိမ်ရေးသည် ကျွန်ုပ်တို့၏ဆုတောင်းချက် ဖြစ်ရမည်။
As it is written in Jeremiah 29:7: “Seek the peace and prosperity of the city to which I have carried you into exile. Pray to the Lord for it, because if it prospers, you too will prosper.” In the same way, while we lack safety in our own country and have moved to foreign lands, it should be our prayer that the nations which have accepted and hosted us as strangers will be peaceful and prosperous.
ကောင်းကင်ဘုံအဖ
ကိုယ်တော်ဘုရားသည် ကျွန်ုပ်တို့အတွက်အကောင်းဆုံးသော နေထိုင်ကျက်စားဖို့နိုင်ငံ၊ ပထဝီမြေနေရာများ ပေးထားသော်လည်း နေထိုင်သောသူများ၊ အုပ်စိုးသောသူများသည် ကောင်းသောဘဏ္ဍာစိုး မပြုနိုင်ခြင်း နှင့် ကျွန်ုပ်တို့အပြစ်၏အကျိုးဆက်ကြောင့် အခြားတိုင်းပြည်အရပ်ရပ်ကို ထွက်သွားခိုလှုံရစဉ် မြန်မာပြည်သူ ပြည်သားများကို လက်ခံသမျှသော တိုင်းပြည်တို့၌ ငြိမ်သက်ခြင်းရှိပါစေသော။ မင်္ဂလာရှိပါစေ။ ကျေးဇူးပြုတော်မူသောဘုရား ထိုတိုင်းနိုင်ငံများကို ကျေးဇူးပြုတော်မူပါ။
Heavenly Father,
Though You have provided the best lands and countries for us to live and dwell in, due to the consequences of our sins and the inability of those who govern us to rule justly, we have fled to other lands. We pray for peace and blessings upon all the nations that have welcomed and accepted the people of Myanmar. O gracious Lord, please bless these nations.
ကျွန်ုပ်တို့မြန်မာနိုင်ငံသား၊ တိုင်းရင်းသားလူမျိုးများသည်လည်း ရောက်ရှိရာတိုင်းပြည်အသီးသီးတွင် ထိုနိုင်ငံများ တည်ငြိမ်အေးချမ်းဖို့ရန် ကိုယ်တော်ခန့်ထားသော အစေခံမည့်အစိုးရများ နှင့် ပြဌာန်းထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာနိုင်ရန်စောင်မပါ။ ကျွန်ုပ်တို့ရှိနေခြင်းအားဖြင့် အခြေချနေထိုင်ရာနိုင်ငံအသီးသီး ငြိမ်ဝပ်ချမ်းသာခြင်းရှိပြီး ကိုယ်တော်၏ကောင်းကြီးသာ၍ ခံစားစေပါ။ ယခုရောက်လေရာနိုင်ငံအသီးသီးတွင် ဧည့်သည်ဖြစ်ရစဉ်တွင် အိမ်ရှင်နိုင်ငံတို့အတွက် ကောင်းကြီးမင်္ဂလာ နှင့် အကျိုးဖြစ်စေသော ဧည့်သည်ကောင်း ဖြစ်စေပါ။ ကိုယ်တော်သည်ကျွန်ုပ်တို့နိုင်ငံကို အကြည့်အရှုကြွလာ၍ ကောင်းကြီးပေးမည့်အချိန်တွင် ကောင်းသောအိမ်ရှင်ဖြစ်ရန်လည်း ယခုဧည့်သည်ဖြစ်ရစဉ်ကာလတွင် ကြိုတင်ပြင်ဆင်ပေးတော်မူပါ။
May we, as citizens of Myanmar, as ethnic minorities, live in obedience to the governments and laws You have established in each nation where we reside. May our presence bring peace and stability to the nations we live in, and may we experience Your blessings. As we remain as guests in foreign lands, may we be a blessing to these host countries, bringing good fortune and blessings. Prepare us to be good hosts when the time comes for You to bless our homeland.
ကျွန်ုပ်တို့ရောက်ရှိနေသောနိုင်ငံများတွင် စာတန်မာရ်နတ်နည်းပရိယာယ်များဖြစ်သော လူတန်းစား ခွဲခြားဆက်ဆံခြင်း၊ အဆင့်အတန်းခွဲခြား၍နှိမ်ခြင်း၊ အသားအရောင်ခွဲခြားခြင်းစသည့် လူမျိုးအချင်းချင်းကြား ပဋိပက္ခဖြစ်စေခြင်းများ၊ လူတန်းစားခွဲခြားမှုများ နှင့် မတရားခေါင်းပုံဖြတ်မှုများကိုလည်း ယေရှုနာမ၌ ဆီးတားပါ၏။ ဒုစရိုက်အမျိုးမျိုး၊ အထိကရုဏ်းများ၊ သဘာ၀တရားဖောက်ပြန်ခြင်းကြောင့် ဖြစ်တတ်သောဘေးများ၊ ကာလနာဘေးအမျိုးမျိုးမဖြစ်ဖို့လည်း ဆုတောင်းပါ၏။
In the nations where we reside, we pray against the schemes of the devil, such as discrimination, social injustice, racial divisions, and any form of oppression or segregation. In Jesus’ name, we rebuke these forces. We also pray for protection against crimes, violence, natural disasters, and calamities caused by rebellion against Your natural order.
ကျွန်ုပ်တို့ရှိရာ တိုင်းပြည်အသီးသီး၏ လူမှုဝန်းကျင်အတွက်အလင်းကဲ့သို့၊ ဆားကဲ့သို့ဖြစ်စေပါ။ အစာငတ်မွတ်ခေါင်းပါးရားကာလ၌ နိုင်ငံခြားသားအမှုထမ်းတစ်ယောက်ဖြစ်သောယောသပ်အားဖြင့် တိုင်းပြည်ပြသနာဖြေရှင်းပြေလည်စေ၍ တစ်နိုင်ငံလုံးအသက်ချမ်းသာရုံမက အခြားသောတိုင်းပြည်များ ကိုချေးငှားနိုင်သောနိုင်ငံဖြစ်စေသကဲ့သို့ ထိုယောသပ်ကောင်းကြီးမြန်မာနိုင်သားများအပေါ်တွင် စီးဆင်းပါစေ။ မြန်မာနိုင်ငံသားများ ယောသပ်ကဲ့သို့သစ္စာရှိပါစေ။
May we, in our respective nations, be like salt and light to our communities. Just as Joseph, a foreigner, was used by You to resolve the crisis of famine, not only saving Egypt but also providing for other nations, may that same blessing fall upon the people of Myanmar. May the citizens of Myanmar be faithful and upright like Joseph.
အထူးသဖြင့် ကျွန်ုပ်တို့နေရာတိုင်းပြည်အသီးသီး နှင့် လူမျိုးများပေါ်တွင် ကိုယ်တော်သာလျှင်ပေးနိုင်သော ထာ၀ရအသက်ဖြစ်သည် ဘုရားကိုသိခြင်းဉာဏ်နှင့် ပြည့်၀၍၊ တိုင်းပြည်အသီးသီးပေါ်တွင် ကယ်တင်ခြင်းမင်္ဂလာသက်ရောက်စေ၍ တိုင်းလုံးပြည်လုံးဝိညာဉ်ရေးရာနှိုးထမှုများ ဖြစ်စေပါမည့်အကြောင်း ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။
Above all, we ask that the knowledge of God, which leads to eternal life, spread among the people and nations where we live. May salvation and spiritual revival come to these lands, so that entire nations may experience spiritual awakening. We ask this in Jesus’ name, Amen.


