မီးထဲ၌အတူပါရှိရန် ဆုတောင်းချက် | Prayer for the Presence in the Fire
ကျမ်းစာပါ ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၃ ရှိ လူငယ်လေးသုံးဦး၏ ယုံကြည် ဆက်ကပ်ခြင်းကို ပြန်လည်ဆင်ခြင်ရင်း ဆုတောင်းရန် ပြင်ဆင်ကြပါစို့။
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၃ တွင် ဗာဗုလုန်ရှင်ဘုရင်ကြီး နေဗုခဒ်နေဇာသည် သူတည်သောရွှေရုပ်တုကိုပျက်ဝပ်ကိုးကွယ်ရန် နိုင်ငံတစ်ဝန်းရှိအရာရှိအားလုံးကိုစုဝေး စေသည်။ တူရိယာမျိုးစုံ၏အသံကို ကြားသည်နှင့် တပြိုက်နက် မင်းကြီး တည်သောရုပ်တုကို ပျပ်ဝပ်ကိုးကွယ် ရန် ဖြစ်ပြီး မကိုးကွယ်လျှင်မီးလောင်သော မီးဖိုထဲသို့ ပစ်ချခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန် ခဲ့သည်။သို့သော် ရှာဒရက်၊ မေရှက်၊ အဗေ ဒနေဂေါဟူသော ယုဒလူငယ် သုံးဦးသည် အသက်ရှင်သောဘုရားသခင်ကို ကိုးကွယ်သည့်သူများဖြစ်သည့်အားလျော်စွာ ထိုရုပ်တုရှေ့ဦးမချ၊ ဝတ်မပြုလျှင် မီးထဲသို့ ချခံရမည့်အကျိုးဆက်ကိုသိလျက်နှင့် ပျပ်ဝပ်ကိုးကွယ်ဖို့ရန် ငြင်းဆိုလျက် ယုံကြည်ခြင်း၌ခိုင်မာစွာ ရပ်တည်ခဲ့ကြသည်။
Let us prepare to pray as we reflect on the steadfast faith of the three young men in Daniel Chapter 3.
In Daniel Chapter 3, King Nebuchadnezzar of Babylon gathered all the officials of his kingdom to bow down and worship the golden statue he had set up. At the sound of various instruments, everyone was commanded to fall down and worship the statue, with the threat of being thrown into a blazing furnace if they refused.
However, Shadrach, Meshach, and Abednego, young men of Judah who worshiped the living God, stood firm in their faith. They refused to bow down to the statue, fully aware of the consequence of being thrown into the fire.
“အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်င်္တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ် တော်မူလိမ့်မည်။ ထိုသို့ ကယ်လွှတ်တော်မမူ သော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏
ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။”( ဒံယေလ ၃း၁၇-၁၈)
“Our God whom we serve is able to deliver us from the burning fiery furnace, and He will deliver us out of your hand, O king. But if not, be it known to you, O king, that we will not serve your gods or worship the golden image which you have set up.”
– Daniel 3:17-18
ယနေ့ကျွန်ုပ်တို့ယုံကြည်သူများ၏အသက်တာတွင် မိမိတို့၏နေ့စဉ်လအခြေခံလိုအပ်များ နှင့် ဘ၀အိပ်မက်လိုအင်ဆန္ဒများပြည့်စုံဖို့ရန် ဘုရားသခင်၏ တတ်နိုင်ခြင်းကို ယုံကြည်လျက်ဆုတောင်းကြသည်။ သို့သော် ဤလူငယ်သုံးဦးဆက်ကပ်ဝန်ခံသကဲ့သို့ ဤဒုက္ခမီးထဲသို့ပစ်ချခံရခြင်းမှ ဘုရားသခင် မကယ်တင်ရင်တောင်မှ အသက်ရှင်သော ဘုရားသခင်ကိုသာလျှင် ဝတ်ပြု ကိုးကွယ်မည်ဟု ဝန်ခံသင့်ပေသည်။ ထိုလူငယ်သုံးဦးတို့ တုပ်နှောင်ခံရပြီး မီးထဲသို့ပစ်ချခံရသည်။ သို့သော်လည်း သူထိုတို့လောင်ကျွမ်းမသွားသည့်အပြင် အခြားစတုတ္ထမြောက်ပုဂ္ဂိုလ်တော်မြတ်တစ်ဦး သူတို့နှင့်အတူလျှောက်ကြွသွားလျက် မီးထဲ၌ ငြိမ်သက်ခြင်းပေးသည်ကို မြင်တွေ့ရသည်။ ခေတ္တအချိန်ယူ ဆုတောင်းကြပါစို့။
Today, as believers, we pray with faith, trusting in God’s ability to provide for our daily needs and fulfill the desires of our hearts. Yet, like these three young men, we must also declare that even if God does not deliver us from the fire, we will still worship Him, the living God. The young men were bound and thrown into the fire, but not only did they remain unharmed, they were also seen walking in the fire with a fourth figure, who brought them peace in the midst of the flames. Let us take a moment to pray.
ကောင်းကင်ဘုံအဖ
ကိုယ်တော်သည် အသက်ရှင်သောဘုရားဖြစ်သည့်အတိုင်း ကျွန်ုပ်တို့တောင်းသောဆုများအားလုံးကို ပေးပိုင်သော၊ ပေးနိုင်သောဘုရားဖြစ်ကြောင်း ယုံကြည်လျက်ကိုးကွယ်ပါ၏။ ကျွန်ုပ်တို့လိုချင်၊ဖြစ်ချင်သည့်ဆန္ဒများ ဖြစ်မလာ၍ မီးကဲ့သို့ပူသော ဘ၀၏ဒု က္ခများထဲ၊ သေမင်း၏အရိပ် လွှမ်းမိုးရ ာချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ကျွန်ုပ်တို့နှင့်အတူပါရှိသော မျက်မှောက်တော် အတွက်ကြောင့် သာ၍ဝမ်းမြောက်ပါ၏။ အခြားအရာများအားလုံးထက် ကိုယ်တော်၏ အတူပါရှိခြင်းကိုသာ အသက်တာ၏ အနိမ့်အမြင့်၊ အတက်အကျတိုင်း၌ မြင်တွေ့ချင်လျက် ဆာငတ်တောင့်ပါ၏။ ထိုမျက်မှောက်တော်သည်သာ ကျွန်ုတို့၏ အသက်တာ၌ သက်သေထူလျက် ထင်ရှားခြင်း ရှိပါမည့်အကြောင်း ယေရှုနာမ၌ ယနေ့ ဆုတောင်း ဆက်ကပ်အပ်နှံကြပါ၏။ အာမင်။
Dear Heavenly Father
We worship You, knowing that You are the living God who is able to grant all the requests we bring before You. We believe in Your power and authority. Even if our desires and dreams are not fulfilled, and we walk through the fiery trials of life or the valley of the shadow of death, we are grateful for Your presence with us. More than anything else, we long to see Your presence in every high and low of our lives. May Your presence alone be the testimony that shines through our lives. In the name of Jesus, we pray and commit this to You today. Amen.


