စစ်သားများ (ကယ်တင်ခြင်း /ကွယ်ကာခြင်း) | Soldiers (salvation/protection)
၁ကော ၁၅:၄၉| 1 Corinthians 15:49
နှစ်ဘက်လုံးရှိ လူငယ်များသည် ခရစ်တော်ပေးသည့်မျှော်လင့်ချက်မရရှိဘဲ တိုက်ခိုက်ဆုံးပါးနေကြရသည်။ စစ်အစိုးရက အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများ အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းစေသည့် စစ်မှုထမ်းဥပဒေတစ်ရပ်ကို ထုတ်ပြန်ထားသည်။ ယင်းက လူငယ်အများအပြားအား စစ်မှုထမ်းရန်၊ တချို့အား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းရန်၊ တစ်စုအား နိုင်ငံမှထွက်ပြေးရန် တွန်းအားပေးခဲ့သည်။ ဤလူငယ်များသည် အကြမ်းဖက်မှုနှင့် စည်းလုံးမှုပျက်ပြားဖို့အတွက်အုတ်မြစ်များမဟုတ်ဘဲ ခိုင်မာသောအုတ်မြစ်တစ်ခုပေါ်တွင် တည်ဆောက်မည့် မြန်မာနိုင်ငံတော်သစ်အတွက် အခြေခံအုတ်မြစ်များ ဖြစ်လာဖို့ရန်ဖြစ်သည်။
Young people on both sides are fighting and dying without the hope of Christ. The military junta has created a conscription law that makes men ages 18 to 35 and women ages 18 to 27 serve a two year minimum in the military. This has forced many into military service, others to join the different Ethnic Armed Organizations, and others to flee the country. These young people will be the foundation for a new Myanmar built on a firm foundation, not one of violence and disunity.
ဆုတောင်းချက်
၁။ မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးမှုအားလုံး ရပ်တန့်ရန် ဆုတောင်းပါ။။ ဤလူငယ်များ လက်နက်ချပြီး တိုင်းပြည်ရှိ လူမျိုးအားလုံးနှင့် ငြိမ်းချမ်းဖို့ဆန္ဒရှိလာရန်ဆုတောင်းပါ။
၂။ အရပ်ရပ်ရှိ စစ်သားများနှင့် စစ်ခေါင်းဆောင်တိုင်းသည် ယေရှုကိုကိုယ်တိုင်တွေ့ကြုံရပြီး ထာဝရအသက်တိုင် အသက်တာပြောင်းလဲခြင်းရရှိရန် ဆုတောင်းပါ။
၃။ လူငယ်များ မိမိတို့စိတ်နှလုံးအတွင်း အသစ်ပြင်ဆင်ခြင်းခံရလျက် အနာဂတ်တွင် ယေရှု၏နာမတော်မြတ်အားဖြင့် မိမိတို့တိုင်းနိုင်ငံ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်လာကြရန် ဆုတောင်းပါ။
PRAY THAT:
(i) All loss of life in Myanmar would stop. That these young people would lay down arms and instead desire for peace with all people in the nation.
(ii) Every soldier and military leader on all sides would encounter Jesus and be transformed forever.
(iii) Young people would be renewed in their minds and seek to unify their nation in the name of Jesus for the future to come.


