Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

စစ်မှန်သောနောင်တရရန်ဆုတောင်းချက် | 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐓𝐫𝐮𝐞 𝐑𝐞𝐩𝐞𝐧𝐭𝐚𝐧𝐜𝐞

စစ်မှန်သောနောင်တရရန်ဆုတောင်းချက် | 𝐏𝐫𝐚𝐲𝐞𝐫 𝐟𝐨𝐫 𝐓𝐫𝐮𝐞 𝐑𝐞𝐩𝐞𝐧𝐭𝐚𝐧𝐜𝐞

 

ကျွန်ုပ်တို့ယုံကြည်သူများသည် ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းသောလူမျိုး၊ ယဇ်ပရောဟိတ်အမျိုးဟု သမုတ်ခံရသည်အတိုင်း မိမိတို့တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းများအမှုအခင်းကြုံလာသည့်အခါ အဦးဆုံး ဘုရားသခင်စောင့်ကြည့်သောအရာမှာ သူ့သားသမီးများ၏ တုံ့ပြန်ခြင်းဖြစ်သည်။

 

We, believers, have been called a holy nation and a royal priesthood through Jesus Christ. When our country and society face difficulties, the first thing God watches for is the response of His children.

 

ကျွန်ုပ်တို့တိုင်းပြည်ငြိမ်ချမ်းသာခြင်းရရန် ယုံကြည်သူများသည် အပြည့်အ၀တာဝန်ရှိသည်။ ကျွန်ုပ်တို့၏နှလုံးသား၊ နှုတ်၏ပြောဆိုခြင်း နှင့် အကျင့်အကြံများသည်ကိုယ်တော်၏အလိုအတိုင်းဖြစ်လျှင် ကျွန်ုပ်တို့တိုင်းပြည်ကို ဘုရားသခင်ချမ်းသာပေးတောမူမည်ဖြစ်သည်။

 

Believers bear the full responsibility for the peace and prosperity of their country. If our hearts, words, and deeds align with God’s will, He will bless our nation.

 

‘ငါ့​နာ​မ​ဖြင့်​သ​မုတ်​သော ငါ့​လူ​တို့​သည် ကိုယ်​ကို​နှိမ့်​ချ​သ​ဖြင့်၊ ငါ့​မျက်​နှာ​ကို​ရှာ​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍ အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်​လျှင် ငါ​သည် ကောင်း​ကင်​ဘုံ၌ နား​ထောင်​မည်။ သူ​တို့​အ​ပြစ်​ကို​ဖြေ၍ သူ​တို့​ပြည်​ကို ချမ်း​သာ​ပေး​မည်။ ‘ (၂ ရာဇဝင်ချုပ် 7:14)

“If my people, who are called by my name, will humble themselves and pray and seek my face and turn from their wicked ways, then I will hear from heaven, and I will forgive their sin and will heal their land.” (2 Chronicles 7:14)

 

ယနေ့ နိုင်ငံတစ်ဝန်းကြုံနေရသောအမှုအခင်းများတွင် ယုံကြည်သူများစစ်မှန်သောနောင်တဖြင့် ဘုရားထံပြန်လာပြီး ဒုစရိုက်လမ်းများကို လွှဲရှောင်ပါက မိမိတို့နေရာတိုင်းပြည်ကို ဘုရားသခင်အကြည့်အရှုကြွလာပြီး ချမ်းသာပေးမည်ဟု ကတိပြုထားပါသည်။ ထို့ကြောင့် ယုံကြည်သူများစစ်မှန်သောနောင်တဖြင့်ပြန်လာရန် အသက်တာပြင်ဆင် ဆုတောင်းကြပါစို့။

 

In the midst of the challenges our country is facing today, if believers turn back to God with genuine repentance and forsake their evil ways, God promises to look upon our land with favor and bring healing. Therefore, let us pray earnestly for true repentance among all believers.

 

ကောင်းကင်ဘုံအဖ

ယနေ့ ကျွန်ုပ်တို့နိုင်ငံတွင်ဖြစ်သောအရေးအရာများကို ယုံကြည်သူများအနေဖြင့်လျစ်လျူရှုပြီး အသက်တာနောင်တရဖို့ ၊ကိုယ်တော်ဘုရားထံသို့ပြန်လှည့်မေ့လျော့သည့်အရာများအတွက် ဝန်ချတောင်းပန်ပါ၏။ ယနေ့ “ယုံကြည်သူ” “ခရစ်ယာန်” ဟုအခေါ်ခံရပြီး “ကိုယ်တော်၏လူ” ဟု သမုတ်ခံရသောသူတို့ စစ်မှန်သောနောင်တဖြင့် ကိုယ်တော်၏မျက်မှောက်တော်သို့ တဖန်ပြန်လာရန်ဝိညာဉ်တော်ဘုရား အနိုင့်အထက်သွေးဆောင်တော်မူပါ။

 

Heavenly Father,

We humbly acknowledge that, as believers, we have often overlooked the pressing issues our country is facing today. We confess and repent of the areas where we have turned away from You. We ask for Your forgiveness, for failing to live lives of true repentance and for neglecting to return to You wholeheartedly. May Your Holy Spirit draw believers back to Your presence with sincere hearts.

 

ယုံကြည်သူတို့ မိမိ၏ဖြစ်တည်ခြင်းကိုတန်ဖိုးမထားဘဲ လောကလူသားများကဲ့သို့ နေထိုင်စားသောက်၊ စီးပွားရှာလျက် လောကီပုံသဏ္ဍာန်ဆောင်မိသောအရာများအတွက် ဝန်ချတောင်းပန်ပါ၏။ ကိုယ်တော်ကိုဦးထိပ်ထားခြင်းမရှိဘဲ မိမိ၏အလိုဆန္ဒနောက်ကိုသာလိုက်၍ ထိုက်တန်သောအကျင့်မကျင့်ခြင်း၊ ကိုယ်တော်ဘုရားရှေ့နှစ်သက်ဖွယ်သောသဏ္ဍာန်မဆောင်သည့်အရာများအတွက် ဝန်ချတောင်းပန်ပါ၏။

 

We repent for living like the world, indulging in worldly desires and pursuits, forgetting the value of our calling as Christians. We confess that we have failed to place You at the forefront of our lives, choosing instead to follow our own desires, neglecting to live in a way that pleases You.

 

ကိုယ်တော်၏လူများသည် ကိုယ်တော်အထဲ၌ရှိသောမိမိ၏အရိုက်အရာ၊ ခန့်ထားသည်အတိုင်းရပ်တည်လျက် နှိမ့်ချခြင်းတန်ဆာဆင်ကာ ခေါ်ခြင်းရှိသည်အတိုင်းအသက်ရှင်သောသူများဖြစ်စေပါ။ ယနေ့ ကိုယ်တော်ရွံရှာမုန်းတီးသောဦးစားပေးမှားယွင်းခြင်း၊ ဒုစရိုက်အမှုရှိသမျှကိုစွန့်ပစ်လျက် သန့်ရှင်းသောလက်ကိုချီပြီး တဖန်မျက်မှောက်တော်သို့တိုးဝင်သောသူများဖြစ်စေပါ။ ကျွန်ုပ်တို့၏ နောင်တရလျက်ဆုတောင်းခြင်းအားဖြင့် ပြည်တော်ကိုချမ်းသာစေပါ။ 

 

May Your people stand firm in their calling, humble themselves, and live as those You have set apart. Lead us to forsake the misplaced priorities, sinful behaviors, and all the ways that grieve You. Let us lift up holy hands and once again draw near to Your presence. May our repentance and prayers bring healing and peace to our land.

 

ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်

In Jesus’ name, we pray. Amen.

 

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative