စိတ်ဓါတ်ကျသောသူများအတွက် ဆုတောင်း | 𝗣𝗿𝗮𝘆𝗲𝗿 𝗳𝗼𝗿 𝘁𝗵𝗲 𝗗𝗶𝘀𝗰𝗼𝘂𝗿𝗮𝗴𝗲𝗱
လူသည် ခန္ဓာ၊ စိတ်၊ ဝိညာဉ်နှင့် ဖွဲ့စည်းထားသည့် အားလျော်စွာ ကျွန်ုပ်တို့၏ စိတ်အခြေအနေသည် မိမိဘ၀ အတွက် အထူးအရေးကြီးပေသည်။ သုတ္တံကျမ်း ၂၄:၁၀ (MSB) တွင် ‘‘သင်သည် ဆင်းရဲဒုက္ခရောက်သော ကာလ၌ စိတ်အားလျော့လျှင် သင်၏ခွန်အားသည် နည်းလိမ့်မည်” ဟုဆိုသည့်အတိုင်း ယနေ့ကျွန်ုပ်တို့တွေ့ ကြုံ ရသောအခြေအနေများကြားတွင် မိမိစိတ်အားလျော့မိသောအခါ ကျွန်ုပ်တို့အသက်တာ၏ကဏ္ဍအရပ်ရပ် ခွန်အားနည်းသွားပေမည်။
People are composed of body, mind, and spirit, and our mental state greatly influences our lives. As it is said in Proverbs 24:10 (MSB), “If you falter in a time of trouble, how small is your strength,” when we face situations that cause us to falter, it can weaken our strength in various aspects of our lives.
ယနေ့ ကျွန်ုပ်တို့အသက်တာတွင် မိမိအထဲ၌ဘုရားပေးထားသော အစွမ်းသတ္တိ၊ တိကျသောခေါ်ခြင်း၊ စေ့စော်သော ရူပါရုံများရှိနေစေကာမူ စိတ်အားလျော့၊ စိတ်ဓါတ်ကျသွားသောအခါ မိမိ၏အစွမ်းသတ္တိ၊ ခွန်အားများသော့ခတ် သကဲ့သို့ဖြစ်၍ အသက်တာတွင်အသီးအပွင့်များစွာသီးခြင်းမရှိတော့ပါ။ မည်သို့ပင်ဖြစ်နေစေကာမူ ကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် လဲနေသောသူကို ထူမသောဘုရား၊ အားနည်းသောသူတို့၏ဘုရား၊ခွန်အား ပေးသော ဘုရား၊ အတူပါရှိသောဘုရား၊ အသက်တာ၏ရည်ရွယ်ချက်နှင့် ရူပါရုံအိပ်မက်ကိုပေးလျက် အကြိမ်ကြိမ်ပြန်လည်ခိုင်ခံ့စေသောဘုရားဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ကိုယ်တော့်ထံတိုးဝင်ပြီး ပြန်လည် ခွန်အား ဖြည့်ဖို့ဖြစ်ပါသည်။
Today, despite the gifts, specific callings, and clear visions that God has placed within us, when we become discouraged, our strength and energy seem locked away, and we no longer bear the fruit in our lives. However, the God we worship is the One who lifts up the fallen, the God of the weak, the God who strengthens, the God who is with us, and the God who repeatedly restores our life’s purpose and visions. Therefore, it is time to draw closer to God and be renewed in strength.
ကျမ်းစာထဲရှိသူရဲကောင်းများသည်လည်း ပုထုဇဉ်လူသားဖြစ်သည့်အားလျော်စွာ အမှုအခင်းနှင့်တွေ့သောအခါ အကြိမ်ကြိမ်စိတ်အားငယ်တတ်ကြသည်။ ကတိတော်နယ်မြေကိုသိမ်းပိုက်မည့်ယောရှုအား ဘုရားသခင်က “မကြောက်ရန်၊ စိတ်မပျက်ရန် နှင့် မိမိအတူပါရှိကြောင်း” အကြိမ်ကြိမ် ခွန်အားပေးခဲ့ရသည်။ မိဘုရားကြီး ယေဇဗေလ၏အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ကြောက်၍ပြေးရလျက် ဘုရားသခင်ထံ မိမိအသက်ကိုပင် အပ်နှံသော ပရောဖက်ကြီးဧလိယကို ဘုရားသခင်သည် ဂရုစိုက်လျက် ကိုယ်ခန္ဓာ၏လိုအပ်ချက်ဖြစ်သော အစာအာဟာရ၊ အတူပါရှိခြင်းသက်သေအားဖြင့် စိတ်လုံခြုံမှု၊ ဘုရားနာမအတွက်ရပ်တည်သော မသိဘူးသော အခြားလုပ်ဖော်ဆောင်များ၊ ဘုရား၏စကားပြောခြင်းအသွင်သစ် နှင့် ဘ၀ရည်ရွယ်ချက်များကို ပြန်လည် လန်းဆန်းစေခဲ့သည်။ ထိုနည်းတူ ဒါဝိတ်၊ ယောဘ၊ ပေတရုစသဖြင့် များစွာသောသူတို့အသက်တာထံမှ ကျွန်ုပ်တို့သင်ခန်းစာယူနိုင်ပေသည်။
Even the heroes of the Bible, being human, often became discouraged when faced with challenges. For example, God repeatedly encouraged Joshua, who was about to conquer the Promised Land, telling him not to be afraid, not to be dismayed, and that He would be with him. Similarly, when the great prophet Elijah fled in fear for his life from the threats of Jezebel, even asking God to take his life, God cared for him, providing him with physical sustenance, reassurance through His presence, fellowship with other unknown believers, a new way of hearing God’s voice, and a renewed sense of life’s purpose. Likewise, we can learn lessons from the lives of many others such as David, Job, and Peter.
ဤကျမ်းစာသက်သေများမှ ဆင်ခြင်ခွန်အားယူ၍ မိမိအသက်တာဆက်ကပ်ရင်း စိတ်အားလျော့နေသောသူ၊ စိတ်ပင်ပန်းမှုများအတွက် ဆုတောင်းကြပါစို့။
Taking inspiration from these biblical examples, let us pray for those who are discouraged in their lives.
ကောင်းကင်ဘုံအဖ
‘ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော် မူသောဘုရား” ဖြစ်သည့်အတိုင်း ယနေ့ကျွန်ုပ်တို့အားအနည်းဆုံးအချိန်တွင် ကိုယ်တော်၏ကောင်းမြတ်ခြင်း နှင့် မဟာသစ္စာတော်သာ၍ထင်ရှားသောကြောင့် ကျေးဇူးတော်ချီးမွမ်းကြပါ၏။ ယနေ့ကျွန်ုပ်တို့တိုင်းပြည်တွင်ကြုံတွေ့ရသောအမှုအခင်းများကြောင့် စိတ်အားလျော့လျက် မိမိအသက်တာတွင် ပျောက်ဆုံးသကဲ့သို့ကဲ့သို့ခံစားနေသောသူများစွာရှိပါ၏။ ကိုယ်တော်သည် ကပ်ကမ္ဘာကုန်သည့်တိုင် အစဉ်ပါရှိသောဘုရားဖြစ်၍ ယနေ့လည်းကျွန်ုပ်တို့၏ဆုတောင်းခြင်းကို နားညောင်းမည်ဖြစ်သောကြောင့် ကျေးဇူးတော်ချီးမွမ်းပါ၏။
Dear Heavenly Father,
As it is said, “The Lord is close to the brokenhearted and saves those who are crushed in spirit,” we praise You today for Your goodness and Your great truth that is evident even in our lowest times. Today, many are feeling discouraged and lost in their lives due to the situations they face in our nation. We praise You because You are the God who is always with us, even to the end of the world, and we trust that You will hear our prayers today.


