Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

မိသားစုများအတွက် ဆုတောင်းခြင်း | 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐅𝐚𝐦𝐢𝐥𝐢𝐞𝐬

မိသားစုများအတွက် ဆုတောင်းခြင်း | 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐅𝐚𝐦𝐢𝐥𝐢𝐞𝐬

 

🎉 ခရစ်ဝင်ကျမ်းစာများထဲတွင် သခင်ယေရှု၏ပထမဆုံး နိမိတ်လက္ခဏာကို ကာနမြို့မင်္ဂလာဆောင်ပွဲတွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။  ယေရှုသည် ထိုနိမိတ်လက္ခဏာအားဖြင့် မင်္ဂလာဆောင်ပွဲတွင် ဇနီးမောင်နှံသစ် နှင့် မိသားစုများ အရှက်ကွဲအကျိုးနည်းခြင်းမှဖုံးအုပ်ပေးသည့်အပြင် အကောင်းဆုံးသောစပျစ်ရည်နှင့် ပျော်ရွှင်ဖွယ် အကောင်းဆုံးအမှတ်တရဖြင့် အိမ်ထောင်ခရီးသစ်ကို အစပြုစေခဲ့သည်။

 

🎉In the Bible, we see that the first miracle performed by Jesus took place at a wedding in Cana. By turning water into wine, Jesus not only spared the newlywed couple and their families from shame but also began their journey with the best wine and joyous memories.

 

✨ ထို့အတူ ယေရှု၏အသေခံခြင်းအားဖြင့် အဖဘုရားသခင် နှင့် လူသားကြားပြန်လည်သင့်မြတ်စေပြီး လူသားများကိုဖန်ဆင်းခြင်း၏မူလရည်ရွယ်ချက်ဖြစ်သော ထာ၀ရမိသားစုကို ပြန်လည်ရွေးနှုတ်ခဲ့သည်။ ကျွန်ုပ်တို့ကို ဘုရား၏ အမွေခံထိုက်သောသားဖြစ်ရသောအခွင့်ကို အပ်နှင်းခဲ့သည်။ ကျေးဇူးတော်သက်သက်ပင်။  ထို့နောက် ယခုကာလတွင် ခရစ်တော်၏ခန္ဓာတော်တည်းဟူသော အသင်းတော်အားဖြင့် ဘုရားသခင်သည် မိသားစုအသစ်ကိုဖြစ်စေလျက် ကျွန်ုပ်တို့ကို ဝင်စားရမည့် ကောင်းကင်နိုင်ငံတော်သစ်အတွက်  ကြိုတင်ပြင်ဆင်နေခြင်းလည်းဖြစ်ပါသည်။   

 

✨ Through His sacrifice, Jesus restored the relationship between God the Father and humanity, bringing us back to the original purpose of creation—a family destined for eternity. He has granted us the privilege of becoming heirs of God, purely by grace. In this present time, through the Church, the Body of Christ, God continues to build new families, preparing us for the new heavenly kingdom that we are to inherit.

 

⬛ တစ်ဖက်တွင် စာတန်မာရ်နတ်သည် ကမ္ဘာဦးကတည်းမှစ မိသားစုနှင့်စပ်ဆိုင်သောဘုရား၏ အကြံအစည်ကိုဖျက်ဆီးရန် ယခုထိကြိုစားအားထုတ်နေသည်။  ယနေ့ ဘုရားသခင်၏အလိုတော်နှင့်ညီသော ခရစ်ယာန်အိမ်ထောင်ဖြစ်ဖို့၊ အိမ်ထောင်ရေးကြောင့် ငိုကြွေးနေသောသူများအတွက် ဆုတောင်းပေးရန် နှင့် ဘုရားသခင်၏အိမ်တော်၊ အသင်းတော်မိသားစုတိုင်းအတွက် ဘုရားအလိုတော်ပြည့်စုံဖို့ ဆုတောင်းကြပါစို့။

 

⬛ Meanwhile, Satan has been working tirelessly, from the beginning of time, to destroy God’s plan for families. Today, let us pray for Christian households to align with God’s will, for those suffering due to family issues, and for God’s perfect will to be fulfilled in every family within His Church.

