မြန်မာနိုင်ငံအတွက် အရေးပေါ်ဆုတောင်းချက် | 𝐔𝐫𝐠𝐞𝐧𝐭 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫
မြန်မာနိုင်ငံနေရာအနှံ့ မြို့ ၁၀ မြို့ထက်မနည်း၊ အထူးသဖြင့် အလယ်ပိုင်းဒေသရှိ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ကရင်ပြည်ရှိတို့တွင် ရေကြီးနေပြီး မြို့ ၁၀ မြို့ထက်မနည်း မိုးကြီး၊ မြေပြိုပြီး အိမ်များ ရေမြှုပ်လျက် လူ ၂ ဒါဇင်နီးပါး အသက်ပျောက်ကာ များစွာအရေးပေါ်ကယ်ဆယ်ရေး လိုအပ်နေပါတယ်။
Heavy rainfall and flooding have affected over 10 cities across Myanmar, especially in the central regions of Mandalay, Bago, Shan State, Mon State, and Karen State. Many houses are submerged, landslides have occurred, and nearly two dozen people have lost their lives, with countless others urgently needing rescue efforts.
လိုအပ်သောအကူအညီ၊အထောက်အပံ့၊ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် လူသုံးကုန်ပစ္စည်းများရရှိရန်၊ ကယ်ဆယ်ရေး လုပ်ငန်း ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေသောအဖွဲ့များအတွက် ဆုတောင်းရင်း မိုးကြီးခြင်းနှင့် ရေလျှံခြင်းများရပ်တန့်ဖို့ ဆုတောင်းကြပါစို့။
Let us pray for the needed aid, support, food supplies, medicines, and essential items to reach those affected, and for rescue operations to be carried out effectively by the organizations involved. Let us also pray for the heavy rains and flooding to cease.
ကောင်းကင်ဘုံအဖ
🛐 ယခုမြန်မာပြည်၌ ဖြစ်ပျက်နေသောအရာများ၊ အထူးသဖြင့် မြစ်ရေကြီးမှုဒဏ်ခံရသောနေရာများ နှင့် ဖန်ဆင်းသောအ ရာများအပေါ်မှာ ကိုယ်တော်သည်အုပ်စိုးလျက်စိုးစံလျက်ရှိကြောင်း ရှေးဦးစွာဝန်ခံပါ၏။
Heavenly Father,
🛐 We acknowledge Your sovereignty over all creation, and we know that You are in control even amidst the disasters happening in Myanmar, particularly the floods affecting across Myanmar.
🛐ယခုအချိန်မှာ ရေဘေးသင့်နေရာ ဒေသများတွင် အသက်၊ အိုးအိမ်နှင့်ပိုင်ဆိုင်မှုပစ္စည်းဆုံးရှုံးပြီး ဒုက္ခရောက်နေသောသူများအတွက် အထူးဆုတောင်းပေးပါ၏။ ကိုယ်တော့်ထံမှ ငြိမ်သက်ခြင်း၊ ခွန်အား၊ အကူအညီ နှင့် လိုအပ်သောအရာမှန်သမျှ ကိုယ်တော် ထောက်ပံ့ပေးပါမည့်အကြောင်းဆုတောင်းပါ၏။
🛐 We pray especially for those who have lost their lives, homes, and possessions due to the floods. Grant them Your peace, strength, assistance, and everything they need from You.
🛐ယခုအချိန်မှာ ဒုက္ခရောက်နေသောသူများအတွက် လူမှုကူညီရေး အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများ နှင့် ဒေသခံအာဏာပိုင်များအပေါ်မှာလည်း လိုအပ်သော ခွန်အား၊ ဉာဏ်ပညာနှင့် စီမံခန့်ခွဲနိင်စွမ်းနှင့် စည်းလုံးခြင်းရှိပြီး ထိရောက်စွာလုပ်ဆောင်နိုင်ရန် ဆုတောင်းပါ၏။
🛐We lift up the social assistance groups, volunteers, rescue workers, and local authorities, asking You to provide them with the strength, wisdom, organizational skills, and unity they need to perform their duties effectively.
🛐ဆက်လက်ပြီး ယခုအရေးပေါ်လိုအပ်လျက် ခြေခံလိုအပ်ချက်များဖြစ်သည့် နေရာထိုင်ခင်း၊ အစားအသောက်၊ သန့်ရှင်းသောရေ နှင့် ဆေးဝါးများ၊ ပြည်တွင်းပြည်ပ အထောက်အပံ့များနှင့် ကျွမ်းကျင် လုပ်သားများ အချိန်မီရရှိပါမည့်အကြောင်းနှင့် ထိုဒေသများအတွင် ဝမ်းပျက်၊ဝမ်းလျှော နှင့်ရောဂါအမျိုးမျိုးနှင့် ကင်းလွတ်ပါမည့် အကြောင်း ဆုတောင်းပါ၏။
🛐We also pray for the urgent needs of those affected, including shelter, food, clean water, and medical supplies. May domestic and international aid and skilled workers arrive timely, and may the affected areas be free from diseases like diarrhea and other illnesses.
🛐အဖဘုရား …သဘာ၀ဘေးဒဏ်ခံစားနေရသော ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ယုံကြည်ခြင်း အရာမှာ စိတ်ပျက် အားလျော့ခြင်းမရှိဘဲ ကိုယ်တော်၏ ကတိတော်၌တည်လျက် ကိုယ်တော်ကို မျက်မှောက်ပြုအားယူကာ ခွန်အား ပြန်ပြည့်ရသောအခွင့်နှင့် သာ၍ ကြီးသော ကောင်းကြီးမင်္ဂလာနှင့် ကျေးဇူးတော်ချီးမွမ်းစရာအဖို့ဖြစ်ပါမည် အကြောင်းဆုတောင်းပါ၏။
ယေရှုနာမ၌
အာမင်
🛐Father, we pray that our brothers and sisters enduring this natural disaster will not lose faith but will find renewed strength in Your promises. May they be encouraged and blessed with greater grace and blessings.
In Jesus’ name, we pray. Amen.


