Subscribe to get updates

ABOUT US

VISION

Every person in Myanmar will have the opportunity to be reached and restored by the love of Jesus.

MISSION

In the next five years, a number of organizations are committed to partnering together in an effort to impact the nation of Myanmar through strengthening the local church, planting reproducing churches, and making disciples among all people groups and in every sphere and strata of society.

LEARN MORE >>

ကောင်းကင်ဘုံအဖရှိတော်မူသော ကျွန်ုပ်တို့အဖ ၊ 𝐎𝐮𝐫 𝐅𝐚𝐭𝐡𝐞𝐫 𝐢𝐧 𝐇𝐞𝐚𝐯𝐞𝐧

ကောင်းကင်ဘုံအဖရှိတော်မူသော ကျွန်ုပ်တို့အဖ ၊ 𝐎𝐮𝐫 𝐅𝐚𝐭𝐡𝐞𝐫 𝐢𝐧 𝐇𝐞𝐚𝐯𝐞𝐧

 

“ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့အဖ..” (မဿဲ ၆း၉)

 

ယေရှုသည် သူ့နောက်လိုက်များကို တရားဟောတတ်ဖို့ထက် ဆုတောင်းတတ်ဖို့သင်ပေးသည်။ ဘုရားသခင်၏ထာ၀ရနိုင်ငံတော်အကြောင်း ယေရှုခရစ်တော်ကြေငြာသော တောင်ပေါ်ဒေသနာတော်၏ ဗဟိုတွင် ပဌနာတော်အကြောင်း ထည့်သွင်းသွန်သင်ထားခြင်းအားဖြင့် ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အသက်တာ၏ အရေးကြီးဆုံးအရာဖြစ်ကြောင်း ဖော်ပြနေပေသည်။ 

 

“Our Father in heaven, hallowed be your name” (Matthew 6:9).

 

Jesus taught His followers not only to preach but also to pray. Through the inclusion of the Lord’s Prayer at the heart of His Sermon on the Mount, where He proclaimed the eternal kingdom of God, He emphasized that prayer is a vital part of our lives.

 

ယေရှုခရစ်တော်သွန်သင်ပေးသော ပဌနာ​တော်သည်တွင်ဆုတောင်းချက် (၇) ချက်ပါဝင်ပြီး ပထမသုံးပိုင်းသည် ဘုရားနှင့်ဆိုင်သောအရာဖြစ်၍ ကျန်သည့်အရာများသည် ကျွန်ုပ်တို့လောကအသက်ရှင်စဉ် နေ့စဉ်အသက်တာအတွက် ဆုတောင်းချက်ဖြစ်သည်။ ထိုဆုတောင်းချက်များအားလုံးမစတင်မီ ကျွန်ုပ်တို့ ဆုတောင်းသောဘုရားသည် မည်ကဲ့သို့သောဘုရားဖြစ်ကြောင်း (ဂုဏ်တော်) နှင့် ကျွန်တော်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြောင်း ခရစ်တော်သွန်သင်ထားသည်။ သတင်းကောင်းမှာ ကျွန်ုပ်တို့ဆုတောင်းသော ဘုရားသည် ကောင်းကင်ဘုံ၌ အရာအားလုံးအထက် အမြင့်ဆုံး၌ စံပါယ်တော်မူသော  ဘုရားဖြစ်သော်လည်း ကျွန်ုပ်တို့အတွက်မူ ကောင်းမြတ်ပြီးအရင်းနှီးဆုံးဖခင်တစ်ဦးအဖြစ် ခရစ်တော်ကသွန်သင်ထားသည်။

 

The Lord’s Prayer that Jesus taught consists of seven requests. The first three parts are focused on God, and the remaining requests are for our daily lives in this world. Before we start making our requests, Jesus taught us about the nature of the God to whom we are praying—His majesty and His relationship with us. The good news is that, although God is the Most High, reigning supreme above all in heaven, Christ taught us that He is also our most loving and intimate Father.

 

ကျွန်ုပ်တို့ဆုတောင်းသည့်အရာ၊ အခြေအနေအနေ မည်မျှပင် ကြီးမားနေပါစေ ထိုအရာထက် ကျွန်ုပ်တို့ဆုတောင်းသောပုဂ္ဂိုလ်ကိုသိရှိအကျွမ်းဝင်ခြင်းသည် စစ်မှန်သောဆုတောင်းခြင်း၏အသက်ဖြစ်ပါသည်။ ကျွန်ုပ်တို့မှာ နိုင်ငံအတွက်၊ လူမျိုးများ၊ မိသားစုနှင့် ကမ္ဘာကြီးအတွက် ဆုတောင်းစရာ လိုအပ်ချက်များစွာ ရှိပါသည်။ သို့သော် ထိုအရာများကိုပေးနိုင်သောဘုရားသည် ကျွန်ုပ်တို့၏အဖဟုခေါ်ရန်သိရှိခြင်းသည် မှန်သောဆုတောင်းခြင်း၏ အစဖြစ်သည်။

 

Regardless of the size or gravity of our petitions, knowing intimately the One to whom we pray is the essence of true prayer. We have many needs to pray for—our nation, our people, our families, and the world. However, the foundation of effective prayer begins with knowing that the God who can provide for these needs is our Father.

 

တောင်းသည့်ဆုတောင်းခြင်းများအနက် ထိုကောင်းကင်ဘုံအဖနှင့် ချိတ်ဆက်ပြီးရင်းနှီးကျွမ်းဝင်မှုရှိခြင်းသည် ဘုရားသခင်အလိုရှိဆုံး ဆုတောင်းခြင်းဖြစ်ပါသည်။  ယနေ့တွင် လိုချင်သည့်တောင်းဆု၊ ဆန္ဒများစွာ နှင့် လိုအပ်သောအရာမျာစွာထက် ထိုဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်ခြင်း၊ မှန်သောသိခြင်း၌ မွေ့လျော်သောသူများဖြစ်ဖို့ နှင့် မြန်မာပြည်သူ၊ ပြည်သားများသည် ထိုကောင်းသောအဖသိဖို့ရန် ကျွန်ုပ်တို့ဆုတောင်းရန်စာရင်းရှည်၏ထိပ်၌ ဦးစားပေး ဆုတောင်းကြပါစို့။ 

 

Among all the requests in prayer, having a deep and intimate relationship with the Heavenly Father is the kind of prayer God most desires. In today’s world, we may have many desires, needs, and petitions, but let us prioritize knowing and building a relationship with God over everything else. Let us pray that the people of Myanmar come to know this good and perfect Father.

 

‘အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်’ (ဟဗက္ကုတ် ၂:၁၄) နှုတ်ကပါတ်တော်လာသကဲ့သို့ ” ​မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည်လည်း ဘုရားကိုသိကျွမ်းပညာနှင့်ပြည့်စုံပြီး ထိုကောင်းမြတ်စုံလင်သော ကောင်းကင်ဘုံအဖနှင့် ရင်းနှီးကျွမ်းဝင်ခြင်းရှိပါစေ” ယေရှုနာမ၌။ အာမင်။

 

As the Word of God declares, “For the earth will be filled with the knowledge of the glory of the Lord as the waters cover the sea” (Habakkuk 2:14), may the people of Myanmar also be filled with the knowledge of God and grow in intimacy with our perfect Heavenly Father. In Jesus’ name, Amen.

 

Recent posts

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ

Joy to the World | လောကအတွက် ဝမ်းမြောက်ဖွယ်ရာ ‘……. ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို​ကို ချစ်​တော်​မူ၏။’- ရှင်ယောဟန် ၃:၁၆ “For God so loved the world that He

Read More »

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62

ဟေရှာယ ၆၁ / ၆၂ | Isaiah 61/62 ဤအခန်းကြီးများသည် ယနေ့ကာလမြန်မာနိုင်ငံအတွက် ဘုရားသခင်၏ အလိုတော်ကို ဖော်ပြသည်ဟု အမှန်ယုံကြည်ပါသည်။ ဘုရားသခင်သည် မြန်မာနိုင်ငံအား ဟေရှာယ ၆၁ အတိုင်း ထောင့်ချုပ်ကျောက်ဖြစ်သော ခရစ်တော်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းအားဖြင့် လွတ်လပ်ပြီး ဘုရားမျက်နှာသာရရှိသောနေရာအဖြစ် ပြောင်းလဲပေးလိုသည်။ မြန်မာနိုင်ငံတွင်

Read More »

စည်းလုံးမှု | Unity

စည်းလုံးမှု | Unity ကောလောသဲ ၃:၁၄ | Colossians 3:14 NUG သည် တိုင်းရင်းသားလူမျိုးစုများစည်းလုံးညီညွတ်ရေးကို လမ်းစဉ်သစ်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အမျှ မြန်မာ့အနာဂတ်အတွက် အဓိကမေးခွန်းတစ်ရပ် ပေါ်ပေါက်လာပါသည်။ ဤစည်းလုံးမှုအသစ်ကို နှစ်ဦးနှစ်ဖက်ကိုယ်ကျိုးချမ်းသာအတွက် အပြန်အလှန်ကတိကဝတ်ပြုခြင်းအားဖြင့် ခိုင်မာစေကြသည်လား (သို့မဟုတ်) တပ်မတော်အပေါ်ထားသည့် အမုန်းတရားကြောင့် သွေးစည်းခြင်းလားဆိုသည့် မေးခွန်းဖြစ်သည်။

Read More »

ရန်သူကိုချစ်ခြင်း | Love for Enemies

ရန်သူကိုချစ်ခြင်း | Love for Enemies လုကာ ၆:၂၇-၂၈ | Luke 6:27-28 ဆယ်စုနှစ်များစွာ အလွဲသုံးစားမှုနှင့် မတရားမှုများ ခံရပြီးနောက်ပိုင်း ခရစ်ယာန်များအပါအဝင် မြန်မာနိုင်ငံသားများသည် တပ်မတော်အပေါ် အမုန်းပွားလျက် နှလုံးသားများ ခိုင်မာလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤအာဏာသိမ်းမှုတွင်ပင်၊ ယေရှု၏အခြေခံသွန်သင်ချက်အတိုင်း အသက်ရှင်ရန် စိတ်ပိုင်းဖြတ်ထားသည့်

Read More »
Pray for Myanmar

Join our Pray for Myanmar Mailing List

Sign up now to receive weekly news and prayer updates.

A Golden Shores Initiative