 

🙏 ကောင်းကင်ဘုံရှင်အဖ

 

မိသားစုဖြစ်ခြင်းသည်ကိုယ်တော်၏မဟာ အကြံအစည်တော်ဖြစ်သောကြောင့်  ထိုအရာအတွက်ကျေးဇူးတင်ပါ၏။ ယနေ့ မြန်မာနိုင်ငံရှိမိသားစုတိုင်းအပေါ်မှာ ခရစ်တော်၏ငြိမ်သက်ခြင်း နှင့် အုပ်စိုးခြင်းရှိပါစေ။ ခရစ်တော်သည် အသက်ကိုပေးလျက် ကိုယ်တော်၏သတို့သမီးဖြစ်သော အသင်းတော်ကိုချစ်သည်အတိုင်း ခင်ပွန်းသည် မိမိ၏ မယားကို ထိုချစ်ခြင်းမေတ္တာနှင့် ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ဖို့ ဆုတောင်းပါ၏။ ထို့အတူ ဇနီးမယားများသည်လည်း ကိုယ်တော်သည် အိမ်ထောင်၏ဦးခေါင်းဖြစ်တော်မူခြင်းအောက်၌ မိမိ၏အမျိုးသားကို ဆက်ကပ်ဝန်ခံတတ်သောသူဖြစ်ရန် နှင့် သားသမီးများသည် အလိုတော်အတိုင်းမိဘစကားကို နားထောင်တတ်သူများဖြစ်စေပါ။  ကိုယ်တော်၏ အုပ်စိုးခြင်းအောက်၌ အရာရာအားလုံး သူ့နေရာနှင့်သူ အစဉ်အတိုင်း နေရာကျ၍ မေတ္တာနှင့်ပြည့်သော အိမ်ထောင်များဖြစ်စေပါ။ 

 

🙏 Heavenly Father,

 

We thank You for the gift of family, which is part of Your divine plan. We ask for Your peace and reign to dwell upon every family in Myanmar today. Just as Christ loves the Church, His bride, and gave Himself up for her, we pray that husbands will love their wives with that same sacrificial love. We also pray that wives will submit to their husbands as Christ is the head of the Church, and that children will obey their parents according to Your will. May everything within the family function in order, with love and respect, so that each home may be filled with Your peace.

 

⏺ စာတန်မာရ်နတ်၏ အကြံအစည်များအားလုံး  ယေရှုနာမ၌ငြင်းပယ်ပါ၏။ မိသားစုများကို ကယ်တင်တော်မူပါ။ ထာ၀ရအသက်မရသေးသော မိသားစုဝင်များအပေါ် ထာ၀ရအသက် နှင့် စစ်မှန်သော ကိုးကွယ်ခြင်း အိမ်တိုင်း၌ ယခုအစပြုပါစေ။ ခိုကိုးရာမဲ့နေသောမိဘမဲ့များ၊ မုဆိုးမများနှင့် မိမိ၏သားသမီးနှင့် ဝေးကွာ၍သော်လည်းကောင်း၊ အဆက်အသွယ်ပြတ်လျက်ပူပန်သော မိဘများအပေါ်မှာလည်း  မစတော်မူပါ။ ကွယ်ကာပေးပါ။ နာကျင်ခံစားရလျက် ငိုကြွေးနေရသော အိမ်ထောင်များ၊ ပြိုလဲလုသောမိသားစုဆက်ဆံရေးများ၊ ဒဏ်ရာအနာများကိုလည်းကိုယ်တော်ကုသပေးပါ။  

 

မိသားစုတိုင်းတွင် ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်စိုးလျက် ကိုယ်တော်၏ ဘုန်းတော်ကို သယ်ဆောင် ထင်ရှားစေသောမိ သားစုများဖြစ်မည့်အကြောင်း ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

 

⏺ We rebuke every scheme of Satan in Jesus’ name. Protect our families and save those family members who have yet to receive eternal life. Let this be the start of true faith and salvation in every household. Extend Your hand over the orphans, widows, and parents who are estranged or disconnected from their children. Protect them, and may they not be forsaken. Heal the wounds of families torn apart, restore broken relationships, and bring comfort to those who are grieving. 

 

May every family experience the peace of Christ and bring glory to Your name. We pray all of this in Jesus’ name. Amen.

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative