နိုင်ငံတော်တည်ထောင်ပါစေသော | 𝐋𝐞𝐭 𝐘𝐨𝐮𝐫 𝐊𝐢𝐧𝐠𝐝𝐨𝐦 𝐂𝐨𝐦𝐞
ယနေ့တွင် ပဌနာတော်ရှိ ဘုရားနှင့်ဆိုင်သောဆုတောင်းချက် ဒုတိယအချက်ကိုဆင်ခြင်ရင်း မြန်မာနိုင်ငံအတွက် ကျေးဇူးတော်၏ပလ္လင်သို့ တိုးဝင်ကာ ဆာငတ်စွာဖြင့် ဆက်လက်ဆုတောင်းကြပါစို့။
“ နိုင်ငံတော် တည်ထောင်ပါစေသော…” မဿဲ ၆း၁၀
Today, as we reflect on the second petition in the Lord’s Prayer related to God, let us continue to pray fervently for Myanmar, bringing it before the throne of grace.
“Let Your Kingdom come…” (Matthew 6:10)
လူသားတို့သည် ကြီးမားသောတိုင်းနိုင်ငံကြီးများ၊ ဖွံ့ဖြိုးသောလူ့ယဉ်ကျေးမှု နှင့် ခမ်းနားပြီး အင်အားကြီးမားသော အင်ပါယာများကို တည်ဆောက်နိုင်ခဲ့ကြောင်း သမိုင်းမှတ်တမ်း အထောက်အထားများစွာ တွေ့ရသော်လည်း အဆုံးတွင်မူ ပြိုလဲပျောက်ကွယ်သွားခဲ့ရသည်။ မျက်မှောက်ကမ္ဘာ့နိုင်ငံကြီးများကို ကြည့်သည့်အခါ တုန်လှုပ်ခြင်းရှိလျက် ကြီးမားသည့်စိန်ခေါ်မှုများကိုရင်ဆိုင် ကြုံတွေ့နေရသည်။ ကျွန်ုပ်တို့နိုင်ငံအခြေအနေကို လူအနေနှင့်ကြည့်ပြန်လျှင် မသေချာ၊မရေရာမှုများနှင့်ပြည့်၍ အလွန်စိတ်အားလျော့ဖွယ်ရာ ခံစားရသည်။
Although history records that mankind has built great nations, advanced civilizations, and powerful empires, they have all eventually crumbled and disappeared. When we look at the current world powers, there is a sense of trembling as they are confronted with significant challenges. Viewing the state of our own country, from a human perspective, it seems filled with uncertainty and instability, leading us to feel deeply disheartened.
သို့သော်လည်း ဝမ်းမြောက်စရာကောင်းသည်မှာ မြင်ရသောနိုင်ငံကြီး၊ နိုင်ငံငယ်များ ကွယ်ပျောက် ဆုတ်ယုတ်သွားမည် ဖြစ်သော်လည်း မကွယ်မပျောက်သည့်အပြင် ထာ၀ရတည်တံ့နေမည့် မတုန်မလှုပ်နိုင်ငံသော ဘုရားသခင်၏ နိုင်ငံတော်တစ် ခုရှိနေသည်။ ထို့ပြင် ထိုနိုင်ငံတော်သားဖြစ်ရသောအခွင့်ကို လူတိုင်း ကမ်းလှမ်းထားခြင်းခံရသည်။
However, it is comforting to know that, though visible nations, both large and small, may decline and fall, there is one kingdom that will never fade away—a kingdom that is eternal and unshakable: the Kingdom of God. Moreover, every person is offered the opportunity to become a citizen of this kingdom.
