နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော | 𝐇𝐚𝐥𝐥𝐨𝐰𝐞𝐝 𝐛𝐞 𝐘𝐨𝐮𝐫 𝐍𝐚𝐦𝐞
ပဌနာတော်၏အဖွင့် ဆုတောင်းချက်များမတိုင်ခင် ရှေးဦးစွာ ကျွန်ုပ်တို ဆုတောင်းသောပုဂ္ဂိုလ်တော်မြတ်ကို အကျွမ်းတဝင်ရှိခြင်း နှင့် ထိုဘုရားကို “အဗ္ဗ” ဟု ခေါ်ရသောအခွင့်ကို ယေရှုခရစ်တော်အားဖြင့်ရရှိပြီး စစ်မှန်သောဆုတောင်းခြင်းသည် ထိုရင်းနှီးကျွမ်းဝင်ခြင်း နှင့် တော်စပ်မှုအပေါ်တွင် အခြေခံခြင်းဖြစ်ကြောင်း ပြန်လည်အမှတ်ရစေလိုပါသည်။ ဆက်လက်ပြီးယနေ့ ပဌနာတော်လာ ဘုရားနှင့်ဆိုင်သော ပထမဆုတောင်းချက်ကို ပြန်လည်ဆင်ခြင်၍ ဆုတောင်းကြပါမည်။
“နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော..” မဿဲ ၆:၉
ဘုရားသခင်သည် သူ၏နာမတော်အတိုင်း အမှုပြုသောဘုရားဖြစ်သည်။ သူ၏နာမတော်ကို ကိုယ်စားပြုဖို အစ္စရေးလူမျိုးများကို ရွေးကောက်သူဖြစ်ပြီး ယနေ့တွင် ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တိုကိုကယ်တင်ပြီး ကောင်းကြီးပေးသည့်အရာများသည် ထိုနာမတော်အဘိုအလိုငှာ ဖြစ်ပါသည်။ ထိုနာမတော်ကိုခေါ်လျက် ဆုတောင်းပဌနာပြုသောသူ မည်သူမဆိုကိုလည်း ကယ်တင်သောဘုရားဖြစ်ပါသည်။
ထိုသိုဆိုလျှင် ဘုရားသခင်၏ နာမတော်မူကား အဘယ်မျှလောက်ကြီးမြတ်ပါမည်နည်း။မှန်ပါ၏။ အတုမရှိ၊ အနှိင်းမဲ့သောကြောင့် ရိုသေလေးမြတ်ဖွယ်ရာ “သန့်ရှင်းသော နာမတော်” ဖြစ်ပါသည်။ အလှပဆုံးနာမတော်ဖြစ်ပါသည်။ ထိုနာမတော်ကို ခေါ်၍ပဌနာပြုသောသူများကို ကယ်တင်၍ တာဝန်ယူသောဘုရားဖြစ်ပါသည်။
ထိုကြောင့် ပညတ်တော်ဆယ်ပါးတွင်လည်း “သင်၏ဘုရားသခင် ထာ၀ရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်ဆိုနှင့်” ဟု ဘုရားသခင်ပညတ်ထားသည်။ ယနေ့တွင် “ဘုရား၊ ဘုရား” ဟု အကြောင်းပြု၍ စစ်မှန်သည့် ရိုသေ ခန့်ညားခြင်းမရှိသော ဟောပြောခြင်း၊ ဘုရားစကားဟုဆိုကာ မိမိအလိုအတိုင်း ပြောဆိုဟောပြောမှုများ၊ ယေရှုခရစ်တော်ကိုယုံကြည်သော ခရစ်ယာန်များဟု အမည်ခံသော်လည်း ထိုက်တန်သောအသက်ရှင်နေထိုင်မှုမရှိခြင်းများသည် နာမတော်ရှုတ်ချစရာများစွာရှိပါသည်။
ယနေ့တွင် ထိုသန့်ရှင်းသော နာမတော်ကိုမုသာနှင့်ဆိုင်၍ မြွက်ဆိုသောအရာများအတွက် အပြစ်များကိုနောင်တရပြီး ဘုရားသခင်ထံအပြစ် ဝန်ချတောင်းပန်ကြပါစို။ ထိုပြင် ယနေ့ကျွန်ုပ်တိုအသက်တာ၊ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ လိုအပ်ချက်များအပေါ်တွင် နှုတ်ကပါတ်တော်လာ ဘုရားသခင်၏နာမတော်များကို နှလုံးသွင်းလျက်ယုံကြည်ခြင်းနှင့်ရောနှောပြီး ခေါ်လျက်ဝန်ခံကြေငြာဆုတောင်းကြပါစို။
” ..နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော..”
Before we move into the petitions of the Lord’s Prayer, let us first reflect on the intimacy we have with the One to whom we pray, and the privilege we have through Jesus Christ to call God “Abba.” True prayer is based on this closeness and relationship with Him. Now, let us consider the first petition related to God and pray accordingly.
“Hallowed be Your Name” – Matthew 6:9
God is the One who acts according to His name. He chose the Israelites to bear His name, and today, through Jesus Christ, He saves us, and the blessings we receive are for His name’s sake. He is the God who saves everyone who calls on His name.
How great, then, must the name of God be! Indeed, it is matchless and incomparable. His name is the “Holy Name,” worthy of reverence. It is the most beautiful name, and He is the God who takes responsibility for those who call on His name in prayer.
Therefore, in the Ten Commandments, God also commanded, “You shall not misuse the name of the LORD your God” (Exodus 20:7). Today, many invoke the name of God without true reverence, preaching without genuine respect, or falsely claiming to speak in the name of God for personal gain. Likewise, there are Christians who claim the name of Jesus Christ but do not live lives worthy of it—these are ways His name is dishonored.
Let us repent today for the many ways we have misused His holy name, confess our sins before God, and seek His forgiveness. Furthermore, let us pray that our lives, and the needs of the people of Myanmar, may be aligned with His word, so that we can call on and proclaim the name of God with true faith.
“Hallowed be Your Name…”