ထိုနိုင်ငံတော်ကို ယခု မည်သို့လက်ခံရမည်ဆိုလျှင် ဘုရင်ဖြစ်သောခရစ်တော်ကိုယုံကြည်လက်ခံ၍ အပြစ်များကို နောင်တရလျှင် နိုင်ငံတော်၏အမွေခံ၊ သားဖြစ်ရသောအခွင့်ရမည်ဖြစ်ကြောင်း ကြီးစွာသော သတင်းကောင်း ရှိပါသည်။ ထိုတရားကို အလွန်ဝမ်းမြောက်ဖွယ်ရာ ဧဝံဂေလိတရားဟုခေါ်ပါသည်။
To enter this kingdom now, one must accept Christ as King and repent of their sins, thereby gaining the right to be an heir and child of the Kingdom. This is the great Good News, known as the Gospel.
ထို့ကြောင့် ထိုလာလတံ့သောနိုင်ငံတော်သည် လူသားတိုင်း၏နှလုံးသားထဲတွင် ယခုတည်၍ ခရစ်တော်၏ အုပ်စိုးခြင်းကိုဝန်ခံခြင်းဖြင့် အသက်ရှင်နေထိုင်ခြင်းသည် ဘုရားနိုင်ငံတော်တည်ခြင်းဖြစ်ပါသည်။ ယခု ပုပ်ပျက်တတ်သောဤလောကီအရပ်မှ ထာ၀ရနိုင်ငံသို့ကူးမြောက်ပြီး လူတိုင်းကယ်တင်ခြင်းရဖို့ရာသည် ဘုရားသခင်၏မဟာအလိုတော်ဖြစ်ပါသည်။
Therefore, this coming Kingdom is established in the hearts of all who live acknowledging Christ’s reign. Living under Christ’s rule in this present, perishable world is the very essence of the establishment of God’s Kingdom. It is the will of God that everyone be saved and cross over from this temporary world into His eternal Kingdom.
“နိုင်ငံတော် နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့” ဟု နှုတ်ကပါတ်တော်လာသည့်အတိုင်း ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် မိမိတို့နိုင်ငံ သာ၍ကောင်းသောနိုင်ငံတစ်ခု ဖြစ်လာရန် မိမိတို့ တတ်စွမ်းသမျှအသီးသီးဖြင့် တည်ဆောက်နေရရခြင်း ဖြစ်သည်။ သို့သော် အန္တိမရည်ရွယ်ချက်မှာ ဤလောကီတိုင်းနိုင်ငံသာမဟုတ်ဘဲ ကျွန်ုပ်တို့သည် မြဲသောနိုင်ငံတော်၊ ထာ၀ရ တည်သောနိုင်ငံတော်ကို အမွေခံရရှိပြီးသူများ ဖြစ်သည့်အားလျော်စွာ ထိုနိုင်ငံတော်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအပေါ်တည်ဖို့ရာ ဖြစ်သည်။
As the Scripture instructs us to “seek first His Kingdom and His righteousness,” so we, as citizens of Myanmar, must strive to build our nation as best as we can. The ultimate purpose, however, is not merely for the betterment of this earthly nation, but because we are heirs of an unshakable, eternal Kingdom—a Kingdom that is meant to be established in the hearts of the people of Myanmar.
“မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း၏ နှလုံးသားတိုင်းတွင်ဘုရားသခင်၏နိုင်ငံတော်တည်ပါစေ။ သခင်တကာသခင် ဘုရင်တကာဘုရင်ခရစ်တော်သည် နှလုံးသားတိုင်းကို အုပ်စိုးပါစေ။ ထိုမတုန်မလှုပ်နိုင်သော နိုင်ငံတော်ကို အမွေခံရကြပါစေ။ မြန်မာနိုင်ငံသူနိုင်ငံသားများအထဲတွင် ဘုရားနိုင်ငံတော်တည်ပါစေ။ မြန်မာနိုင်ငံအပေါ်တွင် ဘုရားသခင်၏နိုင်ငံတော် ယခုပင် တည်ပါစေ”။ အာမင်။
“May the Kingdom of God be established in every heart of every citizen of Myanmar. May Christ, the King of kings and Lord of lords, rule over every heart. May they receive the inheritance of this unshakable Kingdom. May God’s Kingdom be established among the people of Myanmar. May God’s Kingdom be established in Myanmar right now.” Amen.


